လီဝန်ဒေါစကီးနဲ့ မူလာတို့ မှတ်တိုင်သစ်တွေ စိုက်ထူသွားတဲ့ ဘိုင်ယန်ရဲ့ဂိုးပြတ်နိုင်ပွဲ (လေဗာကူဆင် ၂-၄ ဘိုင်ယန် ပွဲပြီးသုံးသပ်ချက်)

0
1138

Photo Credit

Photo Credit

၈နှစ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရေး ကြိုးစားနေတဲ့ ဘိုင်ယန်ဟာ ဒီပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ လေဗာကူဆင်ကို အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ကွင်းလယ်တိုက်စစ်သမား မူလာတို့လည်း သူတို့အတွက် မှတ်တိုင်သစ်တွေ စိုက်ထူသွားပါတယ်။

Photo Credit

Black Lives Matter စာရေးထားတဲ့ လက်ပတ်တွေ ဝတ်ဆင်ကစားသွားတဲ့ ဘိုင်ယန်မြူးနစ်ဟာ ပထမပိုင်းမှာကတည်းက ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယနေရာက ဒေါ့မွန်ကို တစ်ပွဲပို ၁၀ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ပွဲအစမှာတော့ လေဗာကူဆင်အသင်း ဖိအားပေးနိုင်ခဲ့ပြီး အလာရီယိုရဲ့ဂိုးကြောင့် စောစောစီးစီးဦးဆောင်နိုင်ပေမယ့် ပွဲကစားချိန် မိနစ် ၂၀အတွင်း ကိုမန်၊ ဂေါ်ရက်စ်ကာနဲ့ ဂနာဘရီတို့က ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေ အသီးသီးသွင်းယူခဲ့ပါတယ်။

Photo Credit

ဒုတိယပိုင်းမှာ လီဝန်ဒေါစကီးက မူလာရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူကာ အဆုံးသတ်ဂိုးရယူနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအဖြစ် ဒီရာသီသွင်းဂိုး ၄၄ဂိုးရှိလာသလို မူလာကလည်း တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါဂိုးဖန်တီးမှုအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

Photo Credit

လေဗာကူဆင်မှာ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လူငယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်မပါဝင်နိုင်ခဲ့ဘဲ နည်းပြ ပီတာဘောက်ဇ်က ပထမပိုင်းအပြီးမှာ ဂိုးပြတ်ရှုံးနိမ့်နေခဲ့လို့ ဒုတိယပိုင်းပြန်အစမှာ ကစားသမား ၃ဦး အပြောင်းအလဲပြုလုပ်ကာ ချေပဂိုးတွေရရှိဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၆၄ မိနစ်မှာ ဘိုင်ယန်အတွက် လီဝန်ဒေါစကီးက အဆုံးသတ်ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးခါနီးကျမှ ဝစ်ဇ်က လေဗာကူဆင်အတွက် ဒုတိယမြောက်ဂိုးသွင်းယူခဲ့ပါတယ်။

Photo Credit

ဒုတိယပိုင်းမှာ လူစားဝင်ကစားတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ချေပဂိုးက လေဗာကူဆင်အတွက် ဘာမှသိပ်မထူးခဲ့ပေမယ့် ကစားသမားဖြစ်သူအတွက်တော့ စံချိန်ဖြစ်ခဲ့ပြီး အသက် ၁၇ နှစ်၊ ၄၃ ရက်နဲ့ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်က ချန်ပီယံသရဖူကာကွယ်နိုင်ဖို့ အခြေအနေပိုကောင်းသွားချိန်မှာ လေဗာကူဆင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်တွေ ခြေချော်မှုကို အခွင့်ကောင်းမယူနိုင်ခဲ့လို့ အဆင့် ၅ နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။ သောကြာညမှာ ဂလာဘတ်က ဖရိုင်းဘတ်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့သလို ဒီည ၈နာရီမှာလည်း လိုက်ပ်ဇစ်က အိမ်ကွင်းမှာ ပါဒါဘွန်းကို အနိုင်မကစားနိုင်ခဲ့ပေမယ့် လေဗာကူဆင်ကလည်း အမှတ်ပြည့်ဆုံးရှုံးခဲ့တာပါ။

Photo Credit

ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ နောက်ဆုံး ၅ရာသီဆက် တစ်ရာသီအနည်းဆုံး ဂိုး ၄၀သွင်းယူနိုင်တဲ့စံချိန်တင်ထားသူဖြစ်ပြီး အဲဒီ ၅ရာသီအတွင်း ၂၇၉ ပွဲမှာ ၂၃၅ ဂိုးအထိသွင်းယူခဲ့တာဖြစ်ပြီး မူလာကလည်း ဂိုးဖန်တီးမှု အကြိမ် ၂၀ နဲ့ ၂၀၁၄-၁၅ ရာသီက ဝုဖ်ဘတ်အသင်းနဲ့အတူ စံချိန်တင်ထားတဲ့ ဒီဘရိုင်းရဲ့ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

လီ၀န္ေဒါစကီးနဲ႔ မူလာတုိ႔ မွတ္တုိင္သစ္ေတြ စုိက္ထူသြားတဲ့ ဘုိင္ယန္ရဲ႕ဂိုးျပတ္ႏို္င္ပဲြ (ေလဗာကူဆင္ ၂-၄ ဘုိင္ယန္ ပြဲၿပီးသုံးသပ္ခ်က္)

၈ႏွစ္ဆက္ ဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ေရး ႀကိဳးစားေနတဲ့ ဘိုင္ယန္ဟာ ဒီပြဲမွာလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ႀကိဳးစားေနတဲ့ ေလဗာကူဆင္ကို အေ၀းကြင္းမွာ ၂-၄ ဂိုးနဲ႔အႏုိင္ရရွိခဲ့ၿပီး တုိက္စစ္မွဴး လီ၀န္ေဒါစကီးနဲ႔ ကြင္းလယ္တုိက္စစ္သမား မူလာတုိ႔လည္း သူတုိ႔အတြက္ မွတ္တုိင္သစ္ေတြ စုိက္ထူသြားပါတယ္။
Black Lives Matter စာေရးထားတဲ့ လက္ပတ္ေတြ ၀တ္ဆင္ကစားသြားတဲ့ ဘုိင္ယန္ျမဴးနစ္ဟာ ပထမပိုင္းမွာကတည္းက ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယေနရာက ေဒါ့မြန္ကို တစ္ပဲြပို ၁၀ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ပါတယ္။ ပြဲအစမွာေတာ့ ေလဗာကူဆင္အသင္း ဖိအားေပးႏိုင္ခဲ့ၿပီး အလာရီယိုရဲ႕ဂိုးေၾကာင့္ ေစာေစာစီးစီးဦးေဆာင္ႏိုင္ေပမယ့္ ပြဲကစားခ်ိန္ မိနစ္ ၂၀အတြင္း ကုိမန္၊ ေဂၚရက္စ္ကာနဲ႔ ဂနာဘရီတို႔က ဘုိင္ယန္ျမဴးနစ္အတြက္ ဂိုးေတြ အသီးသီးသြင္းယူခဲ့ပါတယ္။
ဒုတိယပိုင္းမွာ လီ၀န္ေဒါစကီးက မူလာရဲ႕ျဖတ္တင္ေဘာကေန ေခါင္းတုိက္သြင္းယူကာ အဆုံးသတ္ဂုိးရယူႏိုင္ခဲ့ၿပီး ကစားသမားဘ၀တစ္ေလွ်ာက္ တစ္ရာသီအတြင္း သြင္းဂိုးအမ်ားဆုံးအျဖစ္ ဒီရာသီသြင္းဂိုး ၄၄ဂိုးရွိလာသလုိ မူလာကလည္း တစ္ရာသီအတြင္း ဘြန္ဒက္စ္လီဂါဂိုးဖန္တီးမႈအမ်ားဆုံးစံခ်ိန္ကို လုိက္မီႏိုင္ခဲ့ပါတယ္။
ေလဗာကူဆင္မွာ အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ေနတဲ့ လူငယ္တုိက္စစ္မွဴး ကိုင္ဟာဗက္ဇ္မပါ၀င္ႏုိင္ခဲ့ဘဲ နည္းျပ ပီတာေဘာက္ဇ္က ပထမပိုင္းအၿပီးမွာ ဂိုးျပတ္႐ံႈးနိမ့္ေနခဲ့လုိ႔ ဒုတိယပိုင္းျပန္အစမွာ ကစားသမား ၃ဦး အေျပာင္းအလဲျပဳလုပ္ကာ ေခ်ပဂိုးေတြရရွိဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ ၆၄ မိနစ္မွာ ဘိုင္ယန္အတြက္ လီ၀န္ေဒါစကီးက အဆုံးသတ္ဂိုးသြင္းယူခဲ့ၿပီး ပြဲၿပီးခါနီးက်မွ ၀စ္ဇ္က ေလဗာကူဆင္အတြက္ ဒုတိယေျမာက္ဂိုးသြင္းယူခဲ့ပါတယ္။
ဒုတိယပိုင္းမွာ လူစား၀င္ကစားတဲ့ ဖေလာ္ရီယန္၀စ္ဇ္ရဲ႕ေခ်ပဂိုးက ေလဗာကူဆင္အတြက္ ဘာမွသိပ္မထူးခဲ့ေပမယ့္ ကစားသမားျဖစ္သူအတြက္ေတာ့ စံခ်ိန္ျဖစ္ခဲ့ၿပီး အသက္ ၁၇ ႏွစ္၊ ၄၃ ရက္နဲ႔ ဘြန္ဒက္စ္လီဂါသမုိင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးဂိုးသြင္းသူျဖစ္လာပါတယ္။
ဘုိင္ယန္ျမဴးနစ္က ခ်န္ပီယံသရဖူကာကြယ္ႏုိင္ဖို႔ အေျခအေနပိုေကာင္းသြားခ်ိန္မွာ ေလဗာကူဆင္ကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ၿပိဳင္ဘက္ေတြ ေျခေခ်ာ္မႈကို အခြင့္ေကာင္းမယူႏုိင္ခဲ့လုိ႔ အဆင့္ ၅ ေနရာမွာပဲ ဆက္လက္ရပ္တည္ခဲ့ရပါတယ္။ ေသာၾကာညမွာ ဂလာဘတ္က ဖ႐ိုင္းဘတ္ကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့သလို ဒီည ၈နာရီမွာလည္း လုိက္ပ္ဇစ္က အိမ္ကြင္းမွာ ပါဒါဘြန္းကို အႏိုင္မကစားႏိုင္ခဲ့ေပမယ့္ ေလဗာကူဆင္ကလည္း အမွတ္ျပည့္ဆုံး႐ံႈးခဲ့တာပါ။
ဒီပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ လီ၀န္ေဒါစကီးဟာ ေနာက္ဆုံး ၅ရာသီဆက္ တစ္ရာသီအနည္းဆုံး ဂိုး ၄၀သြင္းယူႏိုင္တဲ့စံခ်ိန္တင္ထားသူျဖစ္ၿပီး အဲဒီ ၅ရာသီအတြင္း ၂၇၉ ပြဲမွာ ၂၃၅ ဂိုးအထိသြငး္ယူခဲ့တာျဖစ္ၿပီး မူလာကလည္း ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ နဲ႔ ၂၀၁၄-၁၅ ရာသီက ၀ုဖ္ဘတ္အသင္းနဲ႔အတူ စံခ်ိန္တင္ထားတဲ့ ဒီဘ႐ိုင္းရဲ႕ဂိုးဖန္တီးမႈအမ်ားဆုံးစံခ်ိန္ကို လုိက္မီႏိုင္ခဲ့ပါတယ္။