သူ့ကစားသမားဘဝရဲ့အခက်ခဲဆုံးပြိုင်ဘက်အဖြစ် အာဆင်နယ်ဂန္ထဝင်ကိုဖွင့်ဟလိုက်တဲ့ ပေါလ်စခိုး

0
205

photo-gettyimages

photo-gettyimages

အာဆင်နယ်ကွင်းလယ်လူဟောင်းပက်ထရစ်ဗီအဲရာဟာ သူ့ကစားသမားဘဝရဲ့အခက်ခဲဆုံးနဲ့ ခွတီးခွကျအနိုင်ဆုံးပြိုင်ဘက်ဖြစ်ကြောင်း မန်ယူဂန္ထဝင်ဟောင်းပေါလ်စခိုးက ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပေါလ်စခိုးဟာ သူ့ရဲ့၁၉ နှစ်ကြာမန်ယူကစားသမားဘဝမှာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တချို့ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒင်ဟိုတို့လိုကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

photo-gettyimages

ဒါပေမဲ့လည်း ကစားသမားဘဝမှာ ပေါလ်စခိုးလ်အတွက် ရင်ဆိုင်ရအခက်ဆုံးဖြစ်ခဲ့တာက ဗီအဲရာဖြစ်နေပါတယ်။ အာဆင်နယ်နဲ့တွေ့ဆုံရတဲ့အကြိမ်တိုင်းမှာ ဗီအဲရာကို ကျော်ဖြတ်ရခက်တယ်လို့လည်း ပေါလ်စခိုးက ဝန်ခံခဲ့တာပါ။ ဗီအဲရာရဲ့လူကောင်ကြီးမှုနဲ့ အားအင်ရှိမှုက ကွင်းလယ်မှာ သူ့အတွက် ကိုင်တွယ်ဖို့ အလွန်ခက်ခဲစေပြီး အဲဒီပြင်သစ်သားဟာ ဘောလုံးဖြတ်ယူဖို့ အမြဲတမ်းနည်းလမ်းရှာတွေ့တတ်တယ်လို့ ပေါလ်စခိုးက ဆိုခဲ့ပါတယ်။ အဲဒီခေတ်မှာလည်း မန်ယူရဲ့အဓိကပြည်တွင်းပြိုင်ဘက်ဟာ အာဆင်နယ်ဖြစ်ခဲ့ပါတယ်။

photo-gettyimages

”ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ဗီအဲရာဟာ အလွန့်အလွန်တော်ပါတယ်။ passing player ဖြစ်တဲ့ကျွန်တော့်ရဲ့ကစားပုံအရ ကျွန်တော်ဟာ ပြိုင်ဘက်ထက် ပိုကြံ့ခိုင်၊ ပိုလူကောင်ကြီးဖို့ မလိုပါဘူး။ ကျွန်တော်ဟာ ပြိုင်ဘက်တွေကို ပေးပို့မှုတွေနဲ့ ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ ဗီအဲရာကတော့ အရမ်းကိုခွတီးခွကျနိုင်တဲ့သူပါ။ သူက အရမ်းအရပ်ရှည်၊ အရမ်းခြေတံလက်တံရှည်တဲ့သူလေ။ ကိုယ်က သူ့ကိုကျော်နိုင်ပြီလို့ထင်တဲ့အချိန်မှာပဲ သူက ကိုယ့်ခေါင်းပေါ်ကနေ အဲဒါကိုဖြတ်ယူပြီးသွားပါပြီ”လို့ ပေါလ်စခိုးက ပြောခဲ့တာပါ။

[Zawgyi]

သူ႔ကစားသမားဘ၀ရဲ႕အခက္ခဲဆုံးၿပိဳင္ဘက္အျဖစ္ အာဆင္နယ္ဂႏၳ၀င္ကိုဖြင့္ဟလိုက္တဲ့ ေပါလ္စခိုး

အာဆင္နယ္ကြင္းလယ္လူေဟာင္းပက္ထရစ္ဗီအဲရာဟာ သူ႔ကစားသမားဘ၀ရဲ႕အခက္ခဲဆုံးနဲ႔ ခြတီးခြက်အႏိုင္ဆုံးၿပိဳင္ဘက္ျဖစ္ေၾကာင္း မန္ယူဂႏၳ၀င္ေဟာင္းေပါလ္စခုိးက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ေပါလ္စခုိးဟာ သူ႔ရဲ႕၁၉ ႏွစ္ၾကာမန္ယူကစားသမားဘ၀မွာ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားေတြထဲက တခ်ိဳ႕ျဖစ္တဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒင္ဟုိတို႔လိုကစားသမားေတြနဲ႔ ရင္ဆုိင္ခဲ့ရတာပါ။

ဒါေပမဲ့လည္း ကစားသမားဘ၀မွာ ေပါလ္စခုိးလ္အတြက္ ရင္ဆိုင္ရအခက္ဆုံးျဖစ္ခဲ့တာက ဗီအဲရာျဖစ္ေနပါတယ္။ အာဆင္နယ္နဲ႔ေတြ႕ဆံုရတဲ့အႀကိမ္တိုင္းမွာ ဗီအဲရာကို ေက်ာ္ျဖတ္ရခက္တယ္လို႔လည္း ေပါလ္စခိုးက ၀န္ခံခဲ့တာပါ။ ဗီအဲရာရဲ႕လူေကာင္ႀကီးမႈနဲ႔ အားအင္ရွိမႈက ကြင္းလယ္မွာ သူ႔အတြက္ ကိုင္တြယ္ဖို႔ အလြန္ခက္ခဲေစၿပီး အဲဒီျပင္သစ္သားဟာ ေဘာလုံးျဖတ္ယူဖို႔ အၿမဲတမ္းနည္းလမ္းရွာေတြ႕တတ္တယ္လို႔ ေပါလ္စခုိးက ဆိုခဲ့ပါတယ္။ အဲဒီေခတ္မွာလည္း မန္ယူရဲ႕အဓိကျပည္တြင္းၿပိဳင္ဘက္ဟာ အာဆင္နယ္ျဖစ္ခဲ့ပါတယ္။

”ကစားသမားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ရင္ဆိုင္ခဲ့ရတဲ့ဗီအဲရာဟာ အလြန္႔အလြန္ေတာ္ပါတယ္။ passing player ျဖစ္တဲ့ကၽြန္ေတာ့္ရဲ႕ကစားပုံအရ ကၽြန္ေတာ္ဟာ ၿပိဳင္ဘက္ထက္ ပိုႀကံ႕ခိုင္၊ ပိုလူေကာင္ႀကီးဖို႔ မလိုပါဘူး။ ကၽြန္ေတာ္ဟာ ၿပိဳင္ဘက္ေတြကုိ ေပးပို႔မႈေတြနဲ႔ ေက်ာ္ျဖတ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဗီအဲရာကေတာ့ အရမ္းကိုခြတီးခြက်ႏိုင္တဲ့သူပါ။ သူက အရမ္းအရပ္ရွည္၊ အရမ္းေျခတံလက္တံရွည္တဲ့သူေလ။ ကိုယ္က သူ႔ကိုေက်ာ္ႏိုင္ၿပီလို႔ထင္တဲ့အခ်ိန္မွာပဲ သူက ကိုယ့္ေခါင္းေပၚကေန အဲဒါကိုျဖတ္ယူၿပီးသြားပါၿပီ”လို႔ ေပါလ္စခိုးက ေျပာခဲ့တာပါ။