ကော်တင်ညိုကို ပေါင် ၉သန်းတည်းနဲ့ ခေါ်ယူနိုင်မယ့်အခွင့်အရေး အာဆင်နယ်ကို ဘာစီလိုနာ ကမ်းလှမ်းထား

0
245

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ယခုနွေရာသီအတွင်း ကွင်းလယ်လူ ကော်တင်ညိုကို ပေါင် ၉သန်းနဲ့ ခေါ်ယူမလားဆိုပြီး အာဆင်နယ်အသင်းထံ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ကော်တင်ညိုဟာ အခုချိန်အထိ ဘိုင်ယန်မြူးနစ်မှာ အငှားကစားနေရင်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပေမယ့် ဂျာမန်ကလပ်က သူ့ကို အပြီးသတ်ခေါ်ယူမှာမဟုတ်ဘဲ ရာသီကုန်ဆုံးရင် မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပါတယ်။

ကော်တင်ညိုဟာ နူးကမ့်ကို ပြန်ရောက်ရင် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်ကူလို့ ပရီးမီးယားလိဂ်ကို ပြန်ရောက်ဖွယ်ရှိနေပြီး သူ့ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ စပါးတို့က အပြိုင်စိတ်ဝင်စားနေပေမယ့် ဒီပုံစံအတိုင်းဆိုရင်တော့ အာဆင်နယ်ကို ရောက်ဖို့က ဖြစ်နိုင်ခြေပိုများနေပါတယ်။

The Independent သတင်းစာရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကော်တင်ညိုကို အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီနဲ့ အလဲအထပ်သဘောမျိုး ပြုလုပ်ဖို့ အာဆင်နယ်အသင်းထံ ကမ်းလှမ်းထားပြီး အာဆင်နယ်ဘက်က ငွေသား ပေါင် ၉သန်းပဲ ပေးချေဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကတော့ စနေညမှာ ချဲလ်ဆီးနဲ့ကစားမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲရလဒ်ကို စောင့်ကြည့်ဖွယ်ရှိနေပြီး ဥရောပဝင်ခွင့်ရ မရက အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် များစွာအကျိုးသက်ရောက်မှုရှိနိုင်လို့ ရလဒ်သိပြီးမှသာ အပြောင်းအရွှေ့ကိစ္စတွေကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်ဟာ ချဲလ်ဆီးကိုအနိုင်ရရင် ယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပြီး နည်းပြအာတီတာက အသင်းအင်အားဖြည့်တင်းလိုနေသလို တကယ်လို့ ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုသာ အပြီးသတ်မခေါ်ယူနိုင်ခဲ့ရင် ကေင်တင်ညိုက အကောင်းဆုံးအင်အားဖြည့်တင်းမှုဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

တစ်ဆက်တည်းမှာပဲ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ကလည်း ပြင်သစ်နိုင်ငံသား ဂွမ်ဒိုဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂွမ်ဒိုဇီဟာ ဇွန်လအတွင်း ဘရိုက်တန်တိုက်စစ်မှူး နီးလ်မော်ပေးနဲ့ အချင်းများခဲ့ပြီးချိန်ကတည်းက အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပါတယ်။

အဲဒီဖြစ်ရပ်အပြီးမှာ အာတီတာက ဂွမ်ဒိုဇီရဲ့မရင့်ကျက်မှုကို မေးခွန်းထုတ်ဝေဖန်ခဲ့ပြီး နည်းစနစ်ဒါရိုက်တာ အီဒူးအပါအဝင် ၃ယောက်သား တွေ့ဆုံဆွေးနွေးပြီးနောက် သဘောမကျဖြစ်ခဲ့လို့ ဂွမ်ဒိုဇီလည်း အခုချိန်အထိ ပွဲထွက်ခွင့်ဆုံးရှုံးနေရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ေကာ္တင္ညိဳကို ေပါင္ ၉သန္းတည္းနဲ႔ ေခၚယူႏိုင္မယ့္အခြင့္အေရး အာဆင္နယ္ကို ဘာစီလုိနာ ကမ္းလွမ္းထား

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ယခုေႏြရာသီအတြင္း ကြင္းလယ္လူ ေကာ္တင္ညိဳကို ေပါင္ ၉သန္းနဲ႔ ေခၚယူမလားဆုိၿပီး အာဆင္နယ္အသင္းထံ ကမ္းလွမ္းခဲ့တယ္လုိ႔ သိရပါတယ္။ ေကာ္တင္ညိဳဟာ အခုခ်ိန္အထိ ဘိုင္ယန္ျမဴးနစ္မွာ အငွားကစားေနရင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ေနေပမယ့္ ဂ်ာမန္ကလပ္က သူ႕ကို အၿပီးသတ္ေခၚယူမွာမဟုတ္ဘဲ ရာသီကုန္ဆုံးရင္ မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းရမွာျဖစ္ပါတယ္။

ေကာ္တင္ညိဳဟာ ႏူးကမ့္ကို ျပန္ေရာက္ရင္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ မလြယ္ကူလုိ႔ ပရီးမီးယားလိဂ္ကို ျပန္ေရာက္ဖြယ္ရွိေနၿပီး သူ႕ကို ေခၚယူဖုိ႔ အာဆင္နယ္နဲ႔ စပါးတို႔က အၿပိဳင္စိတ္၀င္စားေနေပမယ့္ ဒီပုံစံအတုိင္းဆိုရင္ေတာ့ အာဆင္နယ္ကို ေရာက္ဖို႔က ျဖစ္ႏိုင္ေျခပိုမ်ားေနပါတယ္။

The Independent သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ ေကာ္တင္ညိဳကို အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒိုဇီနဲ႔ အလဲအထပ္သေဘာမ်ိဳး ျပဳလုပ္ဖို႔ အာဆင္နယ္အသင္းထံ ကမ္းလွမ္းထားၿပီး အာဆင္နယ္ဘက္က ေငြသား ေပါင္ ၉သန္းပဲ ေပးေခ်ဖုိ႔ ကမ္းလွမ္းထားတယ္လုိ႔ သိရပါတယ္။

ဒါေပမဲ့ အာဆင္နယ္အသင္းတာ၀န္ရွိသူေတြကေတာ့ စေနညမွာ ခ်ဲလ္ဆီးနဲ႔ကစားမယ့္အက္ဖ္ေအဖလားဗိုလ္လုပဲြရလဒ္ကို ေစာင့္ၾကည့္ဖြယ္ရွိေနၿပီး ဥေရာပ၀င္ခြင့္ရ မရက အသင္းရဲ႕ဘ႑ာေရးအေျခအေနအေပၚ မ်ားစြာအက်ိဳးသက္ေရာက္မႈရွိႏိုင္လို႔ ရလဒ္သိၿပီးမွသာ အေျပာင္းအေရႊ႕ကိစၥေတြကို ဆုံးျဖတ္ဖြယ္ရွိေနပါတယ္။

အာဆင္နယ္ဟာ ခ်ဲလ္ဆီးကိုအႏိုင္ရရင္ ယူ႐ိုပါလိဂ္၀င္ခြင့္ရရွိမွာျဖစ္ၿပီး နည္းျပအာတီတာက အသင္းအင္အားျဖည့္တင္းလုိေနသလုိ တကယ္လုိ႔ ရီးရဲလ္ကေန အငွားနဲ႔ ေခၚယူထားတဲ့ ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကိုသာ အၿပီးသတ္မေခၚယူနိုင္ခဲ့ရင္ ေကင္တင္ညိဳက အေကာင္းဆုံးအင္အားျဖည့္တင္းမႈျဖစ္လာလိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။

တစ္ဆက္တည္းမွာပဲ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္ကလည္း ျပင္သစ္ႏိုင္ငံသား ဂြမ္ဒိုဇီကို ေခၚယူဖုိ႔ စိတ္၀င္စားေနၿပီး ဂြမ္ဒိုဇီဟာ ဇြန္လအတြင္း ဘ႐ိုက္တန္တုိက္စစ္မွဴး နီးလ္ေမာ္ေပးနဲ႔ အခ်င္းမ်ားခဲ့ၿပီးခ်ိန္ကတည္းက အသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနပါတယ္။

အဲဒီျဖစ္ရပ္အၿပီးမွာ အာတီတာက ဂြမ္ဒိုဇီရဲ႕မရင့္က်က္မႈကို ေမးခြန္းထုတ္ေ၀ဖန္ခဲ့ၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးအပါအ၀င္ ၃ေယာက္သား ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ သေဘာမက်ျဖစ္ခဲ့လုိ႔ ဂြမ္ဒိုဇီလည္း အခုခ်ိန္အထိ ပြဲထြက္ခြင့္ဆုံး႐ံႈးေနရပါတယ္။