အိုနာနာကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးက ကီပါကို ၂နှစ်အငှားနဲ့ ခေါ်ယူဖို့ ဗလန်စီယာ အလိုရှိနေ

0
753

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဗလန်စီယာအသင်းဟာ ချဲလ်ဆီး ဂိုးသမား ကီပါကို ၂နှစ်အငှားနဲ့ ခေါ်ယူလိုနေကြောင်း သိရပါတယ်။ နွေရာသီမှာ အသင်းက ထွက်ခွာဖွယ် ရှိနေတဲ့ ဂိုးသမား ဆီလက်ဆန်ရဲ့ နေရာအတွက် စပိန်သားကို ဗလန်တို့ ပစ်မှတ်ထားလာတာပါ။

marcaရဲ့ ဖော်ပြချက်အရ ဗလန်စီယာက ခေါ်ယူမယ်ဆိုရင် ကနဦး ၂နှစ်အငှား+ အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဗလန်စီယာရဲ့ ချဉ်းကပ်မှုမှာ အဓိက ကျနေတာကတော့ အေဂျက်စ် ဂိုးသမား အိုနာနာကို ချဲလ်ဆီးက ခေါ်ယူတာ ဖြစ်ကာ အိုနာနာရဲ့နေရာ ဆီလက်ဆန်က ဝင်မယ့်အပေါ် မူတည်နေပါတယ်။


အိုနာနာဟာ အေဂျက်စ်အသင်းမှာ လက်စွမ်းပြနေပြီး ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ ကီပါဟာ ချဲလ်ဆီးကို ကမ္ဘာ့စံချိန်တင် ပေါင် ၇၂သန်းနဲ့ ပြောင်းလာတာ ဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ နံပါတ် ၁ဂိုးသမား ဖြစ်လာခဲ့ပါတယ်။


ယခုနှစ်အစောပိုင်းကတော့ လက်စွမ်းကျဆင်းမှုကြောင့် ဂိုးသမား ကာဘယ်လီယိုကို နေရာ ဖယ်ပေးခဲ့ရတာကြောင့် အနာဂတ် မရေရာတော့တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ နည်းပြ လမ်းပတ်ဟာ ကီပါကို ပြန်သုံးနေတာကို တွေ့မြင်ခဲ့ရပြီး ယမန်နေ့က မန်စီးတီးနဲ့ ပွဲမှာလည်း သုံးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။