အာဆင်နယ်ကစားသမားဟောင်း ကာဇိုလာကို ခေါ်ယူဖို့ ဘက်ဆစ်တက်အသင်း ဆွေးနွေးမှုတွေ ပြုလုပ်နေ

0
160

ဘက်ဆစ်တက်အသင်းဟာ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ကာဇိုလာကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ ၃၅နှစ်သားဟာ လွန်ခဲ့တဲ့ ၂နှစ်အတွင်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမဲ့ ယခုအချိန်မှာတော့ ဗီလာရီးရဲလ်မှာ ပြန်လည်တောက်ပလာခဲ့ပါတယ်။


ASရဲ့ ဖော်ပြချက်အရ ရာသီကုန်မှာ စပိန်ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ကာဇိုလာကို တူရကီအသင်း ဘက်ဆစ်တက်က ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းမှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ယမန်နှစ် နွေရာသီက ဗီလာရီးရဲလ်နဲ့ ၁နှစ် သက်တမ်းတိုးထားခဲ့တဲ့ စပိန်သားရဲ့ အနာဂတ်က မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။


လွန်ခဲ့တဲ့ နွေရာသီက ကာဇိုလာဟာ ၄နှစ်အတွင်း ပထမဆုံးအဖြစ် စပိန်အတွက် ပါဝင်ကစားခွင့်ရခဲ့ပြီး နောက်ထပ် ၃ပွဲလည်း ဆက်တိုက် ပါဝင်နိုင်ခဲ့ပါတယ်။ အနာဂတ်က မရေမရာ ဖြစ်နေပေမဲ့ ကာဇိုလာကတော့ သူဘာလုပ်ရမယ်ဆိုတာ သိရှိထားပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။


ကာဇိုလာဟာ ၂၀၁၂ခုနှစ်က မာလာဂါကနေ ရောက်လာခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒူးဒဏ်ရာနဲ့ ခြေကျင်းဝတ် ဒဏ်ရာတွေရဲ့ ဆက်တိုက် နှိပ်စက်မှုကြောင့် ပွဲတွေကို အကန့်အသတ်နဲ့သာ ပါဝင်ခွင့်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။