အသင်းဟောင်းနှစ်သင်းအနက် ဘယ်အသင်းကို အက်ဖ်အေဖလားချန်ပီယံပိုဖြစ်စေချင်လဲဆိုတာ ပြောပြလာတဲ့ ဖာဘရီဂတ်စ်

0
187

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မိုနာကိုအသင်းကွင်းလယ်လူ ဖာဘရီဂတ်စ်က အသင်းဟောင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ရစေချင်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

Photo Credit

အသက် ၃၃နှစ်အရွယ်ရှိ စပိန်နိုင်ငံသား ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းနှစ်သင်းစလုံးနဲ့အတူ အက်ဖ်အေဖလားရယူနိုင်ခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းမှာတော့ ၂၀၁၄ ကနေ ၂၀၁၉ အထိ ကစားခဲ့ပါတယ်။

Photo Credit

ဖာဘရီဂတ်စ်က စနေညကစားမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အာဆင်နယ်ကို ချန်ပီယံပိုဖြစ်စေချင်တဲ့အကြောင်း ရှင်းပြခဲ့ရာမှာ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဆင်နယ်ထက်စာရင် အောင်မြင်မှုပိုမိုရရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Photo Credit

ဖာဘရီဂတ်စ်ဟာ ၂၀၀၅ မှာ အာဆင်နယ်၊ ၂၀၁၈ မှာ ချဲလ်ဆီးအသင်းတု့ိနဲ့အတူ အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီး အခုလည်း အသင်းဟောင်းနှစ်သင်းရဲ့အားပြိုင်မှုကို စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာအနိုင်မရရင် ရာသီသစ်မှာ ဥရောပပြိုင်ပွဲကစားခွင့်ဆုံးရှုံးရမှာဖြစ်ပြီး ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။

Photo Credit

ချဲလ်ဆီးဟာ နောက်ဆုံးအကြိမ်အောင်မြင်မှုအဖြစ် ၂၀၁၉ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်ကို ၄-၁ ဂိုးနဲ့အနိုင်ရထားပြီး အာဆင်နယ်ရဲ့နောက်ဆုံးဖလားကတော့ ၂၀၁၇ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့အနိုင်ရကာ စံချိန်တင် ၁၃ကြိမ်မြောက်ဆုဖလားရခဲ့တုန်းကဖြစ်ပါတယ်။

Photo Credit

”အာဆင်နယ်က ဆုဖလားတွေပိုမိုလိုအပ်နေပါတယ်။ ချဲလ်ဆီးက အခြေခံအားဖြင့် နှစ်တိုင်း ဖလားတစ်လုံးတော့ရရှိထားလို့ ဒီဖြစ်ရပ်မှာ နည်းနည်းကွဲပြားခြားနားပါတယ်။ ဆုဖလားအနေအထားအရ အာဆင်နယ်က ပိုမိုလိုအပ်နေပြီး ရာသီသစ်အတွက်ရော ဥရောပဝင်ခွင့်ရဖို့အတွက်ပါ ချန်ပီယံဖြစ်ဖို့အရေးကြီးနေပါတယ်။ ချဲလ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ရထားပြီးဖြစ်ပေမယ့် အာဆင်နယ်ကတော့ လက်ရှိအချိန်မှာ ဘာတစ်ခုမှလက်ထဲမှာမရှိပါဘူး”လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။

Photo Credit

ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းသားအဖြစ် ဆုဖလား ၁ကြိမ်သာရရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာတော့ ၄ကြိမ်ရရှိခဲ့ပြီး ချဲလ်ဆီးနည်းပြ လမ်းပတ်နဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာတို့က နည်းပြဘဝပထမဆုံးဆုဖလားအတွက် အားပြိုင်တော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အသင္းေဟာင္းႏွစ္သင္းအနက္ ဘယ္အသင္းကို အက္ဖ္ေအဖလားခ်န္ပီယံပိုျဖစ္ေစခ်င္လဲဆုိတာ ေျပာျပလာတဲ့ ဖာဘရီဂတ္စ္

မုိနာကိုအသင္းကြင္းလယ္လူ ဖာဘရီဂတ္စ္က အသင္းေဟာင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ ရင္ဆုိင္ရမယ့္ အက္ဖ္ေအဖလားဗိုလ္လုပဲြမွာ အာဆင္နယ္ကို အႏုိင္ရေစခ်င္တယ္လုိ႔ ၀န္ခံေျပာဆုိလုိက္ပါတယ္။
အသက္ ၃၃ႏွစ္အရြယ္ရွိ စပိန္ႏိုင္ငံသား ဖာဘရီဂတ္စ္ဟာ အာဆင္နယ္အသင္းမွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိ ကစားခဲ့ၿပီး အသင္းႏွစ္သင္းစလုံးနဲ႔အတူ အက္ဖ္ေအဖလားရယူႏိုင္ခဲ့ပါတယ္။ သူဟာ ခ်ဲလ္ဆီးအသင္းမွာေတာ့ ၂၀၁၄ ကေန ၂၀၁၉ အထိ ကစားခဲ့ပါတယ္။
ဖာဘရီဂတ္စ္က စေနညကစားမယ့္အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ အာဆင္နယ္ကို ခ်န္ပီယံပိုျဖစ္ေစခ်င္တဲ့အေၾကာင္း ရွင္းျပခဲ့ရာမွာ ခ်ဲလ္ဆီးအသင္းက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အာဆင္နယ္ထက္စာရင္ ေအာင္ျမင္မႈပိုမုိရရွိခဲ့တာေၾကာင့္ျဖစ္တယ္လုိ႔ ရွင္းျပခဲ့ပါတယ္။
ဖာဘရီဂတ္စ္ဟာ ၂၀၀၅ မွာ အာဆင္နယ္၊ ၂၀၁၈ မွာ ခ်ဲလ္ဆီးအသင္းတု႔ိနဲ႔အတူ အက္ဖ္ေအဖလားရယူႏိုင္ခဲ့ၿပီး အခုလည္း အသင္းေဟာင္းႏွစ္သင္းရဲ႕အားၿပိဳင္မႈကို စိတ္၀င္စားေနပါတယ္။ အာဆင္နယ္ဟာ ဒီပြဲမွာအႏိုင္မရရင္ ရာသီသစ္မွာ ဥေရာပၿပိဳင္ပြဲကစားခြင့္ဆုံး႐ံႈးရမွာျဖစ္ၿပီး ခ်ဲလ္ဆီးကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိထားၿပီးျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ ေနာက္ဆုံးအႀကိမ္ေအာင္ျမင္မႈအျဖစ္ ၂၀၁၉ ယူ႐ိုပါလိဂ္ဗိုလ္လုပဲြမွာ အာဆင္နယ္ကို ၄-၁ ဂိုးနဲ႔အႏိုင္ရထားၿပီး အာဆင္နယ္ရဲ႕ေနာက္ဆုံးဖလားကေတာ့ ၂၀၁၇ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးကို ၂-၁ ဂိုးနဲ႔အႏိုင္ရကာ စံခ်ိန္တင္ ၁၃ႀကိမ္ေျမာက္ဆုဖလားရခဲ့တုန္းကျဖစ္ပါတယ္။
”အာဆင္နယ္က ဆုဖလားေတြပိုမိုလိုအပ္ေနပါတယ္။ ခ်ဲလ္ဆီးက အေျခခံအားျဖင့္ ႏွစ္တုိင္း ဖလားတစ္လုံးေတာ့ရရွိထားလုိ႔ ဒီျဖစ္ရပ္မွာ နည္းနည္းကြဲျပားျခားနားပါတယ္။ ဆုဖလားအေနအထားအရ အာဆင္နယ္က ပိုမိုလိုအပ္ေနၿပီး ရာသီသစ္အတြက္ေရာ ဥေရာပ၀င္ခြင့္ရဖို႔အတြက္ပါ ခ်န္ပီယံျဖစ္ဖို႔အေရးႀကီးေနပါတယ္။ ခ်ဲလ္ဆီးက ခ်န္ပီယံလိဂ္၀င္ခြင့္ရထားၿပီးျဖစ္ေပမယ့္ အာဆင္နယ္ကေတာ့ လက္ရွိအခ်ိန္မွာ ဘာတစ္ခုမွလက္ထဲမွာမရွိပါဘူး”လုိ႔ ဖာဘရီဂတ္စ္က ေျပာပါတယ္။
ဖာဘရီဂတ္စ္ဟာ အာဆင္နယ္အသင္းသားအျဖစ္ ဆုဖလား ၁ႀကိမ္သာရရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းမွာေတာ့ ၄ႀကိမ္ရရွိခဲ့ၿပီး ခ်ဲလ္ဆီးနည္းျပ လမ္းပတ္နဲ႔ အာဆင္နယ္အသင္းနည္းျပ အာတီတာတို႔က နည္းျပဘ၀ပထမဆုံးဆုဖလားအတြက္ အားၿပိဳင္ေတာ့မွာျဖစ္ပါတယ္။