ဆန်ချိုအတွက် ယူနိုက်တက်ရဲ့ပထမဆုံးကမ်းလှမ်းမှုအပေါ် ချက်ချင်းတုံ့ပြန်လိုက်တဲ့ ဒေါ့မွန်

0
934

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဂျာမနီမှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ ဒေါ့မွန်ဟာ တောင်ပံကစားသမား ဆန်ချိုအတွက် ပေါင် ၈၉သန်းနဲ့ ယူနိုက်တက်ရဲ့ပထမအကြိမ် ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀အရွယ်ရှိ ဆန်ချိုဟာ ယူနိုက်တက်ရဲ့ဦးစားပေးပစ်မှတ်ဖြစ်နေပြီး နည်းပြဆိုးလ်ရှားက ညာတောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းလိုနေပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် အသုံးစရိတ်အများအပြားရရှိထားပေမယ့် Bild သတင်းဌာနရဲ့ဖော်ပြချက်အရ ဆန်ချိုအတွက် ယူနိုက်တက်ရဲ့ပထမအကြိမ်ကမ်းလှမ်းမှုကို ဒေါ့မွန်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အဲဒီသတင်းဌာနကပဲ ဒေါ့မွန်အနေနဲ့ ဆန်ချိုအတွက် ယူရိုသန်း ၁၂၀ (ပေါင် ၁၀၉.၃သန်း)အလိုရှိနေတယ်လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။

Photo Credit

ဒ့ါအပြင် ဒေါ့မွန်အသင်းက ဆွစ်ဇာလန်မှာ အခြေစိုက်မယ့် ရာသီကြိုထရိန်နင်ဆင်းမယ့်ကာလမတိုင်ခင် ဆန်ချိုရဲ့အနာဂတ်ကို ဖြေရှင်းလိုနေပြီး ယူနိုက်တက်ကို သြဂုတ်လ ၁၀ ရက်နေ့နောက်ဆုံးထားကမ်းလှမ်းဖို့လည်း သတိပေးလိုက်ပါတယ်။

Photo Credit

Bild သတင်းဌာနက ဒေါ့မွန်ဟာ အင်္ဂလန်လက်ရွေးစင် ဆန်ချိုရဲ့နေရာမှာ အစားထိုးဖို့ ယခုအချိန်ကတည်းက စီစဉ်နေပြီး ဂျိုနသန်အီကွန်းနဲ့ ဂျရမီဘိုဂါတို့က ထိပ်တန်းအဆင့်ပစ်မှတ်တွေဖြစ်နေပါတယ်။ ဆန်ချိုဟာ ယခုရာသီမှာလည်း ဒေါ့မွန်ရဲ့အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ပွဲမှာ ဂိုး ၂၀ သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

ESPN သတင်းဌာနကတော့ ယူနိုက်တက်အနေနဲ့ ဆန်ချိုရဲ့အပြောင်းအရွှေ့ကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ သဘောတူညီနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး စွမ်းဆောင်ရည်နဲ့ အသင်းအောင်မြင်မှုအပေါ် မူတည်ကာ များပြားတဲ့ဆုကြေးငွေတွေ ထည့်သွင်းပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲဒီသတင်းဌာနကပဲ ဆန်ချိုအနေနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိုနေတယ်လို့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဆီ ဆန်ချိုရဲ့ကိုယ်စားလှယ်တွေက အသိပေးခဲ့တယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဆန္ခ်ိဳအတြက္ ယူႏုိက္တက္ရဲ႕ပထမဆုံးကမ္းလွမ္းမႈအေပၚ ခ်က္ခ်င္းတုံ႔ျပန္လုိက္တဲ့ ေဒါ့မြန္

ဂ်ာမနီမွာ ထြက္ေပၚေနတ့ဲသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေဒါ့မြန္ဟာ ေတာင္ပံကစားသမား ဆန္ခ်ိဳအတြက္ ေပါင္ ၈၉သန္းနဲ႔ ယူႏိုက္တက္ရဲ႕ပထမအႀကိမ္ ကမ္းလွမ္းမႈကို ခ်က္ခ်င္းပယ္ခ်ခဲ့တယ္လုိ႔ သိရပါတယ္။ အသက္ ၂၀အရြယ္ရွိ ဆန္ခ်ိဳဟာ ယူႏုိက္တက္ရဲ႕ဦးစားေပးပစ္မွတ္ျဖစ္ေနၿပီး နည္းျပဆုိးလ္ရွားက ညာေတာင္ပံတုိက္စစ္ကို အင္အားျဖည့္တင္းလုိေနပါတယ္။
ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့ၿပီးေနာက္ အေျပာင္းအေရႊ႕အတြက္ အသုံးစရိတ္အမ်ားအျပားရရွိထားေပမယ့္ Bild သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဆန္ခ်ိဳအတြက္ ယူႏုိက္တက္ရဲ႕ပထမအႀကိမ္ကမ္းလွမ္းမႈကို ေဒါ့မြန္အသင္းက ပယ္ခ်ခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီသတင္းဌာနကပဲ ေဒါ့မြန္အေနနဲ႔ ဆန္ခ်ိဳအတြက္ ယူရိုသန္း ၁၂၀ (ေပါင္ ၁၀၉.၃သန္း)အလုိရွိေနတယ္လုိ႔ ဆက္လက္ေဖာ္ျပခဲ့ပါတယ္။
ဒ့ါအျပင္ ေဒါ့မြန္အသင္းက ဆြစ္ဇာလန္မွာ အေျခစိုက္မယ့္ ရာသီႀကိဳထရိန္နင္ဆင္းမယ့္ကာလမတုိင္ခင္ ဆန္ခ်ိဳရဲ႕အနာဂတ္ကို ေျဖရွင္းလုိေနၿပီး ယူႏိုက္တက္ကို ၾသဂုတ္လ ၁၀ ရက္ေန႔ေနာက္ဆုံးထားကမ္းလွမ္းဖို႔လည္း သတိေပးလုိက္ပါတယ္။
Bild သတင္းဌာနက ေဒါ့မြန္ဟာ အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳရဲ႕ေနရာမွာ အစားထုိးဖုိ႔ ယခုအခ်ိန္ကတည္းက စီစဥ္ေနၿပီး ဂ်ိဳနသန္အီကြန္းနဲ႔ ဂ်ရမီဘိုဂါတို႔က ထိပ္တန္းအဆင့္ပစ္မွတ္ေတြျဖစ္ေနပါတယ္။ ဆန္ခ်ိဳဟာ ယခုရာသီမွာလည္း ေဒါ့မြန္ရဲ႕အဓိကကစားသမားအျဖစ္ ေျခစြမ္းျပခဲ့ၿပီး ၿပိဳင္ပြဲစုံ ၄၄ပဲြမွာ ဂုိး ၂၀ သြင္းယူကာ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ESPN သတင္းဌာနကေတာ့ ယူႏုိက္တက္အေနနဲ႔ ဆန္ခ်ိဳရဲ႕အေျပာင္းအေရႊ႕ကို ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀ နဲ႔ သေဘာတူညီႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၿပီး စြမ္းေဆာင္ရည္နဲ႔ အသင္းေအာင္ျမင္မႈအေပၚ မူတည္ကာ မ်ားျပားတဲ့ဆုေၾကးေငြေတြ ထည့္သြင္းေပးဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ အဲဒီသတင္းဌာနကပဲ ဆန္ခ်ိဳအေနနဲ႔ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေရႊ႕လုိေနတယ္လုိ႔ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဆီ ဆန္ခ်ိဳရဲ႕ကုိယ္စားလွယ္ေတြက အသိေပးခဲ့တယ္လုိ႔ သိရပါတယ္။