အန်ဆူ ဖာတီနဲ့ ယူနိုက်တက်သတင်းတွေဟာ မှားယွင်းကြောင်း ဖခင်ဖြစ်သူ ပြန်လည်ဖြေရှင်းလာ

0
282

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာ လူငယ်လေး အန်ဆူ ဖာတီနဲ့ ယူနိုက်တက်တို့ရဲ့ သတင်းတွေဟာ မှာယွင်းကြောင်း ဖခင်ဖြစ်သူက ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေအတွင်းက သတင်းတွေအရ ယူနိုက်တက်ဟာ ဖာတီအတွက် ပေါင် ၁၃၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ချက်ခြင်း ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။


ဒါပေမဲ့ ကစားသမားရဲ့ ဖခင်ဖြစ်သူ ဘိုရီ ဖာတီကတော့ El Largueroနဲ့ အင်တာဗျူးမှာ ယူနိုက်တက်နဲ့ သားဖြစ်သူတို့ရဲ့ သတင်းတွေဟာ မှန်ကန်မှု မရှိပဲ ဖာတီဟာ ဘာကာမှာသာ ပျော်နေတယ်လို့ ပြောခဲ့ပါတယ်။


ဘိုရီ ဖာတီက “ကျွန်တေ်ာတို့ ဘာစီလိုနာမှာ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သားကတော့ သူ့ရဲ့ အခွင့်အရေးရလာဖို့ စိတ်ရှည်ရမှာ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး မက်ဆီနဲ့ ကစားနေရတာကို နားလည်ရပါမယ်”


“ယူနိုက်တက်နဲ့ သတင်းတွေက မှန်ကန်မှု မရှိပါဘူး။ အန်ဆူက ဒီမှာ ပျော်နေပြီး အိပ်မက်တွေနောက်ကို လိုက်နေပါတယ်။ သူ့ရှေ့မှာ ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ ရှိနေတာကြောင့် ပွဲတိုင်းပါခွင့်ရမှာတော့ မဟုတ်ပါဘူး။ သူ့မှာ အချိန်အများကြီး ရှိပါသေးတယ်”လို့ ပြောခဲ့ပါတယ်။


Mundo Deportivoရဲ့ ပြီးခဲ့တဲ့ အပတ်က ဖော်ပြချက်မှာလည်း ဖာတီဟာ စပိန်က ထွက်ခွာဖို့ မဖြစ်နိုင်သလောက်ပဲလို့ ဆိုထားပါတယ်။ စပိန်ကသတင်းတွေအရတော့ ဖာတီဟာ မကြာခင်မှာ အသင်းနဲ့ ပရောက်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၆၂သန်း ထည့်ထားမှာ ဖြစ်တဲ့အတွက် အေးဆေးပဲလို့ ဆိုကြပါတယ်။
ဖာတီဟာ ယခုနှစ်ရာသီမှာ ၂၆ပွဲ ကစားကာ ၆ဂိုး သွင်းယူထားခဲ့ပါတယ်။ မကြာခင်မှာ အနားယူတော့မယ့် မက်ဆီရဲ့ နေရာမှာ အစားဝင်ဖို့ ဖာတီကို ထင်ကြေးပေးမှုတွေလည်း ရှိနေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။