BREAKING; ဆန်ချိုအတွက် ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်း ကနဦးပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိသွားပြီဟုဆို

0
991

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရေး ယူနိုက်တက်ရဲ့ကြိုးစားမှု ပိုမိုနီးစပ်လာပြီး ဗြိတိန်သတင်းစာ Independent ရဲ့ဖော်ပြချက်အရ ကနဦးပြောင်းရွှေ့ကြေးအတွက် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက လက်သင့်ခံလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် စာချုပ်အတွက် အခြေခံအချက်ကတော့ ညှိနှိုင်းနိုင်ဖွယ်ရှိနေပါတယ်။

Photo Credit

ဒေါ့မွန်အသင်းက ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းမှုကို လက်သင့်ခံမှာဖြစ်သလို အဲဒီပြောင်းရွှေ့ကြေးက အပိုဆုကြေးတွေပါ ထပ်ပေါင်းလိုက်ရင် ပေါင်သန်း ၁၀၀ ကျော်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အပိုဆုကြေးငွေနဲ့ ဘယ်လောက်၊ ဘယ်လိုပေးချေမလဲဆိုတာကတော့ သဘောတူညီမှုရဖို့ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။

Photo Credit

ဒေါ့မွန်အသင်းက ဆန်ချိုကို ရောင်းချလိုနေပြီး အပြောင်းအရွှေ့အမြန်ဆုံးဖြစ်မြောက်ဖို့ တွန်းအားပေးနေပါတယ်။ အထူးသဖြင့် ဒေါ့မွန်ဟာ ရာသီသစ်အတွက် စောစီးစွာပြင်ဆင်လိုပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်မယ့် ရာသီကြိုလေ့ကျင့်ခန်းမဆင်းခင် အသင်းလူစာရင်းကို အတိအကျသိရှိလိုနေပါတယ်။ ဒီအတွက်ကြောင့်ပဲ ဒေ့ါမွန်က ဆန်ချိုရဲ့အပြောင်းအရွှေ့ကို အချိန်အကြာကြီးမဆွဲလိုဘဲ မြန်မြန်အပြီးသတ်လိုနေတာပါ။

Photo Credit

စီးတီးကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူးနဲ့ ရီးရဲလ်တို့ကပါ စိတ်ဝင်စားခဲ့ပေမယ့် အခုချိန်အထိ ဘယ်အသင်းကမှ တရားဝင်မကမ်းလှမ်းသေးပါဘူး။ ယူနိုက်တက်က ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် ထားရှိထားသလို တိုက်စစ်မှူးတစ်ဦးနဲ့ ကွင်းလယ်လူတစ်ဦးတို့ကို ခေါ်ယူလိုနေပြီး တကယ်လို့ ဘဏ္ဍာရေးအရ အဆင်ပြေရင် မက်ဂွိုင်းယားနဲ့ တွဲကစားစေဖို့ ဗဟိုနောက်ခံလူတစ်ဦးပါ ခေါ်ယူလိုနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

BREAKING; ဆန္ခ်ိဳအတြက္ ယူႏိုက္တက္နဲ႔ ေဒါ့မြန္အသင္း ကနဦးေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈရရွိသြားၿပီဟုဆို

ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူေရး ယူႏုိက္တက္ရဲ႕ႀကိဳးစားမႈ ပိုမိုနီးစပ္လာၿပီး ၿဗိတိန္သတင္းစာ Independent ရဲ႕ေဖာ္ျပခ်က္အရ ကနဦးေျပာင္းေရႊ႕ေၾကးအတြက္ ယူႏုိက္တက္ရဲ႕ကမ္းလွမ္းမႈကို ေဒါ့မြန္အသင္းက လက္သင့္ခံလုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ အသင္းႏွစ္သင္းၾကား ေဆြးေႏြးမႈေတြ ျပဳလုပ္ေနဆဲျဖစ္ေပမယ့္ စာခ်ဳပ္အတြက္ အေျခခံအခ်က္ကေတာ့ ညႇိႏႈိင္းႏိုင္ဖြယ္ရွိေနပါတယ္။
ေဒါ့မြန္အသင္းက ကနဦးေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၆၀ နဲ႔ကမ္းလွမ္းမႈကို လက္သင့္ခံမွာျဖစ္သလုိ အဲဒီေျပာင္းေရႊ႕ေၾကးက အပိုဆုေၾကးေတြပါ ထပ္ေပါင္းလုိက္ရင္ ေပါင္သန္း ၁၀၀ ေက်ာ္သြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ အပိုဆုေၾကးေငြနဲ႔ ဘယ္ေလာက္၊ ဘယ္လုိေပးေခ်မလဲဆုိတာကေတာ့ သေဘာတူညီမႈရဖုိ႔ အလွမ္းကြာေ၀းေနဆဲျဖစ္ပါတယ္။
ေဒါ့မြန္အသင္းက ဆန္ခ်ိဳကို ေရာင္းခ်လုိေနၿပီး အေျပာင္းအေရႊ႕အျမန္ဆုံးျဖစ္ေျမာက္ဖို႔ တြန္းအားေပးေနပါတယ္။ အထူးသျဖင့္ ေဒါ့မြန္ဟာ ရာသီသစ္အတြက္ ေစာစီးစြာျပင္ဆင္လုိၿပီး ၾသဂုတ္လ ၁၀ ရက္ေန႔မွာ စတင္မယ့္ ရာသီႀကိဳေလ့က်င့္ခန္းမဆင္းခင္ အသင္းလူစာရင္းကို အတိအက်သိရွိလုိေနပါတယ္။ ဒီအတြက္ေၾကာင့္ပဲ ေဒ့ါမြန္က ဆန္ခ်ိဳရဲ႕အေျပာင္းအေရႊ႕ကို အခ်ိန္အၾကာႀကီးမဆြဲလိုဘဲ ျမန္ျမန္အၿပီးသတ္လုိေနတာပါ။
စီးတီးကစားသမားေဟာင္း ဆန္ခ်ိဳကို ေခၚယူဖုိ႔ လီဗာပူးနဲ႔ ရီးရဲလ္တုိ႔ကပါ စိတ္၀င္စားခဲ့ေပမယ့္ အခုခ်ိန္အထိ ဘယ္အသင္းကမွ တရား၀င္မကမ္းလွမ္းေသးပါဘူး။ ယူႏိုက္တက္က ဆန္ခ်ိဳကို အဓိကပစ္မွတ္အျဖစ္ ထားရွိထားသလုိ တိုက္စစ္မွဴးတစ္ဦးနဲ႔ ကြင္းလယ္လူတစ္ဦးတို႔ကို ေခၚယူလုိေနၿပီး တကယ္လုိ႔ ဘ႑ာေရးအရ အဆင္ေျပရင္ မက္ဂြိဳင္းယားနဲ႔ တြဲကစားေစဖို႔ ဗဟိုေနာက္ခံလူတစ္ဦးပါ ေခၚယူလိုေနပါတယ္။