လိုက်ပ်ဇစ်နဲ့ပွဲမှာ ဆန်ချို အရန်ခုံထိုင်ခဲ့ရတာနဲ့ပတ်သက်လို့ ဒေါ့မွန် ရှင်းလင်း

0
168

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒေါ့မွန်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ စနေညက လိုက်ပ်ဇစ်နဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမယ့် နွေရာသီဈေးကွက်အတွင်း အသင်းပြောင်းရွှေ့မှာမို့လို့ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရတာဆိုတဲ့သုံးသပ်ချက်တွေကို ဒေါ့မွန်အသင်းက ငြင်းဆန်သွားပါတယ်။

Photo Credit

လိုက်ပ်ဇစ်အသင်းကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင် ဒေါ့မွန်အသင်းအကြီးအကဲ မိုက်ကယ်ဇော့က ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ဝန်ခံခဲ့ပြီး ပေါင်သန်း ၁၀၀ တန် သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်က ဦးဆောင်ကြိုးစားနေပါတယ်။

Photo Credit

ဒါပေမဲ့ အရေးကြီးတဲ့ပွဲမှာ ဆန်ချိုတစ်ယောက် ပွဲထွက်စာရင်းကနေ အံ့အားသင့်ဖွယ်ချန်လှပ်ခံခဲ့ရပြီးနောက် မိုက်ကယ်ဇော့က အသင်းပြောင်းရွှေ့မှာမို့လို့ ဦးစားပေးစာရင်းကနေ ချန်လှပ်ခံခဲ့ရတာမဟုတ်ဘူးလို့ ရှင်းပြသွားပါတယ်။

Photo Credit

”ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း အသင်းမှာ ဒဏ်ရာရကစားသမားတွေများပြားခဲ့ပြီး တခြားအသင်းတွေလို အလှည့်ကျစနစ် အသုံးမပြုနိုင်ခဲ့ပါဘူး။ ဆန်ချိုကလည်း လုံးဝကိုမောပန်းနေပြီး ပွဲချိန်ပြည့်ကစားဖို့ လုံလောက်တဲ့ စွမ်းအင်မရှိဘူးလို့ ပွဲမတိုင်ခင်မှာ နည်းပြကို ပြောခဲ့ပါတယ်”လို့ မိုက်ကယ်ဇော့က ပြောပါတယ်။

Photo Credit

ဒါပေမဲ့ မိုက်ကယ်ဇော့ဟာ အဲဒီပွဲမတိုင်ခင် အသက် ၂၀ အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဆန်ချိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ ”ကျွန်တော်တု့ိ စိုးရိမ်နေတာ ရှင်းပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဲဒီအကြောင်း မဆွေးနွေးချင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

Photo Credit

ဆန်ချိုဟာ ၂၀၁၇ နွေရာသီက စီးတီးအကယ်ဒမီကနေ ဒေါ့မွန်ကို ရောက်လာချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး ယခုရာသီမှာ ဂိုး ၂၀သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးထားပါတယ်။ ဆန်ချိုဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ ပွဲချိန် ၇၈ မိနစ်ရောက်မှ လူစားဝင်ကစားခဲ့ပါတယ်။

Photo Credit

Zawgyi

လိုက္ပ္ဇစ္နဲ႔ပြဲမွာ ဆန္ခ်ိဳ အရန္ခုံထုိင္ခဲ့ရတာနဲ႔ပတ္သက္လုိ႔ ေဒါ့မြန္ ရွင္းလင္း

ေဒါ့မြန္အသင္းေတာင္ပံကစားသမား ဆန္ခ်ိဳဟာ စေနညက လုိက္ပ္ဇစ္နဲ႔ပြဲမွာ အရန္ခုံထုိင္ခဲ့ရေပမယ့္ ေႏြရာသီေစ်းကြက္အတြင္း အသင္းေျပာင္းေရႊ႕မွာမို႔လို႔ ပြဲထြက္စာရင္းကေန ခ်န္လွပ္ခံခဲ့ရတာဆိုတ့ဲသုံးသပ္ခ်က္ေတြကို ေဒါ့မြန္အသင္းက ျငင္းဆန္သြားပါတယ္။
လုိက္ပ္ဇစ္အသင္းကို ၀-၂ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမတိုင္ခင္ ေဒါ့မြန္အသင္းအႀကီးအကဲ မုိက္ကယ္ေဇာ့က ဆန္ခ်ိဳရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ စုိးရိမ္မိတယ္လုိ႔ ၀န္ခံခဲ့ၿပီး ေပါင္သန္း ၁၀၀ တန္ သူ႕ကို ေခၚယူဖုိ႔ ယူႏုိက္တက္က ဦးေဆာင္ႀကိဳးစားေနပါတယ္။
ဒါေပမဲ့ အေရးႀကီးတဲ့ပြဲမွာ ဆန္ခ်ိဳတစ္ေယာက္ ပြဲထြက္စာရင္းကေန အံ့အားသင့္ဖြယ္ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ မိုက္ကယ္ေဇာ့က အသင္းေျပာင္းေရႊ႕မွာမို႔လို႔ ဦးစားေပးစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာမဟုတ္ဘူးလုိ႔ ရွင္းျပသြားပါတယ္။
”ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း အသင္းမွာ ဒဏ္ရာရကစားသမားေတြမ်ားျပားခဲ့ၿပီး တျခားအသင္းေတြလို အလွည့္က်စနစ္ အသုံးမျပဳႏိုင္ခဲ့ပါဘူး။ ဆန္ခ်ိဳကလည္း လုံး၀ကိုေမာပန္းေနၿပီး ပြဲခ်ိန္ျပည့္ကစားဖုိ႔ လုံေလာက္တဲ့ စြမ္းအင္မရွိဘူးလုိ႔ ပြဲမတုိင္ခင္မွာ နည္းျပကို ေျပာခဲ့ပါတယ္”လုိ႔ မိုက္ကယ္ေဇာ့က ေျပာပါတယ္။
ဒါေပမဲ့ မုိက္ကယ္ေဇာ့ဟာ အဲဒီပဲြမတုိင္ခင္ အသက္ ၂၀ အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ”ကၽြန္ေတာ္တု႔ိ စုိးရိမ္ေနတာ ရွင္းပါတယ္။ ဒါေပမဲ့ လက္ရိွအခ်ိန္မွာေတာ့ အဲဒီအေၾကာင္း မေဆြးေႏြးခ်င္ပါဘူး”လုိ႔ ေျပာခဲ့ပါတယ္။
ဆန္ခ်ိဳဟာ ၂၀၁၇ ေႏြရာသီက စီးတီးအကယ္ဒမီကေန ေဒါ့မြန္ကို ေရာက္လာခ်ိန္ကတည္းက အထူးေျခစြမ္းျပေနၿပီး ယခုရာသီမွာ ဂိုး ၂၀သြင္းယူကာ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ ျပဳလုပ္ေပးထားပါတယ္။ ဆန္ခ်ိဳဟာ လုိက္ပ္ဇစ္နဲ႔ပဲြမွာ ပြဲခ်ိန္ ၇၈ မိနစ္ေရာက္မွ လူစား၀င္ကစားခဲ့ပါတယ္။