ရာသီပိတ်ကျမှ အဖြေထွက်မယ့် ပရီးမီးယားလိဂ်ပုစ္ဆာများ

0
219

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘယ်အသင်း တန်းဆင်းရမလဲ
နောဝစ်ချ်က တန်းဆင်းခဲ့ရပြီးဖြစ်ကာ ဒီညအပြီးမှာ အသင်း ၂သင်းက နောဝစ်ချ်နဲ့အတူ ချန်ပီယံရှစ်ကို တန်းဆင်းရမှာပါ။ ဗီလာက အဆင့် ၁၇ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်နဲ့ အမှတ်တူနေသလို ဂိုးကွာခြားချက်ကလည်း တစ်ဂိုးပဲအသာရထားပါတယ်။

Photo Credit

ဗီလာက တန်းမဆင်းရဖို့ သေချာပြီးသား ဝက်စ်ဟမ်းနဲ့ အဝေးကွင်ပွဲကစားရမှာဖြစ်ကာ ယာယီနည်းပြ မူလင်းစ်ဦးဆောင်တဲ့ ဝက်ဖို့ဒ်ကလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲရောက် အာဆင်နယ်နဲ့ အဝေးကွင်းပွဲကစားရမှာပါ။ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက်ဟာ အဲဗာတန်ကို အနိုင်ရဖို့လိုအပ်နေသလို တခြားမှာလည်း ဝက်ဖို့ဒ်နဲ့ ဝက်စ်ဟမ်း နှစ်သင်းစလုံး ပြိုင်ဘက်တွေကို အသီးသီးအရေးနိမ့်ဖို့လည်း လိုအပ်နေပါတယ်။

Photo Credit

ဘယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမလဲ
ယူနိုက်တက်ဟာ ယခုရာသီမှာ အတက်အကျတွေနဲ့ မတည်မငြိမ်ဖြစ်ခဲ့ပေမယ့် တတိယနေရာနဲ့ အဆုံးသတ်နိုင်ဖု့ိ အခွင့်အရေးရှိနေပါတယ်။ သူတို့ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ စိတ်ပျက်ဖွယ် ၁-၁ ဂိုးသရေသာကစားနိုင်ခဲ့ပေမယ့် စက်တင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရအဆင့်ထဲ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့အမှတ်တူ ၆၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး လက်စတာက အဆင့် ၅နေရာ ရောက်သွားပေမယ့် ယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့ ၁ မှတ်ပဲ ကွာသလို ရာသီပိတ်မှာ ယူနိုက်တက်ကို ဧည့်ခံကစားရမှာပါ။ယူနိုက်တက်က ထိပ်ဆုံး ၄သင်းစာရင်းဝင်ရေးအတွက် အနိမ့်ဆုံးသရေကစားဖို့ လိုအပ်သလို ချဲလ်ဆီးကလည်း ဝုဗ်နဲ့အိမ်ကွင်းပွဲမှာ အနိမ့်ဆုံးသရေကစားနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit

ယူရိုပါလိဂ်ဝင်ခွင့် ဘယ်အသင်းရမလဲ
ချန်ပီယံလိဂ်ဝင်ခွင့်အားပြိုင်မှုမှာ ရှုံးနိမ့်တဲ့အသင်းက ယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာဖြစ်သလို အဆင့် ၆ရအသင်းကလည်း ယူရိုပါလိဂ်ကစားခွင့်ရရှိမှာပါ။ တကယ်လို့ ချဲလ်ဆီးသာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ရရင် အဆင့် ၇ရအသင်းလည်း ယူရိုပါလိဂ်ဝင်ခွင့်ရမှာပါ။

Photo Credit

အဆင့် ၆နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဟာ ချဲလ်ဆီးကို အနိုင်ရရင် ယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပြီး ဝုဗ်ထက် ၁ မှတ်လျော့နည်းနေတဲ့ စပါးက ပဲလေ့စ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ အဆင့် ၇နေရာမှာ ရပ်တည်နေတဲ့စပါးက ဝုဗ်ရဲ့ရလဒ်ထက် ပိုကောင်းအောင် ကစားရမှာဖြစ်ပြီး အဆင့် ၇ရခဲ့ရင်တော့ အက်ဖ်ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီး ချန်ပီယံဖြစ်ဖို့ ဆုတောင်းရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ရာသီပိတ္က်မွ အေျဖထြက္မယ့္ ပရီးမီးယားလိဂ္ပုစၦာမ်ား

ဘယ္အသင္း တန္းဆင္းရမလဲ
ေနာ၀စ္ခ်္က တန္းဆင္းခဲ့ရၿပီးျဖစ္ကာ ဒီညအၿပီးမွာ အသင္း ၂သင္းက ေနာ၀စ္ခ်္နဲ႔အတူ ခ်န္ပီယံရွစ္ကို တန္းဆင္းရမွာပါ။ ဗီလာက အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနေပမယ့္ တန္းဆင္းဇုန္ထဲက ၀က္ဖုိ႔ဒ္နဲ႔ အမွတ္တူေနသလုိ ဂိုးကြာျခားခ်က္ကလည္း တစ္ဂုိးပဲအသာရထားပါတယ္။
ဗီလာက တန္းမဆင္းရဖို႔ ေသခ်ာၿပီးသား ၀က္စ္ဟမ္းနဲ႔ အေ၀းကြင္ပြဲကစားရမွာျဖစ္ကာ ယာယီနည္းျပ မူလင္းစ္ဦးေဆာင္တဲ့ ၀က္ဖုိ႔ဒ္ကလည္း အက္ဖ္ေအဖလား ဗိုလ္လုပြဲေရာက္ အာဆင္နယ္နဲ႔ အေ၀းကြင္းပြဲကစားရမွာပါ။ အဆင့္ ၁၉ ေနရာမွာ ရပ္တည္ေနတဲ့ ဘုန္းေမာက္ဟာ အဲဗာတန္ကို အႏိုင္ရဖို႔လုိအပ္ေနသလုိ တျခားမွာလည္း ၀က္ဖုိ႔ဒ္နဲ႔ ၀က္စ္ဟမ္း ႏွစ္သင္းစလုံး ၿပိဳင္ဘက္ေတြကို အသီးသီးအေရးနိမ့္ဖို႔လည္း လိုအပ္ေနပါတယ္။

ဘယ္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ရမလဲ
ယူႏိုက္တက္ဟာ ယခုရာသီမွာ အတက္အက်ေတြနဲ႔ မတည္မၿငိမ္ျဖစ္ခဲ့ေပမယ့္ တတိယေနရာနဲ႔ အဆုံးသတ္ႏိုင္ဖု႔ိ အခြင့္အေရးရွိေနပါတယ္။ သူတုိ႔ဟာ ၀က္စ္ဟမ္းနဲ႔ပြဲမွာ စိတ္ပ်က္ဖြယ္ ၁-၁ ဂိုးသေရသာကစားႏိုင္ခဲ့ေပမယ့္ စက္တင္ဘာေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္၀င္ခြင့္ရအဆင့္ထဲ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔အမွတ္တူ ၆၃ မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး လက္စတာက အဆင့္ ၅ေနရာ ေရာက္သြားေပမယ့္ ယူႏုိက္တက္၊ ခ်ဲလ္ဆီးတို႔နဲ႔ ၁ မွတ္ပဲ ကြာသလုိ ရာသီပိတ္မွာ ယူနုိက္တက္ကို ဧည့္ခံကစားရမွာပါ။
ယူႏိုက္တက္က ထိပ္ဆုံး ၄သင္းစာရင္း၀င္ေရးအတြက္ အနိမ့္ဆုံးသေရကစားဖုိ႔ လိုအပ္သလုိ ခ်ဲလ္ဆီးကလည္း ၀ုဗ္နဲ႔အိမ္ကြင္းပြဲမွာ အနိမ့္ဆုံးသေရကစားႏိုင္ဖို႔ လိုအပ္ေနပါတယ္။

ယူ႐ိုပါလိဂ္၀င္ခြင့္ ဘယ္အသင္းရမလဲ
ခ်န္ပီယံလိဂ္၀င္ခြင့္အားၿပိဳင္မႈမွာ ႐ံႈးနိမ့္တဲ့အသင္းက ယူ႐ိုပါလိဂ္၀င္ခြင့္ရရွိမွာျဖစ္သလုိ အဆင့္ ၆ရအသင္းကလည္း ယူ႐ုိပါလိဂ္ကစားခြင့္ရရွိမွာပါ။ တကယ္လုိ႔ ခ်ဲလ္ဆီးသာ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ အာဆင္နယ္ကို အႏိုင္ရရင္ အဆင့္ ၇ရအသင္းလည္း ယူ႐ိုပါလိဂ္၀င္ခြင့္ရမွာပါ။
အဆင့္ ၆ေနရာမွာ ရပ္တည္ေနတဲ့ ၀ုဗ္ဟာ ခ်ဲလ္ဆီးကို အႏုိင္ရရင္ ယူ႐ိုပါလိဂ္၀င္ခြင့္ရရွိမွာျဖစ္ၿပီး ၀ုဗ္ထက္ ၁ မွတ္ေလ်ာ့နည္းေနတဲ့ စပါးက ပဲေလ့စ္ကြင္းမွာ ကစားရမွာျဖစ္ပါတယ္။ အဆင့္ ၇ေနရာမွာ ရပ္တည္ေနတဲ့စပါးက ၀ုဗ္ရဲ႕ရလဒ္ထက္ ပိုေကာင္းေအာင္ ကစားရမွာျဖစ္ၿပီး အဆင့္ ၇ရခဲ့ရင္ေတာ့ အက္ဖ္ဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီး ခ်န္ပီယံျဖစ္ဖုိ႔ ဆုေတာင္းရမွာျဖစ္ပါတယ္။