လက်စတာဂိုးသမား ရှမိုက်ကယ်ကို ခေါ်ယူဖို့ ယူနိုက်တက် စီစဉ်နေဟုဆို

0
3018

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း လက်စတာအသင်းဂိုးသမား ကက်စပါရှမိုက်ကယ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဂိုးသမားပိုင်းနဲ့ပတ်သက်လို့ စိုးရိမ်နေပြီး အသက် ၃၃နှစ်အရွယ်ရှိ ရှမိုက်ကယ်က အကောင်းဆုံးခေါ်ယူအားဖြည့်မှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြောင်း ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။

Photo Credit

ယူနိုက်တက်ဦးစားပေးဂိုးသမား ဒီဂီယာဟာ ယခုရာသီမှာ အမှားတွေမကြာခဏကျူးလွန်မိပြီး သူ့ရဲ့အနာဂတ်က မသေမချောဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ ရှက်ဖီးယူနိုက်တက်နဲ့အတူ အထူးလက်စွမ်းပြနိုင်ခဲ့တဲ့ လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန်က အငှားသက်တမ်းကုန်ဆုံးသွားပြီးနောက် မိခင်ကလပ် ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်ကာ နည်းပြဆိုးလ်ရှားကတော့ ဒီဂီယာကို အသင်းရဲ့နံပါတ် ၁ ဂိုးသမားအဖြစ် ရည်ရွယ်ထားဆဲလို့ ပြောပါတယ်။

Photo Credit

ဟန်ဒါဆန်ကလည်း လာမယ့်ရာသီမှာ ပွဲကစားခွင့်အများအပြားရလိုနေပြီး အထူးသဖြင့် ၂၀၂၁ နွေရာသီအတွင်း ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ဦးစားပေးဂိုးသမားအဖြစ် ပါဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေပါတယ်။

Photo Credit

ဒီအတွက်ကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ ဟန်ဒါဆန်ကို အငှားထပ်ချကာ ပွဲကစားခွင့်ပိုမိုရရှိစေသလိုပရီးမီးယားလိဂ်အတွေ့အကြုံရင့်တဲ့ ရှမိုက်ကယ်က အကောင်းဆုံးခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

Photo Credit

ရှမိုက်ကယ်ရဲ့ဖခင်ဖြစ်သူ ပီတာရှမိုက်ကယ်က ယူနိုက်တက်ရဲ့ဂန္ထဝင်ဂိုးသမားကြီးဖြစ်ပြီး ကက်စပါကတော့ ယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက် စီးတီးအကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ကာ အဲဒီကနေ နော့စ်ကောင်တီ၊ လိဒ်ယူနိုက်တက်တို့မှာ ကစားခဲ့ပြီးနောက် လက်စတာကို ရောက်လာသူပါ။

Photo Credit

ရှမိုက်ကယ်ဟာ ၂၀၁၅-၁၆ ရာသီက လက်စတာနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်က အသင်းနဲ့ ၅နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့လို့ စာချုပ်သက်တမ်းက ၂၀၂၃ နွေရာသီမှ ကုန်ဆုံးမှာဖြစ်တာကြောင့် လက်စတာအသင်းအနေနဲ့ မဖြစ်မနေထုတ်ရောင်းရမယ့်ဖိအားမရှိဘူးလို့ သိရပါတယ်။

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ရှမိုက်ကယ်ဟာ တိုက်စစ်မှူး ဗာဒီနဲ့အတူ အသင်းရဲ့လုပ်ခလစာအများဆုံးရသူအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ ရရှိနေတယ်လို့ သိရပြီး ယူနိုက်တက်ကလည်း ရှမိုက်ကယ်ကို ဒီထက်ပိုမက်မောစရာကောင်းတဲ့စာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

လက္စတာဂိုးသမား ရွမိုက္ကယ္ကို ေခၚယူဖို႔ ယူႏိုက္တက္ စီစဥ္ေနဟုဆို

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း လက္စတာအသင္းဂိုးသမား ကက္စပါရွမိုက္ကယ္ကို ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ယူႏုိက္တက္ဟာ ဂိုးသမားပိုင္းနဲ႔ပတ္သက္လုိ႔ စုိးရိမ္ေနၿပီး အသက္ ၃၃ႏွစ္အရြယ္ရွိ ရွမိုက္ကယ္က အေကာင္းဆုံးေခၚယူအားျဖည့္မႈျဖစ္လာလိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း ၿဗိတိန္မီဒီယာေတြက ေရးသားေဖာ္ျပေနပါတယ္။

ယူႏုိက္တက္ဦးစားေပးဂိုးသမား ဒီဂီယာဟာ ယခုရာသီမွာ အမွားေတြမၾကာခဏက်ဴးလြန္မိၿပီး သူ႕ရဲ႕အနာဂတ္က မေသမေခ်ာျဖစ္ေနပါတယ္။ ပရီးမီးယားလိဂ္မွာ ရွက္ဖီးယူႏုိက္တက္နဲ႔အတူ အထူးလက္စြမ္းျပႏိုင္ခဲ့တဲ့ လူငယ္ဂိုးသမား ဒင္းဟန္ဒါဆန္က အငွားသက္တမ္းကုန္ဆုံးသြားၿပီးေနာက္ မိခင္ကလပ္ ယူႏုိက္တက္နဲ႔ ျပန္လည္ပူးေပါင္းေတာ့မွာျဖစ္ကာ နည္းျပဆုိးလ္ရွားကေတာ့ ဒီဂီယာကို အသင္းရဲ႕နံပါတ္ ၁ ဂုိးသမားအျဖစ္ ရည္ရြယ္ထားဆဲလုိ႔ ေျပာပါတယ္။

ဟန္ဒါဆန္ကလည္း လာမယ့္ရာသီမွာ ပြဲကစားခြင့္အမ်ားအျပားရလုိေနၿပီး အထူးသျဖင့္ ၂၀၂၁ ေႏြရာသီအတြင္း က်င္းပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပဲြ၀င္ အဂၤလန္အသင္းမွာ ဦးစားေပးဂုိးသမားအျဖစ္ ပါ၀င္ခြင့္ရဖို႔ ပစ္မွတ္ထားေနပါတယ္။
ဒီအတြက္ေၾကာင့္ အသက္ ၂၃ ႏွစ္အရြယ္ရွိ ဟန္ဒါဆန္ကို အငွားထပ္ခ်ကာ ပြဲကစားခြင့္ပိုမုိရရွိေစသလုိပရီးမီးယားလိဂ္အေတြ႕အႀကံဳရင့္တဲ့ ရွမိုက္ကယ္က အေကာင္းဆုံးေခၚယူမႈျဖစ္လာလိမ့္မယ္လုိ႔ ယူႏိုက္တက္အသင္းတာ၀န္ရွိသူေတြက ယုံၾကည္ေနပါတယ္။

ရွမုိက္ကယ္ရဲ႕ဖခင္ျဖစ္သူ ပီတာရွမိုက္ကယ္က ယူႏုိက္တက္ရဲ႕ဂႏၳ၀င္ဂိုးသမားႀကီးျဖစ္ၿပီး ကက္စပါကေတာ့ ယူႏုိက္တက္ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးအကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္ကာ အဲဒီကေန ေနာ့စ္ေကာင္တီ၊ လိဒ္ယူႏုိက္တက္တုိ႔မွာ ကစားခဲ့ၿပီးေနာက္ လက္စတာကို ေရာက္လာသူပါ။

ရွမုိက္ကယ္ဟာ ၂၀၁၅-၁၆ ရာသီက လက္စတာနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူႏိုင္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္က အသင္းနဲ႔ ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့လုိ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ေႏြရာသီမွ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ လက္စတာအသင္းအေနနဲ႔ မျဖစ္မေနထုတ္ေရာင္းရမယ့္ဖိအားမရွိဘူးလုိ႔ သိရပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ရွမိုက္ကယ္ဟာ တုိက္စစ္မွဴး ဗာဒီနဲ႔အတူ အသင္းရဲ႕လုပ္ခလစာအမ်ားဆုံးရသူအျဖစ္ တစ္ပတ္လုပ္ခ ေပါင္ ၁၃၀၀၀၀ ရရွိေနတယ္လုိ႔ သိရၿပီး ယူႏုိက္တက္ကလည္း ရွမိုက္ကယ္ကို ဒီထက္ပိုမက္ေမာစရာေကာင္းတဲ့စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။