လေဗာကူဆင်သာ ချန်ပီယံလိဂ်မဝင်ခဲ့ရင် ဟာဗက်ဇ်ကို ပေါင် သန်း၇၀လောက်နဲ့ ရနိုင်တဲ့ ချဲလ်ဆီး

0
137

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လေဗာကူဆင်သာ လာမယ့်နှစ် ချန်ပီယံလိဂ်မဝင်ခဲ့ရင် ကိုင်ဟာဗက်ဇ်ကို လျော့ဈေးနဲ့ ရောင်ရနိုင်တာကြောင့် ချဲလ်ဆီးအတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင် ခပ်သွက်သွက် လှုပ်ရှားနေပြီး ဇီယက်ချ်နဲ့ ဝါနာတို့ကို ခေါ်ယူထားခဲ့ပါတယ်။


အလားတူ ဂျာမန်သား ဟာဗက်ဇ်ကိုလည်း ခေါ်ယူလိုနေပေမဲ့ လေဗာကူဆင်က ပေါင် သန်း၉၀အထိ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ Football.Londonကတော့ လေဗာကူဆင်သာ ချန်ပီယံလိဂ် မဝင်ခဲ့ရင် ဈေးက အလိုအလောက် လျော့ကျသွားမယ်လို့ သိရပါတယ်။


ချဲလ်ဆီးအသင်းဟာ ဂျာမန်သားအတွက် ပေါင် သန်း၇၀လောက်သာ ပေးချေဖို့ စဉ်းစားထားပြီး ကူဆင်တို့ ချန်ပီယံလိဂ် မဝင်ဘူးဆိုရင်တော့ အဆိုပါ ပမာဏနဲ့သာ ရောင်းချရမှာ ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ အဆင့်၄နေရာမှာ ရပ်တည်နေပါတယ်။


မိုချန်ဂလာဘတ်ရဲ့ အထက် ၁မှတ်အကွာမှာ ရှိနေပြီး ဂလာဘတ်က ဂိုးကွာခြားချက်မှာ အသာရထားပါတယ်။ လေဗာကူဆင်အသင်းဟာ လက်ကျန် ၂ပွဲအဖြစ် ဟာသာဘာလင်၊ မိန့်ဇ်တို့နဲ့ ကစားရမှာဖြစ်ပြီး ဂလာဘတ်ကတော့ ပါဒါဘွန်း၊ ဟာသာတို့နဲ့ ကစားရမှာပါ။


လေဗာကူဆင် အားကစားဒါရိုက်တာ ကာရိုကတော့ ဟာဗက်ဖ်ဟာ သူ့ဆန္ဒအလျောက် အသင်းက ထွက်ခွာသွားနိုင်လို့တော့ ဝန်ခံထားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။