ဘရိုက်တန်အသင်းနဲ့နိုင်ပွဲအပြီးမှာ ယူနိုက်တက်အသင်းရဲ့အခြေအနေကိုအရိုးသားကို ပြောကြားလိုက်တဲ့ ပေါလ်စခိုးလ်

0
1332

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကတော့ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အင်စတာဂရမ်ကနေတစ်ဆင့် အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ အဆိုပါပွဲစဉ်မှာ ဘရိုက်တန်ကို ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေကိုတော့ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်က ပွဲကစားချိန် ၁၆ မိနစ် ၊ ၂၉ မိနစ် နဲ့ ၅၀ မိနစ်မှာ ဇန်နဝါရီကပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က လက်ရှိအသင်းအနေအထားဟာ အခုမှပုံမှန်အမှန်ကိုမြင်ရတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။


“အခုမှဘောလုံးအသင်းတစ်သင်းတစ်သင်းနဲ့တူလာခဲ့ပါတယ်”လို့ ဖာနန်ဒက်စ်ရဲ့သွင်းဂိုးအပြီး အောင်ပွဲခံတဲ့ပုံနဲ့အတူ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းကစားသမားဟောင်းဖြစ်တဲ့ နဗီးလ်ကတော့ ပေါလ်စခိုးလ်ရဲ့ပြောကြားချက်ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။


ပေါလ်စခိုးလ်ကတော့ ယူနိုက်တက်ကွင်းလယ် ဖာနန်ဒက်စ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ပေါ်တူဂီသားရဲ့ခြေစွမ်းကို သဘောကျနေတာဖြစ်ပါတယ်။ ဒါ့အပြင် စခိုးလ်က ဖာနန်ဒက်စ်ဟာ မန်စီးတီးကို ဗလန်စီယာကနေ ဒေးဗစ်ဆေးလ်ဗားရောက်ရှိလာပုံနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။


“တစ်ခါတလေမှာ အသင်းတစ်သင်းကို ကစားသမားတစ်ဦးက ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်စီးတီးအသင်းအကြောင်းပြောရတာမကြိုက်ပါဘူး။ ဒါပေမဲ့ မန်စီးတီးကို ဆေးလ်ဗားရောက်တာက တော်တော်လေးအကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဖာနန်ဒက်စ်လည်း အဲ့လိုဖြစ်လာနေပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

“သူ(ဖာနန်ဒက်စ်) က ယူနိုက်တက်အသင်းကိုေ တာ်တော်လေးပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ခြေစွမ်းကိုကြိုက်နှစ်သက်နေမိပါပြီ။ သူဟာအချိန်တိုင်းဂိုးသွင်းဖို့ ဆာလောင်နေတဲ့သူပါ”လို့ ပေါလ်စခိုးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ပိုမိုနီးစပ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။