ယူနိုက်တက်ကိုစွန့်ခွာပြီးနောက် ပြည်ပကိုပြောင်းရွှေ့ဖို့ မျက်စိကျနေတဲ့ အိန်ဂျယ်ဂိုမက်စ်

0
187

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေအရ ယူနိုက်တက်လူငယ်ကစားသမား အိန်ဂျယ်ဂိုမက်စ်ဟာ အသင်းကိုစွန့်ခွာပြီးနောက် ပြည်ပကိုပြောင်းရွှေ့ဖို့ မျက်စိကျနေတယ်လို့ ဖော်ပြနေကြပါတယ်။ ဂိုမက်စ်ဟာ ယူနိုက်တက်လူငယ်ကစားသမားတွေထဲမှာ အတောက်ပဆုံးကစားသမားတစ်ဦးဖြစ်ပြီး အသင်းက ဆက်ထိန်းဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် ဂိုမက်စ်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ရမယ့်ကစားသမားဖြစ်လာမှာဖြစ်ပြီး မန်ချက်စတာညနေခင်းသတင်းဌာနတွေကတော့ ကစားသမားဟာ အင်္ဂလန်မှာထက် ပြည်ပကိုသာပြောင်းလိုနေတယ်လို့ ဆိုပါတယ်။
အဆိုပါလူငယ်ကစားသမားလေးကို စပိန် ၊ ပြင်သစ် ၊ ဂျာမနီ နဲ့ ပေါ်တူဂီကလပ်တွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ အသက် ၁၉ နှစ်သားကတော့ အနာဂတ်မှာ ဘယ်ကိုပြောင်းရမလဲဆိုတာ မဆုံးဖြတ်ရသေးတာဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းကလည်း ဂိုမက်စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နည်းပြ လမ်းပတ်ကတော့ အင်္ဂလန်ကစားသမားလေးကို စိတ်မဝင်စားတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ မဆွေးနွေးရသေးတာဖြစ်ပါတယ်။


ယူနိုက်တက်အသင်းကတော့ အကယ်ဒမီကနေကြယ်ပွင့်တစ်ဦးကို အလွတ်နဲ့ လက်လွှတ်ရတော့မှာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားလေးဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ် ၊ အက်ဖ်အေ နဲ့ ကာရာဘောင်ဖလားတို့မှာ ပါဝင်ကစားခဲ့ကာ အသင်းသမိုင်းတစ်လျှောက် အဆိုပါပွဲတွေမှာ ပါဝင်ကစားတဲ့ ၄ ယောက်မြောက်လူငယ်ကစားသမားဖြစ်လာခဲ့ပါတယ်။


သူ့ရဲ့အကိုဖြစ်သူရီကိုကတော့ ကစားသမားဟာ ဘရူနိုဖာနန်ဒက်စ်အသင်းကိုရောက်ရှိလာတာကြောင့် စီနီယာအသင်းကို မတက်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ ဂိုမက်စ်ကိုအသင်းမှာသာဆက်ရှိလိုနေပေမယ့် ကစားသမားကတော့ ပွဲထွက်ခွင့်အတွက် အသင်းပြောင်းဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။