ပေါင် ၂၃၅ သန်းတန် ပက်ကေ့ချ်နဲ့ မက်ဆီကို အရခေါ်ဖို့ ပြင်ဆင်လာတဲ့ အင်တာမီလန်

0
345

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ဘောလုံးသမိုင်းတစ်လျှောက် အံ့အားသင့်စရာအကောင်းဆုံးစာချုပ်နဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit

အင်တာမီလန်ဟာ ဘာစီလိုနာမှာ အဆင်မပြေမှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့အနေအထားကို စောင့်ကြည့်နေပါတယ်။ အသက် ၃၃နှစ်အရွယ်ရှိ မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်မချုပ်ဆိုရသေးဘဲ ဒီပုံစံအတိုင်းဆိုရင် ၂၀၂၁ နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာဖြစ်လို့ La Gazetta Dello Sport သတင်းဌာနရဲ့ဖော်ပြချက်အရ အင်တာမီလန်က မက်မောစရာကောင်းတဲ့စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

Photo Credit

အဲဒီသတင်းဌာနရဲ့ဖော်ပြချက်အရ အင်တာမီလန်ဟာ မက်ဆီကို ၄နှစ်စာချုပ်အတွက် ပေါင် ၂၃၅ သန်းနဲ့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။ ဒီပုံစံအတိုင်းဆိုရင် မက်ဆီဟာ တစ်နှစ်လုပ်ခ ပေါင်သန်း ၆၀ နီးပါးရရှိမှာဖြစ်ပြီး အသက် ၃၈ နှစ်အထိ ကစားရမှာဖြစ်ပါတယ်။

Photo Credit

ဒီလိုပြောင်းရွှေ့ဖြစ်ခဲ့ရင် မက်ဆီလည်း တစ်ချိန်က လာလီဂါမှာ အားပြိုင်ခဲ့ဖူးတဲ့ပြိုင်ဘက်ဟောင်း ရော်နယ်ဒိုနဲ့ တစ်လိဂ်တည်းပြန်ဖြစ်သွားမှာဖြစ်သလို ဂျူဗင်တပ်စ်ကြယ်ပွင့် ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး စီးရီးအေရဲ့ထိပ်တန်းလစာရှင်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

Photo Credit

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ရွှေဘောလုံးဆုရယူနိုင်ခဲ့ပေမယ့် ဒီနှစ်လာလီဂါမှာတော့ ဘာစီလိုနာအသင်း ချန်ပီယံဆုကာကွယ်နိုင်အောင် မကြိုးစားနိုင်ခဲ့ဘဲ ရီးရဲလ်မက်ဒရစ်က လာလီဂါချန်ပီယံဖြစ်သွားပါတယ်။ ဘာစီလိုနာဟာ ယခုလအတွင်း ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နာပိုလီနဲ့ အိမ်ကွင်းပွဲကစားရဦးမှာဖြစ်ပါတယ်။

Photo Credit

အသင်းရဲ့လာလီဂါချန်ပီယံဖြစ်ရေးမျှော်လင့်ချက် အဆုံးသတ်သွားခဲ့တဲ့ အိုဆာဆူနာကို ၁-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့အိမ်ကွင်းပွဲအပြီးမှာ မက်ဆီက အသင်းရဲ့ခြေစွမ်းကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး တစ်ရာသီလုံးအနေနဲ့ ကြည့်မယ်ဆိုရင် အရမ်းကို ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ေပါင္ ၂၃၅ သန္းတန္ ပက္ေက့ခ်္နဲ႔ မက္ဆီကို အရေခၚဖို႔ ျပင္ဆင္လာတဲ့ အင္တာမီလန္

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္အသင္းဟာ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အံ့အားသင့္စရာအေကာင္းဆုံးစာခ်ဳပ္နဲ႔ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီကို ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
အင္တာမီလန္ဟာ ဘာစီလုိနာမွာ အဆင္မေျပမႈေတြနဲ႔ ဆက္တုိက္ရင္ဆုိင္ေနရတဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီရဲ႕အေနအထားကို ေစာင့္ၾကည့္ေနပါတယ္။ အသက္ ၃၃ႏွစ္အရြယ္ရွိ မက္ဆီဟာ ဘာစီလုိနာနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆုိရေသးဘဲ ဒီပုံစံအတုိင္းဆိုရင္ ၂၀၂၁ ေႏြရာသီမွာ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရမွာျဖစ္လုိ႔ La Gazetta Dello Sport သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္က မက္ေမာစရာေကာင္းတဲ့စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လုိ႔သိရပါတယ္။
အဲဒီသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္ဟာ မက္ဆီကို ၄ႏွစ္စာခ်ဳပ္အတြက္ ေပါင္ ၂၃၅ သန္းနဲ႔ ကမ္းလွမ္းမယ္လုိ႔ သိရပါတယ္။ ဒီပုံစံအတုိင္းဆိုရင္ မက္ဆီဟာ တစ္ႏွစ္လုပ္ခ ေပါင္သန္း ၆၀ နီးပါးရရွိမွာျဖစ္ၿပီး အသက္ ၃၈ ႏွစ္အထိ ကစားရမွာျဖစ္ပါတယ္။
ဒီလုိေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ မက္ဆီလည္း တစ္ခ်ိန္က လာလီဂါမွာ အားၿပိဳင္ခဲ့ဖူးတဲ့ၿပိဳင္ဘက္ေဟာင္း ေရာ္နယ္ဒိုနဲ႔ တစ္လိဂ္တည္းျပန္ျဖစ္သြားမွာျဖစ္သလုိ ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ၿပီး စီးရီးေအရဲ႕ထိပ္တန္းလစာရွင္အျဖစ္ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။
မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္က ေရႊေဘာလုံးဆုရယူႏုိင္ခဲ့ေပမယ့္ ဒီႏွစ္လာလီဂါမွာေတာ့ ဘာစီလုိနာအသင္း ခ်န္ပီယံဆုကာကြယ္ႏိုင္ေအာင္ မႀကိဳးစားႏိုင္ခဲ့ဘဲ ရီးရဲလ္မက္ဒရစ္က လာလီဂါခ်န္ပီယံျဖစ္သြားပါတယ္။ ဘာစီလုိနာဟာ ယခုလအတြင္း ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ နာပိုလီနဲ႔ အိမ္ကြင္းပြဲကစားရဦးမွာျဖစ္ပါတယ္။
အသင္းရဲ႕လာလီဂါခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားခဲ့တဲ့ အုိဆာဆူနာကို ၁-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့အိမ္ကြင္းပြဲအၿပီးမွာ မက္ဆီက အသင္းရဲ႕ေျခစြမ္းကို ျပင္းထန္စြာေ၀ဖန္ခဲ့ၿပီး တစ္ရာသီလုံးအေနနဲ႔ ၾကည့္မယ္ဆုိရင္ အရမ္းကို ေျခစြမ္းမတည္မၿငိမ္ျဖစ္ခဲ့တယ္လုိ႔ ဆုိခဲ့ပါတယ္။