ယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အကြောင်းရင်းကို ဖွင့်ဟလာတဲ့ ဘာဘာတော့ဗ်

0
294

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ၂၀၂၀-၂၁ ရာသီမှာ အသင်းကို အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်ရေးအတွက် ကူညီပေးနိုင်စွမ်းရှိပြီး ယူနိုက်တက်က လီဗာပူးနဲ့ စီးတီးတို့ကို စိန်ခေါ်နိုင်ရေးအတွက် ထပ်မံတိုးတက်လာဖို့လိုအပ်နေတယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အသင်းကို ဖာနန်ဒက်စ်ရောက်လာပြီးနောက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိကစားရင်း တတိယနေရာနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်အတွက် စိန်ခေါ်မှုက မြို့ခံပြိုင်ဘက် စီးတီးနဲ့ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးတို့ကို လိုက်မီနိုင်ရေးဖြစ်ပြီး အဓိကဆုဖလားတွေကို စိန်ခေါ်နိုင်ရေးဖြစ်ပါတယ်။

Photo Credit

ဘာဘာတော့ဗ်က ယူနိုက်တက်အနေနဲ့ အဲဒီလိုလုပ်နိုင်စွမ်းရှိပြီး အမှတ်ပေးချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်ရေးအတွက် ဈေးကွက်အတွင်း အသေးစားခေါ်ယူမှုတွေသာ လိုအပ်တယ်လို့ ပြောပါတယ်။
”ယူနိုက်တက်အနေနဲ့ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရတာတောင် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အနေအထားရောက်သင့်တယ်လို့ ထင်ပါတယ်။ ဒီဘက်နှစ်တွေက ယူနိုက်တက်အတွက် စိန်ခေါ်မှုတွေပြင်းထန်တဲ့ကာလဖြစ်ခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့လည်း လိုအပ်ပါတယ်”

Photo Credit

”ရာသီသစ်မှာ စီးတီးနဲ့ လီဗာပူးတို့ကို စိန်ခေါ်နိုင်ရေးအတွက် ထပ်မံတိုးတက်လာဖို့ လိုအပ်ပေမယ့် ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ရာသီတိုင်းက ကွဲပြားခြားနားပြီး ကိုယ်မျှော်လင့်မထားတဲ့အရာတွေ ဖြစ်လာနိုင်ပေမယ့် ယူနိုက်တက်အနေနဲ့ဆိုရင်တော့ ချန်ပီယံလောင်းအဖြစ် အမြဲတမ်းမျှော်လင့်ထားတာပါ။ အထူးသဖြင့် ခေါ်ယူမှုတချို့ပြုလုပ်ခဲ့ရင်ပေါ့”လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ နောက်ပိုင်းမှာ ကစားသမားသစ်ခေါ်ယူမှုအပိုင်း တိုးတက်လာပြီး ဇန်နဝါရီလအတွင်း ဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူနိုင်ခဲ့တာက အသင်းရဲ့အနေအထားကိုပါ မြင့်တက်စေခဲ့ပါတယ်။
”ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့တာက စိတ်ဓာတ်ပိုင်းကိုပါ မြင့်တက်စေခဲ့ပါတယ်။ သူရောက်လာတာနဲ့ အသင်းရဲ့စိတ်ဓာတ်ပိုင်းလည်း ပြောင်းလဲသွားခဲ့ပြီး သူကလည်း တိုက်စစ်နဲ့ ခံစစ်ကို အကောင်းဆုံးချိတ်ဆက်ကစားနိုငပါတယ်။ သူ့ကြောင့်လည်း ယူနိုက်တက်အသင်း အမှတ်ပေးချန်ပီယံဆုစိန်ခေါ်နိုင်စွမ်းရှိလာနိုင်ပါတယ်”လို့ ဘာဘာတော့ဗ်က ဆက်ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူႏိုက္တက္အသင္း အမွတ္ေပးခ်န္ပီယံဆုစိန္ေခၚႏုိင္တဲ့အေၾကာင္းရင္းကို ဖြင့္ဟလာတဲ့ ဘာဘာေတာ့ဗ္

ယူႏိုက္တက္အသင္းကြင္းလယ္လူ​ ဘ႐ူႏိုဖာနန္ဒက္စ္အေနနဲ႔ ၂၀၂၀-၂၁ ရာသီမွာ အသင္းကို အမွတ္ေပးခ်န္ပီယံဆုစိန္ေခၚႏိုင္ေရးအတြက္ ကူညီေပးႏိုင္စြမ္းရွိၿပီး ယူႏုိက္တက္က လီဗာပူးနဲ႔ စီးတီးတို႔ကို စိန္ေခၚႏိုင္ေရးအတြက္ ထပ္မံတုိးတက္လာဖို႔လုိအပ္ေနတယ္လုိ႔ တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ေျပာပါတယ္။
ယူႏိုက္တက္ဟာ အသင္းကို ဖာနန္ဒက္စ္ေရာက္လာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ႐ံႈးပြဲမရွိကစားရင္း တတိယေနရာနဲ႔ အဆုံးသတ္ႏို္င္ခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္အတြက္ စိန္ေခၚမႈက ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးနဲ႔ အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးတို႔ကို လုိက္မီႏိုင္ေရးျဖစ္ၿပီး အဓိကဆုဖလားေတြကို စိန္ေခၚႏိုင္ေရးျဖစ္ပါတယ္။
ဘာဘာေတာ့ဗ္က ယူႏုိက္တက္အေနနဲ႔ အဲဒီလုိလုပ္ႏုိင္စြမ္းရွိၿပီး အမွတ္ေပးခ်န္ပီယံဆု ျပန္လည္စိန္ေခၚႏိုင္ေရးအတြက္ ေစ်းကြက္အတြင္း အေသးစားေခၚယူမႈေတြသာ လုိအပ္တယ္လုိ႔ ေျပာပါတယ္။
”ယူႏုိက္တက္အေနနဲ႔ ခက္ခဲတဲ့ကာလေတြကို ျဖတ္သန္းခဲ့ရတာေတာင္ အမွတ္ေပးခ်န္ပီယံဆုကို စိန္ေခၚႏုိင္တဲ့အေနအထားေရာက္သင့္တယ္လုိ႔ ထင္ပါတယ္။ ဒီဘက္ႏွစ္ေတြက ယူႏိုက္တက္အတြက္ စိန္ေခၚမႈေတြျပင္းထန္တဲ့ကာလျဖစ္ခဲ့ေပမယ့္ အမွတ္ေပးခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔လည္း လိုအပ္ပါတယ္”
”ရာသီသစ္မွာ စီးတီးနဲ႔ လီဗာပူးတို႔ကို စိန္ေခၚႏုိင္ေရးအတြက္ ထပ္မံတုိးတက္လာဖို႔ လိုအပ္ေပမယ့္ ဒီလုိလုပ္ေဆာင္ႏိုင္စြမ္းရွိပါတယ္။ ရာသီတုိင္းက ကြဲျပားျခားနားၿပီး ကုိယ္ေမွ်ာ္လင့္မထားတဲ့အရာေတြ ျဖစ္လာႏုိင္ေပမယ့္ ယူႏိုက္တက္အေနနဲ႔ဆုိရင္ေတာ့ ခ်န္ပီယံေလာင္းအျဖစ္ အၿမဲတမ္းေမွ်ာ္လင့္ထားတာပါ။ အထူးသျဖင့္ ေခၚယူမႈတခ်ိဳ႕ျပဳလုပ္ခဲ့ရင္ေပါ့”လုိ႔ ဘာဘာေတာ့ဗ္က ေျပာပါတယ္။
ယူႏုိက္တက္ဟာ ေနာက္ပိုင္းမွာ ကစားသမားသစ္ေခၚယူမႈအပိုင္း တုိးတက္လာၿပီး ဇန္န၀ါရီလအတြင္း ဖာနန္ဒက္စ္ကို စပို႔တင္းလစၥဘြန္းကေန ေခၚယူႏိုင္ခဲ့တာက အသင္းရဲ႕အေနအထားကိုပါ ျမင့္တက္ေစခဲ့ပါတယ္။
”ဖာနန္ဒက္စ္ကို ေခၚယူႏုိင္ခဲ့တာက စိတ္ဓာတ္ပိုင္းကိုပါ ျမင့္တက္ေစခဲ့ပါတယ္။ သူေရာက္လာတာနဲ႔ အသင္းရဲ႕စိတ္ဓာတ္ပိုင္းလည္း ေျပာင္းလဲသြားခဲ့ၿပီး သူကလည္း တုိက္စစ္နဲ႔ ခံစစ္ကို အေကာင္းဆုံးခ်ိတ္ဆက္ကစားႏို္ငပါတယ္။ သူ႕ေၾကာင့္လည္း ယူႏိုက္တက္အသင္း အမွတ္ေပးခ်န္ပီယံဆုစိန္ေခၚႏုိင္စြမ္းရွိလာႏိုင္ပါတယ္”လုိ႔ ဘာဘာေတာ့ဗ္က ဆက္ေျပာပါတယ္။