လီဗာပူးကိုကျော်ဖြတ်နိုင်ဖို့ ဘာမဆိုလုပ်ဆောင်သွားမယ်လို့ ဆိုးလ်ရှားပြောကြား

0
1072

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ပြိုင်ဘက် လီဗာပူးအသင်းပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့တာကို မြင်ရတာဟာ နာကျင်ရကြောင်းပြောကြားလိုက်ပါတယ်။ဒါ့အပြင် အနာဂတ်မှာလည်း လီဗာပူးကိုကျော်ဖြတ်နိုင်ဖို့ ဘာမဆိုလုပ်ဆောင်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။


ကြာသပတေးနေ့က မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းကိုအရေးနိမ့်ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ချန်ပီယံလီဗာပူးအသင်းကို ဂုဏ်ပြုခဲ့ပေမယ့် ပြိုင်ဘက်အသင်းချန်ပီယံံဖြစ်တာကိုမြင်ရတာ နာကျင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။


“ပရီးမီးယားလိဂ်မှာက ချန်ပီယံဖြစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့က ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်။ ကလော့ပ် နဲ့ အသင်းသားတွေကို ချီးကျူးပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းချန်ပီယံဖြစ်တာကိုကြည့်ရတာတော့ နာကျင်မိပါတယ်။ အထူးသဖြင့် ယူနိုက်တက်ပရိသတ်တွေက ပိုနာကျင်ရပါတယ်။ အနာရတ်မှာတော့ ကျွန်တော်တို့ လီဗာပူးကိုကျော်နိုင်အောင် လုပ်ဆောင်သွားမှာပါ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။


ယူနိုက်တက်အသင်းဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက် တည်ငြိမ်မှုရရှိဖို့ ရုန်းကန်ခဲ့ရသလို ချန်ပီယံဆုနဲ့ပါ ဝေးကွာခဲ့ရပါတယ်။ “ဆာအဲလက်စ်က တကယ့်နည်းပြကောင်းပါ။ သူ့လက်အောက်မှာ ကျွန်တော်တို့ တော်တော်လေးအောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူထွက်ခွာသွားတဲ့နောက်မှာတော့ ရုန်းကန်ခဲ့ရပါတယ်”လို့ ဆိုးလ်ရှားက ဆိုပါတယ်။


ယူနိုက်တက်အသင်းလက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ “ကျွန်တော်တို့ လက်ရှိအချိန်မှာတော့ မဖြစ်နိုင်ပေမယ့် လာမယ့်အနာဂတ်မှာ လီဗာပူးကို မီနိုင်အောင် ကြိုးစားသွားမှာပါ”လို့ ဆိုးလ်ရှားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။