ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေအပေါ် ကြိုဆိုလိုက်တဲ့ တိုက်စစ်မှူး ဂျီမီနက်ဇ်

0
386

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ပစ်မှတ် ရာအူးလ် ဂျီမီနက်ဇ်က နွေရာသီမှာ ဝုဗ်က ထွက်ခွာနိုင်တယ်လို့ စကားဦး သန်းခဲ့ပြီး ထိပ်တန်းအသင်းတွေနဲ့ သတင်းထွက်နေတဲ့အတွက် ပျော်ရွှင်နေကြောင်း ဝန်ခဲ့ပါတယ်။ မက္ကဆီကိုသားဟာ ပရီးမီးယားလိဂ်မှာ ၂ရာသီကြာ ကစားခဲ့ပြီးနောက် အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။


ဂျီမီနက်ဇ်က ယခုအချိန်မှာတော့ ကောလဟာလတွေ ထွက်ပေါ်နေမှုအပေါ် ပြန်လည် တုံ့ပြန်လာခဲ့ပြီး သတင်းတွေအရ ဝုဗ်အသင်းက ပေါင် သန်း၉၀အထိ တန်ကြေး သတ်မှတ်ထားတယ်လို့ သိရပါတယ်။


ဂျီမီနက်ဇ်က “ပထမဆုံးအနေနဲ့ ကျွန်တော် ဝုဗ်မှာ ပျော်နေတဲ့အကြောင်း ပြောချင်ပါတယ်။ ကျွန်တော် အကောင်းဆုံး အခြေအနေတွေ ရှိနေတဲ့ နေရာမှာ ရှိနေတယ်လို့ ထင်ပါတယ်”


“ကောလဟာလတွေနဲ့ ပတ်သက်လို့ ကျွန်တော်က စိမ်းနေသူ မဟုတ်လဲ နေ့တိုင်းလိုလို ဘယ်အသင်းက ကမ်းလှမ်းလိုက်ပြီ ဆိုတာ ကြားနေရတာ ဘယ်နှကြိမ်မှန်းတောင် မသိတော့ပါဘူး။ တစ်ယောက်ယောက် ကျွန်တော့်အကြောင်း ပြောနေလို့ ဝမ်းသာပေမဲ့ ဝုဗ်နဲ့အတူ အလုပ်တွေ ဆက်လုပ်ရဦးမှာပါ”လို့ ပြောခဲ့ပါတယ်။


ဂျီမီနက်ဇ်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်ကလည်း တစ်သင်းအပါအဝင် ဖြစ်ပြီး ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရမရ ဆိုတာက အရေးပါနေပါတယ်။ ဝုဗ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင်အတွက် အခွင့်အရေး ရှိနေပြီး ၂သင်းစလုံးက ၃၂ပွဲ ကစားပြီးချိန် အမှတ်တူအနေအထားမှာ ရှိနေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။