၁၆ နှစ်အရွယ် မက်ဆီနဲ့ရင်ဆိုင်အတွေ့ ၁၅ မိနစ်အကြာမှာပဲ မိမိကို လူစားလဲဖို့ တောင်းဆိုခဲ့ရတယ်လို့ ကော်စတာကာတာ ဖွင့်ဟ

0
854

Photo Credit

Photo Credit

အီတလီဂန္ထဝင်နောက်ခံလူ အလန်ဇန်ဒရိုကော်စတာကာတာက အသက် ၁၆နှစ်အရွယ်ပဲရှိသေးတဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ ရင်ဆိုင်အတွေ့ ၁၅ မိနစ်အကြာမှာပဲ သူ့ကို လူစားလဲဖို့ တောင်းဆိုရေးအတွက် လုံလောက်ခဲ့တယ်လု့ိ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အေစီမီလန်အသင်းအတွက် ၄၅၈ ပွဲနဲ့ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ ကျော် ပါဝင်ကစားပေးခဲ့တဲ့ ကော်စတာကာတာဟာ ဘာစီလိုနာမှာ မက်ဆီ စတင်ပွဲထွက်ခွင့်ရချိန်မှာ သူနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit

အနာဂတ်မှာ Ballon d’Or ဆု ၆ကြိမ်ရရှိမယ့် မက်ဆီနဲ့ရင်ဆိုင်အတွေ့မှာတော့ ကော်စတာကာတာလည်း သူ့ကို လူစားလဲဖို့ အေစီမီလန်နည်းပြ(ထိုစဉ်က) အန်ဆလော့တီဆီ အကြောင်းကြားခဲ့ပါတယ်။ ”သူ့အသက် ၁၆ နှစ်သားမှာပဲ မက်ဆီနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ပါတယ်။ သူ့ကို မြင်စကတော့ ကလေးတစ်ယောက်လိုပဲပေါ့။ ဒါပေမဲ့ ၁၅ မိနစ်အကြာမှာတော့ ကျွန်တော်လည်း လူစားလဲပေးဖို့ အန်ဆလော့တီကို တောင်းဆိုခဲ့ရပါတယ်”လို့ ကော်စတာကာတာက ပြောပါတယ်။

Photo Credit

ကော်စတာကာတာဟာ သူနဲ့ရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ထပ်အာဂျင်တီးနားကြယ်ပွင့် ဒီယေဂိုမာရာဒိုနာနဲ့ မက်ဆီတို့ကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ Debate မှာလည်း သူ့အမြင်ကို ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိ ကော်စတာကာတာဟာ နာပိုလီအသင်းမှာ မာရာဒိုနာကစားခဲ့စဉ်က ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးပြီး မက်ဆီက မာရာဒိုနာထက် ပိုကောင်းသလို ဒိုင်လူကြီးတွေရဲ့ကာကွယ်ပေးမှုလည်း ပိုမိုခံစားရတယ်လို့ ပြောပါတယ်။

Photo Credit

”သူတို့နှစ်ယောက်က အရည်အသွေးချင်း သိပ်မကွာပေမယ့် မက်ဆီက မာရာဒိုနာထက် ဉာဏ်ပိုကောင်းပါတယ်။ နောက်ထပ်ကွဲပြားတာက ကျွန်တော်တို့ဟာ အဝါကတ်ပြသမခံရခင် မာရာဒိုနာကို ပြစ်ဒဏ် ၆၆ ကြိမ်ကျူးလွန်လို့ရပေမယ့် မက်ဆီကတော့ ကွဲပြားခြားနားပါတယ်”လို့ ကော်စတာကာတာက ဆက်လက်ပြောကြားခဲ့ပါတယ်။

Photo Credit

Zawgyi

၁၆ ႏွစ္အရြယ္ မက္ဆီနဲ႔ရင္ဆိုင္အေတြ႕ ၁၅ မိနစ္အၾကာမွာပဲ မိမိကို လူစားလဲဖို႔ ေတာင္းဆိုခဲ့ရတယ္လုိ႔ ေကာ္စတာကာတာ ဖြင့္ဟ

အီတလီဂႏၳ၀င္ေနာက္ခံလူ အလန္ဇန္ဒ႐ိုေကာ္စတာကာတာက အသက္ ၁၆ႏွစ္အရြယ္ပဲရွိေသးတဲ့ ဘာစီလုိနာတုိက္စစ္မွဴး လီယြန္နယ္မက္ဆီနဲ႔ ရင္ဆုိင္အေတြ႕ ၁၅ မိနစ္အၾကာမွာပဲ သူ႕ကို လူစားလဲဖို႔ ေတာင္းဆုိေရးအတြက္ လုံေလာက္ခဲ့တယ္လု႔ိ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ ေအစီမီလန္အသင္းအတြက္ ၄၅၈ ပြဲနဲ႔ အီတလီလက္ေရြးစင္အသင္းအတြက္ ပြဲေပါင္း ၅၀ ေက်ာ္ ပါ၀င္ကစားေပးခဲ့တဲ့ ေကာ္စတာကာတာဟာ ဘာစီလုိနာမွာ မက္ဆီ စတင္ပြဲထြက္ခြင့္ရခ်ိန္မွာ သူနဲ႔ထိပ္တုိက္ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။
အနာဂတ္မွာ Ballon d’Or ဆု ၆ႀကိမ္ရရွိမယ့္ မက္ဆီနဲ႔ရင္ဆုိင္အေတြ႕မွာေတာ့ ေကာ္စတာကာတာလည္း သူ႕ကို လူစားလဲဖို႔ ေအစီမီလန္နည္းျပ(ထုိစဥ္က) အန္ဆေလာ့တီဆီ အေၾကာင္းၾကားခဲ့ပါတယ္။ ”သူ႕အသက္ ၁၆ ႏွစ္သားမွာပဲ မက္ဆီနဲ႔ ကၽြန္ေတာ္ ရင္ဆုိင္ခဲ့ပါတယ္။ သူ႕ကို ျမင္စကေတာ့ ကေလးတစ္ေယာက္လုိပဲေပါ့။ ဒါေပမဲ့ ၁၅ မိနစ္အၾကာမွာေတာ့ ကၽြန္ေတာ္လည္း လူစားလဲေပးဖို႔ အန္ဆေလာ့တီကို ေတာင္းဆုိခဲ့ရပါတယ္”လုိ႔ ေကာ္စတာကာတာက ေျပာပါတယ္။
ေကာ္စတာကာတာဟာ သူနဲ႔ရင္ဆုိင္ခဲ့ဖူးတဲ့ ေနာက္ထပ္အာဂ်င္တီးနားၾကယ္ပြင့္ ဒီေယဂိုမာရာဒိုနာနဲ႔ မက္ဆီတုိ႔ၾကား ဘယ္သူပိုေကာင္းလဲဆုိတဲ့ Debate မွာလည္း သူ႕အျမင္ကို ၀င္ေရာက္ေဆြးေႏြးခဲ့ပါတယ္။ အသက္ ၅၄ ႏွစ္အရြယ္ရွိ ေကာ္စတာကာတာဟာ နာပိုလီအသင္းမွာ မာရာဒိုနာကစားခဲ့စဥ္က ၿပိဳင္ဘက္အျဖစ္ ရင္ဆုိင္ခဲ့ဖူးၿပီး မက္ဆီက မာရာဒိုနာထက္ ပိုေကာင္းသလို ဒုိင္လူႀကီးေတြရဲ႕ကာကြယ္ေပးမႈလည္း ပုိမိုခံစားရတယ္လုိ႔ ေျပာပါတယ္။
”သူတုိ႔ႏွစ္ေယာက္က အရည္အေသြးခ်င္း သိပ္မကြာေပမယ့္ မက္ဆီက မာရာဒိုနာထက္ ဉာဏ္ပိုေကာင္းပါတယ္။ ေနာက္ထပ္ကြဲျပားတာက ကၽြန္ေတာ္တို႔ဟာ အ၀ါကတ္ျပသမခံရခင္ မာရာဒိုနာကို ျပစ္ဒဏ္ ၆၆ ႀကိမ္က်ဴးလြန္လုိ႔ရေပမယ့္ မက္ဆီကေတာ့ ကြဲျပားျခားနားပါတယ္”လုိ႔ ေကာ္စတာကာတာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။