အာဆင်နယ်ကနေ ထွက်မသွားချင်သေးဘူးလို့ ဒေးဗစ်လုဇ်ဆို

0
264

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်စီးတီးကို ၃ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အမှားကနေ ၂ ဂိုးပေးခဲ့ရသလို အနီကတ်လည်း ပြခံခဲ့ရပေမယ့် ဒေးဗစ်လုဇ်က သူ့အနေနဲ့ အာဆင်နယ်အသင်းမှာပဲဆက်နေချင်သေးတယ်လို့ ဆိုပါတယ်။ ဒေးဗစ်လုဇ်ဟာ ဒီဘရိုင်းရဲ့ ဖြတ်ဘောကို ရှင်းထုတ်ရာမှာ ခြေချော်ခဲ့လို့ သူ့နောက်က စတာလင်းဘောလုံး ရပြီး ဦးဆောင်ဂိုးစပေးခဲ့ရသလို မာရက်ဇ်ကို ဂိုးဧရိယာထဲမှာ ဆွဲလှဲချခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့အပြင် အနီကတ်ပါ ထိခဲ့တာပါ။

ဒေးဗစ်လုဇ်ရဲ့အမှားတွေကြောင့် အာဆင်နယ်ပရိသတ်တွေဒေါသထွက်ခဲ့ရပြီး အသင်းကနေ ရောင်းထုတ်ဖို့အထိ အာဆင်နယ်အသင်းရဲ့တွစ်တာစာမျက်နာမှာ တောင်းဆိုမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒေးဗစ်လုဇ်ကလည်း မန်စီးတီးကို အရေးနိမ့်ခဲ့ရတာဟာ သူ့အမှားကြောင့်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒေးဗစ်လုဇ်က “ မန်စီးတီးကို ရှုံးခဲ့ရတာ အသင်းရဲ့အမှားမဟုတ်မပါဘူး။ ကျတော့်အမှားကြောင့်ပါ။ နည်းပြရော၊ ကစားသမားတွေပါ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ကြပေမယ့် ကျတော့်အမှားအယွင်းကြောင့် အခုလို အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ဆုံးဖြတ်ချက်တစ်ခုကို ကျတော် ချမှတ်ခဲ့သင့်ပေမယ့် အသင်းနဲ့စာချုပ်ရှိနေသေးလို့ မဆုံးဖြတ်ခဲ့ရဘူး”လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ လက ဆုံးဖြတ်ချက်ဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူက “ ကျတော် အနာဂတ်ကိစ္စကို ဆုံးဖြတ်ဖို့ပါ။ အသင်းကိုလည်းမတောင်းဆိုချင်ခဲ့ဘူး။ ဘာလို့လည်းဆိုတော့ အာဆင်နယ်မှာ ကျတော် ပျော်နေလို့ပါ။ ဒါကြောင့်လည်း ဒီနေ့အထိ အာဆင်နယ်အသင်းမှာ ကျတော်ဆက်ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်မှာပဲ ဆက်နေချင်ပါတယ်”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

အာဆင္နယ္ကေန ထြက္မသြားခ်င္ေသးဘူးလို႔ ေဒးဗစ္လုဇ္ဆို
/////////////////////////////////////
မန္စီးတီးကို ၃ ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ သူ႔အမွားကေန ၂ ဂိုးေပးခဲ့ရသလို အနီကတ္လည္း ျပခံခဲ့ရေပမယ့္ ေဒးဗစ္လုဇ္က သူ႔အေနနဲ႔ အာဆင္နယ္အသင္းမွာပဲဆက္ေနခ်င္ေသးတယ္လို႔ ဆိုပါတယ္။ ေဒးဗစ္လုဇ္ဟာ ဒီဘ႐ိုင္းရဲ႕ ျဖတ္ေဘာကို ရွင္းထုတ္ရာမွာ ေျခေခ်ာ္ခဲ့လို႔ သူ႔ေနာက္က စတာလင္းေဘာလုံး ရၿပီး ဦးေဆာင္ဂိုးစေပးခဲ့ရသလို မာရက္ဇ္ကို ဂိုးဧရိယာထဲမွာ ဆြဲလွဲခ်ခဲ့လို႔ ပင္နယ္တီေပးခဲ့ရတဲ့အျပင္ အနီကတ္ပါ ထိခဲ့တာပါ။

ေဒးဗစ္လုဇ္ရဲ႕အမွားေတြေၾကာင့္ အာဆင္နယ္ပရိသတ္ေတြေဒါသထြက္ခဲ့ရၿပီး အသင္းကေန ေရာင္းထုတ္ဖို႔အထိ အာဆင္နယ္အသင္းရဲ႕တြစ္တာစာမ်က္နာမွာ ေတာင္းဆိုမႈေတြရွိခဲ့တာျဖစ္ပါတယ္။ ေဒးဗစ္လုဇ္ကလည္း မန္စီးတီးကို အေရးနိမ့္ခဲ့ရတာဟာ သူ႔အမွားေၾကာင့္ျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ေဒးဗစ္လုဇ္က “ မန္စီးတီးကို ရႈံးခဲ့ရတာ အသင္းရဲ႕အမွားမဟုတ္မပါဘူး။ က်ေတာ့္အမွားေၾကာင့္ပါ။ နည္းျပေရာ၊ ကစားသမားေတြပါ အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့ၾကေပမယ့္ က်ေတာ့္အမွားအယြင္းေၾကာင့္ အခုလို အရႈံးနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္လေလာက္က ဆုံးျဖတ္ခ်က္တစ္ခုကို က်ေတာ္ ခ်မွတ္ခဲ့သင့္ေပမယ့္ အသင္းနဲ႔စာခ်ဳပ္ရွိေနေသးလို႔ မဆုံးျဖတ္ခဲ့ရဘူး”လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ ၂ လက ဆုံးျဖတ္ခ်က္ဆိုတာနဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ သူက “ က်ေတာ္ အနာဂတ္ကိစၥကို ဆုံးျဖတ္ဖို႔ပါ။ အသင္းကိုလည္းမေတာင္းဆိုခ်င္ခဲ့ဘူး။ ဘာလို႔လည္းဆိုေတာ့ အာဆင္နယ္မွာ က်ေတာ္ ေပ်ာ္ေနလို႔ပါ။ ဒါေၾကာင့္လည္း ဒီေန႔အထိ အာဆင္နယ္အသင္းမွာ က်ေတာ္ဆက္ရွိေနတာျဖစ္ပါတယ္။ အာဆင္နယ္မွာပဲ ဆက္ေနခ်င္ပါတယ္”လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။