ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားကို ကစားသမားအလိုက်ပေးကမ်းလှမ်းဖို့ ရီးရဲလ် စီစဉ်
Photo Credit
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
သတင်းတွေရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ ယခုနွေရာသီအတွင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘားလားကို ကစားသမားတစ်ဦး အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo Credit
Sport Mediaset ရဲ့ဖော်ပြချက်အရ လာလီဂါချန်ပီယံ ရီးရဲလ်ဟာ ငွေသားအပြင် အသင်းရှိ ကွင်းလယ်လူတွေဖြစ်တဲ့ တိုနီခရူးစ် ဒါမှမဟုတ် အစ္စကိုတစ်ဦးဦးကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Photo Credit
ရီးရဲလ်မက်ဒရစ်က ယူရိုသန်း ၁၀၀ ကျော်တန်ဖိုးရှိ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာမှန်ပေမယ့် ဂျူဗင်တပ်စ်ကလည်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် အသင်းအင်အားတောင့်တင်းစေဖို့ ကြိုးစားနေလို့ ဒီဘားလားကို လက်လွှတ်ခံဖွယ်မရှိပါဘူး။
Photo Credit
ဒီဘားလားဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး အာဂျင်တီးနားလက်ရွေးစင်ကို ခေါ်ယူဖို့ ရီးရဲလ်အပြင် ပီအက်စ်ဂျီကလည်း အပြိုင်စိတ်ဝင်စားနေပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ဒီဘားလားကို ပြီးခဲ့တဲ့နွေရာသီက စပါးနဲ့ ယူနိုက်တက်တု့ိက ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။
Photo Credit
သူဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၇ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်း ၉နှစ်ဆက်စီးရီးအေချန်ပီယံဖြစ်ခဲ့ရာမှာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
Zawgyi