ဒီနှစ်လို ၇ပွဲအလိုမှာ လီဗာပူးအသင်း ချန်ပီယံဖြစ်ခဲ့သလိုမျိုး ရာသီသစ်မှာ ထပ်အဖြစ်ခံလို့မရတော့ဘူးလို့ မာတစ် သတိပေး

0
764

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းကွင်းလယ်လူ မာတစ်က အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ၂၀၁၉-၂၀ ရာသီမှာ လီဗာပူးအသင်း ၇ပွဲအလို ချန်ပီယံဖြစ်သွားသလိုမျိုး ထပ်အဖြစ်ခံလို့မရတော့ဘူးလို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနားမယူခင် နောက်ဆုံးရာသီမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးချန်ပီယံဆုကို စိန်မခေါ်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ ဒီရာသီမှာ အဆင့် ၅နေရာကနေ လိဂ် ၁၄ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့အတူ ရာသီပိတ်ပွဲမှာ လက်စတာကို ဝ-၂ ဂိုးနဲ့အနိုင်ယူကာ တတိယနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ဒုတိယနေရာက မြို့ခံပြိုင်ဘက် စီးတီးနဲ့ ၁၅ မှတ်၊ အမှတ်ပေးဇယးထိပ်ဆုံးက အခါးသီးဆုံးပြိုင်ဘက် လီဗာပူးနဲ့ ၃၃ မှတ်အထိ ကွာဟခဲ့ပေမယ့် မာတစ်ကတော့ ၂၀၂၀-၂၁ ရာသီမှာ ထိပ်ဆုံး ၂သင်းကို အကြီးမားဆုံးဖိအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

”ကျွန်တော်ကတော့ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အမှတ်ပေးချန်ပီယံဆုကို အမြဲတမ်းစိန်ခေါ်နိုင်သင့်တယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်မှာလိုပဲ အသင်းအတွက် ကျွန်တော်တို့ အကောင်းဆုံးပေးဆပ်ကစားဖို့ လိုအပ်နေပါတယ်”
”ကျွန်တော်တို့အနေနဲ့ ဘယ်အသင်းပဲဖြစ်ဖြစ် ရာသီကုန်ဖို့ ၇ပွဲအလို၊ ၁၀ပွဲအလိုမှာ ချန်ပီယံဖြစ်သွားတာမျိုးအဖြစ်မခံသင့်ပါဘူး။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားရပါမယ်။ ကျွန်တော်တို့ဟာ လူငယ်အများစုကို အားပြုထားတာမှန်ပေမယ့် ဒါကို အကြောင်းပြချက်သွားပေးလို့မရပါဘူး။ လူငယ်တွေက ရာသီအနည်းငယ်ကစားထားပြီးဖြစ်လို့ ရာသီသစ်ကနေစတင်ပြီး အမှတ်ပေးချန်ပီယံဆုကို တိုက်ပွဲဝင်သွားမှာပါ”

”ချန်ပီယံဖြစ်မလားဆိုတာ မသိပေမယ့် သေချာတာကတော့ အဆုံးသတ်အထိ တိုက်ပွဲဝင်နိုင်တယ်ဆိုတာပါပဲ။ ဒါက ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးသီးသန့်ပစ်မှတ်ဖြစ်ပေမယ့် အသင်းသားတွေအားလုံးလည်း ဒီပုံစံအတိုင်းရှိနေမယ်လို့ ထင်ပါတယ်”လို့ မာတစ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ပြည်တွင်းမှာ ပွဲကုန်သွားပြီးနောက် လာမယ့်အပတ်အတွင်း ယူရိုပါလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လင့်ဇ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပ-အကျော့ သြစတြီးယားမြေမှာတုန်းက ဝ-၅ ဂိုးနဲ့အနိုင်ရခဲ့ပြီး အစ်ဂ်ဟာလို၊ ဒန်နီရယ်ဂျိမ်းစ်၊ မာတာ၊ ဂရင်းဝုဒ်နဲ့ ပါရဲရားတို့က ဂိုးတွေသွင်းယူခဲ့တာပါ။

ယူနိုက်တက်ဟာ လင့်ဇ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ်မှာ ဘက်စ်ကီးရှီးယားစပေါ-ကိုပင်ဟေဂင်အတွဲက အနိုင်ရမယ့်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တူရကီစူပါလိဂ်အမှတ်ပေးချန်ပီယံအသင်းက ပ-အကျော့မှာ ကိုပင်ဟေဂင်ကို ၁-၀ ဂိုးနဲ့အနိုင်ရထားပါတယ်။

]

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဒီႏွစ္လို ၇ပြဲအလုိမွာ လီဗာပူးအသင္း ခ်န္ပီယံျဖစ္ခဲ့သလုိမ်ိဳး ရာသီသစ္မွာ ထပ္အျဖစ္ခံလုိ႔မရေတာ့ဘူးလုိ႔ မာတစ္ သတိေပး

ယူႏုိက္တက္အသင္းကြင္းလယ္လူ မာတစ္က အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူဖုိ႔ စိတ္ပိုင္းျဖတ္ထားၿပီး ၂၀၁၉-၂၀ ရာသီမွာ လီဗာပူးအသင္း ၇ပြဲအလုိ ခ်န္ပီယံျဖစ္သြားသလုိမ်ိဳး ထပ္အျဖစ္ခံလုိ႔မရေတာ့ဘူးလုိ႔ အသင္းေဖာ္ေတြကို တုိက္တြန္းလုိက္ပါတယ္။

ယူႏုိက္တက္ဟာ ၂၀၁၃ ခုႏွစ္က ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္အနားမယူခင္ ေနာက္ဆံုးရာသီမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပိုင္း အမွတ္ေပးခ်န္ပီယံဆုကို စိန္မေခၚႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္ဟာ ဒီရာသီမွာ အဆင့္ ၅ေနရာကေန လိဂ္ ၁၄ပြဲဆက္ ႐ံႈးပြဲမရွိစံခ်ိန္နဲ႔အတူ ရာသီပိတ္ပြဲမွာ လက္စတာကို ၀-၂ ဂိုးနဲ႔အႏိုင္ယူကာ တတိယေနရာနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့ပါတယ္။
ဒါေပမဲ့ ဆုိးလ္ရွားရဲ႕ယူႏုိက္တက္ဟာ ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးနဲ႔ ၁၅ မွတ္၊ အမွတ္ေပးဇယးထိပ္ဆုံးက အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးနဲ႔ ၃၃ မွတ္အထိ ကြာဟခဲ့ေပမယ့္ မာတစ္ကေတာ့ ၂၀၂၀-၂၁ ရာသီမွာ ထိပ္ဆုံး ၂သင္းကို အႀကီးမားဆုံးဖိအားေပးႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။

”ကၽြန္ေတာ္ကေတာ့ ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူဖုိ႔ စိတ္ပိုင္းျဖတ္ထားပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ အမွတ္ေပးခ်န္ပီယံဆုကို အၿမဲတမ္းစိန္ေခၚႏိုင္သင့္တယ္လုိ႔ ထင္ပါတယ္။ လက္ရွိအခ်ိန္မွာလိုပဲ အသင္းအတြက္ ကၽြန္ေတာ္တုိ႔ အေကာင္းဆုံးေပးဆပ္ကစားဖုိ႔ လိုအပ္ေနပါတယ္”

”ကၽြန္ေတာ္တုိ႔အေနနဲ႔ ဘယ္အသင္းပဲျဖစ္ျဖစ္ ရာသီကုန္ဖုိ႔ ၇ပဲြအလုိ၊ ၁၀ပြဲအလုိမွာ ခ်န္ပီယံျဖစ္သြားတာမ်ိဳးအျဖစ္မခံသင့္ပါဘူး။ ေနာက္ဆုံးအခ်ိန္အထိ တုိက္ပြဲ၀င္သြားရပါမယ္။ ကၽြန္ေတာ္တုိ႔ဟာ လူငယ္အမ်ားစုကို အားျပဳထားတာမွန္ေပမယ့္ ဒါကုိ အေၾကာင္းျပခ်က္သြားေပးလုိ႔မရပါဘူး။ လူငယ္ေတြက ရာသီအနည္းငယ္ကစားထားၿပီးျဖစ္လုိ႔ ရာသီသစ္ကေနစတင္ၿပီး အမွတ္ေပးခ်န္ပီယံဆုကို တုိက္ပြဲ၀င္သြားမွာပါ”

”ခ်န္ပီယံျဖစ္မလားဆုိတာ မသိေပမယ့္ ေသခ်ာတာကေတာ့ အဆုံးသတ္အထိ တုိက္ပြဲ၀င္ႏိုင္တယ္ဆိုတာပါပဲ။ ဒါက ကၽြန္ေတာ့္ရဲ႕ပုဂၢိဳလ္ေရးသီးသန္႔ပစ္မွတ္ျဖစ္ေပမယ့္ အသင္းသားေတြအားလုံးလည္း ဒီပုံစံအတုိင္းရွိေနမယ္လုိ႔ ထင္ပါတယ္”လုိ႔ မာတစ္က ေျပာပါတယ္။

ယူႏုိက္တက္ဟာ ျပည္တြင္းမွာ ပြဲကုန္သြားၿပီးေနာက္ လာမယ့္အပတ္အတြင္း ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လင့္ဇ္အသင္းနဲ႔ကစားရမွာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ပ-အေက်ာ့ ၾသစႀတီးယားေျမမွာတုန္းက ၀-၅ ဂိုးနဲ႔အႏုိင္ရခဲ့ၿပီး အစ္ဂ္ဟာလုိ၊ ဒန္နီရယ္ဂ်ိမ္းစ္၊ မာတာ၊ ဂရင္း၀ုဒ္နဲ႔ ပါရဲရားတုိ႔က ဂုိးေတြသြင္းယူခဲ့တာပါ။ ယူႏုိက္တက္ဟာ လင့္ဇ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ ကြာတားဖိုင္နယ္မွာ ဘက္စ္ကီးရွီးယားစေပါ-ကိုပင္ေဟဂင္အတြဲက အႏုိင္ရမယ့္အသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ၿပီး တူရကီစူပါလိဂ္အမွတ္ေပးခ်န္ပီယံအသင္းက ပ-အေက်ာ့မွာ ကိုပင္ေဟဂင္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရထားပါတယ္။