OFFICIAL: သောမတ်မူနီယာကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး ခေါ်ယူလိုက်တဲ့ ဒေါ့မွန်

0
1396

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့မွန်အသင်းကတော့ ပီအက်စ်ဂျီအသင်းကနေ အလွတ်နဲ့ ဘယ်လ်ဂျီယံသား သောမတ်မူနီယာကို ခေါ်ယူလိုက်ပါတယ်။ အသက် ၂၈ နှစ်သားဟာ ဒေါ့မွန်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။


ဒေါ့မွန်အသင်းကလည်း နောက်ခံလူ မူနီယာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ တွစ်တာကနေ ကြေညာခဲ့ပါတယ်။ အဆိုပါပီအက်စ်ဂျီသားကို ၂၀၁၆ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကလည်းခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။


ဒေါ့မွန်အသင်းမှာတော့ ဝှစ်ဆယ် နဲ့ သော်ကန်ဟာဇက်တို့ရှိနေပြီး လက်ရှိသောမတ်မူနီယာကတော့ ဒေါ့မွန်မှာ နိုင်ငံအသင်းဖော်တွေနဲ့ ဆုံဆည်းရတော့မှာဖြစ်ပါတယ်။ “ဒေါ့မွန်က တကယ့်အသင်းကောင်းတစ်သင်းပါ။

ကျွန်တော်လည်း ဒေါ့မွန်အသင်းမှာ ကစားချင်နေတာပါ။ အခုတော့ ကျွန်တော့်အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ”လို့ မူနီယာက ဒေါ့မွန်အသင်းတရားဝင်ဝက်ဘ်ဆိုက်ဒ်ကနေ ပြောပါတယ်။


“ဒေါ့မွန်အသင်းပရိသတ်တွေကလည်း တကယ့်ကို အင်တိုက်အားတိုက်အားပေးကြပါတယ်။ ပီအက်စ်ဂျီအသင်းမှာကစားတုန်းက ဒေါ့မွန်နဲ့ကစားဖူးပါတယ်။ အဲ့တာကြောင့်လည်း ဒီကိုပြောင်းလာခဲ့ရပါတယ်။ ကျွန်တော်အခုတော့ ဒေါ့မွန်သားဖြစ်လာပါပြီ။ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူချင်ပါတယ်”လို့ မူနီယာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။