အဝေးကွင်းမှာ အမှတ်တွေလျော့နေမှုအတွက် နည်းပြကို သွားမေးလို့ ဆွာရက်ဇ် ပြော

0
177

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Photo Credit

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဆယ်လ်တာဗီဂိုနဲ့ ၂-၂ ဂိုးသရေကျကာ လာလီဂါချန်ပီယံဆုကာကွယ်နိုင်ရေးအတွက် နောက်ထပ်ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြဆက်တီယန်ကို ထိုးနှက်တဲ့သဘောမျိုး ပြောသွားပါတယ်။ ဆွာရက်ဇ်ဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ တစ်ဂိုးစီသွင်းယူကာ ဘာစီလိုနာအသင်း ၂ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဆယ်လ်တာဗီဂိုက ဆမိုလော့ဗ်နဲ့ အက်စ်ပတ်စ်တို့က ချေပဂိုးတွေ သွင်းယူနိုင်ခဲ့လို့ သရေတစ်မှတ်ရရှိသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခဲ့ပေမယ့် ရီးရဲလ်ကသာ ယနေ့ညပွဲစဉ်မှာ ဇယားအောက်ဆုံးက အက်စ်ပန်ညိုကို အနိုင်ရခဲ့ရင် ၂ မှတ်လျော့သွားမှာဖြစ်ပြီး ရာသီကုန်ဖို့ကလည်း ၆ပွဲပဲ လိုတော့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ၂ပွဲဆက်သရေကျခဲ့မှုနဲ့ပတ်သက်လို့ ဆွာရက်ဇ်က ”ဒီအတွက်ကြောင့်ပဲ နည်းပြတွေ ရှိနေတာဖြစ်ပြီး ဒီအခြေအနေတွေကို လေ့လာဆန်းစစ်နိုင်ဖို့လေ”

Photo Credit

”ကျွန်တော်တို့ကတော့ ကွင်းထဲမှာ အကောင်းဆုံးပုံစံရရှိအောင် လုပ်နေတာပါ။ အဝေးကွင်းတွေမှာ ကျွန်တော်တို့အသင်း အရေးပါတဲ့အမှတ်တွေ လျော့ကျနေပြီး အရင်ရာသီတွေတုန်းက ဒီလိုအမှတ်လျော့ကျခဲ့တာမဟုတ်ပါဘူး”လို့ ဆွာရက်ဇ်က ပြောပါတယ်။ ဆွာရက်ဇ်ဟာ ပွဲချိန် ၈၁မိနစ်မှာ ဂရစ်ဇ်မန်းနဲ့ လူစားလဲခံခဲ့ရပြီးနောက် ဟက်ထရစ်ရှင်ဖြစ်ဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရပြီး အက်စ်ပတ်စ်က ပွဲပြီးဖို့ ၂မိနစ်အလိုမှာ ပြစ်ဒဏ်ဘောကနေ ချေပဂိုးသွင်းယူသွားပါတယ်။

Photo Credit

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်နှစ်သင်းစလုံးအတွက် အမှားအယွင်းတွေဖြစ်လာနိုင်သေးတယ်ဆိုပေမယ့် ဆွာရက်ဇ်ကတော့ အသင်းသားတွေကြားထဲ အနုတ်လက္ခဏာဆန်တဲ့ခံစားမှုတွေ စိမ့်ဝင်ပျံ့နှံ့နေပြီလို့ ဝန်ခံပါတယ်။

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

အေ၀းကြင္းမွာ အမွတ္ေတြေလ်ာ့ေနမႈအတြက္ နည္းျပကို သြားေမးလို႔ ဆြာရက္ဇ္ ေျပာ

ဘာစီလုိနာအသင္းတုိက္စစ္မွဴး ဆြာရက္ဇ္ဟာ ဆယ္လ္တာဗီဂိုနဲ႔ ၂-၂ ဂုိးသေရက်ကာ လာလီဂါခ်န္ပီယံဆုကာကြယ္ႏိုင္ေရးအတြက္ ေနာက္ထပ္ထုိးႏွက္ခ်က္နဲ႔ ရင္ဆုိင္ခဲ့ရၿပီးေနာက္ နည္းျပဆက္တီယန္ကို ထိုးႏွက္တဲ့သေဘာမ်ိဳး ေျပာသြားပါတယ္။ ဆြာရက္ဇ္ဟာ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ တစ္ဂုိးစီသြင္းယူကာ ဘာစီလုိနာအသင္း ၂ႀကိမ္တုိင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဆယ္လ္တာဗီဂိုက ဆမိုေလာ့ဗ္နဲ႔ အက္စ္ပတ္စ္တို႔က ေခ်ပဂိုးေတြ သြင္းယူႏိုင္ခဲ့လုိ႔ သေရတစ္မွတ္ရရွိသြားခဲ့ပါတယ္။
ဘာစီလုိနာဟာ လာလီဂါအမွတ္ေပးဇယားကို ျပန္လည္ဦးေဆာင္ခဲ့ေပမယ့္ ရီးရဲလ္ကသာ ယေန႔ညပြဲစဥ္မွာ ဇယားေအာက္ဆုံးက အက္စ္ပန္ညိဳကို အႏိုင္ရခဲ့ရင္ ၂ မွတ္ေလ်ာ့သြားမွာျဖစ္ၿပီး ရာသီကုန္ဖို႔ကလည္း ၆ပြဲပဲ လိုေတာ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အေ၀းကြင္းမွာ ၂ပြဲဆက္သေရက်ခဲ့မႈနဲ႔ပတ္သက္လုိ႔ ဆြာရက္ဇ္က ”ဒီအတြက္ေၾကာင့္ပဲ နည္းျပေတြ ရွိေနတာျဖစ္ၿပီး ဒီအေျခအေနေတြကို ေလ့လာဆန္းစစ္ႏိုင္ဖုိ႔ေလ”
”ကၽြန္ေတာ္တို႔ကေတာ့ ကြင္းထဲမွာ အေကာင္းဆုံးပုံစံရရွိေအာင္ လုပ္ေနတာပါ။ အေ၀းကြင္းေတြမွာ ကၽြန္ေတာ္တုိ႔အသင္း အေရးပါတဲ့အမွတ္ေတြ ေလ်ာ့က်ေနၿပီး အရင္ရာသီေတြတုန္းက ဒီလုိအမွတ္ေလ်ာ့က်ခဲ့တာမဟုတ္ပါဘူး”လုိ႔ ဆြာရက္ဇ္က ေျပာပါတယ္။ ဆြာရက္ဇ္ဟာ ပြဲခ်ိန္ ၈၁မိနစ္မွာ ဂရစ္ဇ္မန္းနဲ႔ လူစားလဲခံခဲ့ရၿပီးေနာက္ ဟက္ထရစ္ရွင္ျဖစ္ဖို႔ အခြင့္အေရးဆုံး႐ံႈးခဲ့ရၿပီး အက္စ္ပတ္စ္က ပြဲၿပီးဖို႔ ၂မိနစ္အလုိမွာ ျပစ္ဒဏ္ေဘာကေန ေခ်ပဂိုးသြင္းယူသြားပါတယ္။
ဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္ႏွစ္သင္းစလုံးအတြက္ အမွားအယြင္းေတြျဖစ္လာႏုိင္ေသးတယ္ဆုိေပမယ့္ ဆြာရက္ဇ္ကေတာ့ အသင္းသားေတြၾကားထဲ အႏုတ္လကၡဏာဆန္တဲ့ခံစားမႈေတြ စိမ့္၀င္ပ်ံ႕ႏွံ႔ေနၿပီလုိ႔ ၀န္ခံပါတယ္။