သူကြည့်ရတာနှစ်ခြိုက်တဲ့ ထိပ်ဆုံး ၅ ဦးထဲမှာ စီရော်နယ်ဒိုကို ချန်လှပ်ခဲ့တဲ့ ဒိုကြီး

0
187

photo-gettyimages

photo-gettyimages

ဘရာဇီးဂန္ထဝင်တိုက်စစ်မှုးဟောင်းရော်နယ်ဒိုဟာ လက်ရှိ သူကြည့်ရတာအနှစ်ခြိုက်ဆုံးကစားသမားတွေထဲမှာ သူနဲ့နာမည်တူတဲ့ ပေါ်တူဂီစူပါစတားကို ချန်လှပ်ခဲ့ပြီး မက်ဆီကသာ သူ့ရဲ့နံပါတ် ၁ ကစားသမားဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါဟာ အငြင်းပွားစရာရွေးချယ်မှုတော့မဟုတ်ဘဲ အဲဒီဘာစီလိုနာကြယ်ပွင့်ဟာ လက်ရှိ Ballon d’Or ဆုရှင်လည်း ဖြစ်ပါတယ်။

photo-gettyimages

”မက်ဆီကတော့ ပြောနေစရာမလိုအောင် နံပါတ် ၁ ပေ့ါဗျာ။ ဒီလိုတူညီတဲ့တစ်စုံတစ်ခုကိုမြင်ရဖို့ ကျွန်တော်တို့ နှစ် ၂၀၊ ၃၀ လောက်အချိန်ယူရဦးမယ့် ပါရမီတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်က ဆာလာ၊ဟာဇတ်နဲ့နေမာတို့ကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်ကြည့်ရတာကြိုက်တဲ့ကစားသမားတွေထဲမှာ အမ်ဘက်ပီလည်းပါတာပေါ့”လို့ ရော်နယ်ဒိုက စပိန်သတင်းစာတစ်စောင်ကို ပြောကြားခဲ့တာပါ။

photo-givemesport

စီရော်နယ်ဒိုဟာ ဒိုကြီးကြိုက်တဲ့ကစားသမားမျိုးမဟုတ်ပေမယ့် သူ့ကစားသမားတစ်လျှောက်လုံးမှာ အထူးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ၃၅ နှစ်အရွယ်ဖြစ်တဲ့ ယနေ့အချိန်အထိ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်နေဆဲဖြစ်ကာ ဒီရာသီ ၂၅ ဂိုးသွင်းယူထားပါတယ်။ သူပြောခဲ့သူတွေထဲက ဟာဇတ်ကတော့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်နေဆဲဆိုပေမယ့် ဒီရာသီ အသင်းသစ်ရီးရဲလ်မှာတော့ အခြေမကျသေးပါဘူး။ နေမာကလည်း Ballon d’Or ဆုမရဖူးသေးတဲ့သူပါ။

[Zawgyi]

သူၾကည့္ရတာႏွစ္ၿခိဳက္တဲ့ ထိပ္ဆုံး ၅ ဦးထဲမွာ စီေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့တဲ့ ဒိုႀကီး

ဘရာဇီးဂႏၳ၀င္တုိက္စစ္မႈးေဟာငး္ေရာ္နယ္ဒိုဟာ လက္ရွိ သူၾကည့္ရတာအႏွစ္ၿခိဳက္ဆုံးကစားသမားေတြထဲမွာ သူနဲ႔နာမည္တူတဲ့ ေပၚတူဂီစူပါစတားကို ခ်န္လွပ္ခဲ့ၿပီး မက္ဆီကသာ သူ႔ရဲ႕နံပါတ္ ၁ ကစားသမားျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ဒါဟာ အျငင္းပြားစရာေရြးခ်ယ္မႈေတာ့မဟုတ္ဘဲ အဲဒီဘာစီလိုနာၾကယ္ပြင့္ဟာ လက္ရွိ Ballon d’Or ဆုရွင္လည္း ျဖစ္ပါတယ္။

”မက္ဆီကေတာ့ ေျပာေနစရာမလိုေအာင္ နံပါတ္ ၁ ေပ့ါဗ်ာ။ ဒီလိုတူညီတဲ့တစ္စုံတစ္ခုကိုျမင္ရဖုိ႔ ကၽြန္ေတာ္တို႔ ႏွစ္ ၂၀၊ ၃၀ ေလာက္အခ်ိန္ယူရဦးမယ့္ ပါရမီတစ္ခုလည္း ျဖစ္ပါတယ္။ ကၽြန္ေတာ္က ဆာလာ၊ဟာဇတ္နဲ႔ေနမာတို႔ကိုလည္း ႀကိဳက္ပါတယ္။ ကၽြန္ေတာ္ၾကည့္ရတာႀကိဳက္တဲ့ကစားသမားေတြထဲမွာ အမ္ဘက္ပီလည္းပါတာေပါ့”လို႔ ေရာ္နယ္ဒိုက စပိန္သတင္းစာတစ္ေစာင္ကို ေျပာၾကားခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ဒိုႀကီးႀကိဳက္တဲ့ကစားသမားမ်ိဳးမဟုတ္ေပမယ့္ သူ႔ကစားသမားတစ္ေလွ်ာက္လုံးမွာ အထူးေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီး ၃၅ ႏွစ္အရြယ္ျဖစ္တဲ့ ယေန႔အခ်ိန္အထိ အျမင့္ဆုံးအဆင့္မွာ ကစားႏိုင္ေနဆဲျဖစ္ကာ ဒီရာသီ ၂၅ ဂိုးသြင္းယူထားပါတယ္။ သူေျပာခဲ့သူေတြထဲက ဟာဇတ္ကေတာ့ ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္ျဖစ္ေနဆဲဆိုေပမယ့္ ဒီရာသီ အသင္းသစ္ရီးရဲလ္မွာေတာ့ အေျခမက်ေသးပါဘူး။ ေနမာကလည္း Ballon d’Or ဆုမရဖူးေသးတဲ့သူပါ။