ဆန်းချက်ဇ်ကို စပိန်မြေကို ပြန်လာဖို့ ကမ်းလှမ်းလိုက်တဲ့ ဘရာဇီးဂန္တ၀င် ရော်နယ်ဒို

0
847

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘရာဇီးဂန္တ၀င် ရော်နယ်ဒိုကတော့ ယူနိုက်တက် နဲ့ အင်တာမီလန်အသင်းတို့မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဆန်းချက်ဇ်ကို ဗယ်လာဒိုးလစ်အသင်းထံ ပြန်လာဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ချီလီသားဟာ ယူနိုက်တက်အသင်းကနေ စီးရီးအေကိုအငှားနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။


ဒါ့အပြင် လာမယ့်နွေရာသီမှာလည်း အသင်းတစ်သင်းထံအပြီးသတ်ပြောင်းရွှေ့လိုနေပါတယ်။ ခြေကျင်း၀တ်ဒဏ်ရာရရှိခဲ့ပြီးနောက် ဆန်းချက်ဇ်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်၀လာခဲ့ဖြစ်ကာ တနင်္ဂနွေနေ့မှာ ကစားမယ့် ဆမ်ဒိုးရီးယားနဲ့ပွဲမှာ ပါ၀င်လာဖွယ်ရှိနေပါတယ်။

သတင်းတွေအရ ဆန်းချက်ဇ်ဟာ နွေရာသီမှာ အင်တာမီလန်အသင်းထံ အပြီးသတ်ပြောင်းရွှေ့လိုနေပေမယ့် အင်တာမီလန်တာ၀န်ရှိသူတွေက ခေါ်ယူဖို့စိတ်မ၀င်စားတာဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုက ဆန်းချက်ဇ်ကို ဗယ်လာဒိုးလစ်အသင်းထံ လာရောက်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။


“ဆန်းချက်ဇ်က ဘယ်နေရာကိုသွားသွားအောင်မြင်နိုင်ပါတယ်။ သူ့မှာ အရည်အချင်းတွေအများကြီးရှိနေပါတယ်။ သူအင်တာမီလန်မှာ မအောင်မြင်ဘူးဆိုရင် ဗယ်လာဒိုးလစ်ကိုလာဖို့ ဖိတ်ခေါ်ပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲံပါတယ်။ ရော်နယ်ဒိုဟာ အင်တာမီလန်အသင်းမှာ ပွဲပေါင်း ၉၈ ပွဲအထိ ပါ၀င်ကစားခဲ့ပြီး ၅၉ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။


၂၀၁၈ ခုနှစ်မှာတော့ ရော်နယ်ဒိုဟာ ဗယ်လာဒိုးလစ်အသင်းရဲ့ ရှယ်ယာ ၅၁ % ကို ရယူခဲ့ကာ လက်ရှိအချိန်မှာတော့ ရှယ်ယာ ၈၀ % အထိရှိနေပြီဖြစ်ပါတယ်။ ဗယ်လာဒိုးလစ်အသင်းဟာ လက်ရှိ ၈ ပွဲကစားဖို့ ကျန်ရှိနေချိန် အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။


အခုလအစောပိုင်းတုန်းကလည်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဆန်ချက်ဇ်ဟာ အနာဂတ်မှာအသင်းနဲ့ အံမ၀င်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အာဆင်နယ်အသင်းထံကနေ မစ်ခီတာရန်းနဲ့ အလဲအထပ်သဘောမျိုးရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ချီလီသားဟာ ယူနိုက်တက်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသဖို့ ရုန်းကန်ခဲ့ရကာ လက်ရှိအင်တာမှာလည်း ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေရပါတယ်။