လာမယ့်ရာသီမှာ ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိဖွယ်မရှိတော့တဲ့ ဆက်တီယန်

0
614

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေအရ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ နည်းပြ ဆက်တီယန်ကို ရာသီအကုန်မှာ ထုတ်ပယ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၆၁ နှစ်သားဟာ နည်းပြ ဗယ်လ်ဗာဒီနေရာကို အစားဝင်လာခဲ့ပေမယ့် အသင်းတွင်းအဝတ်လဲခန်းမှာ နာမည်ကျော်ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။


ဒါကြောင့် ဘုတ်အဖွဲ့တာဝန်ရှိသူတွေဟာ ဆက်တီယန်ကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ Goal သတင်းဌာနကတော့ ဆက်တီယန်အနေနဲ့ လာလီဂါဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလား တစ်ခုခု မရရှိခဲ့ရင်တော့ ဘာစီလိုနာမှာ ဆက်ရှိဖွယ်မရှိကြောင်း ဖော်ပြခဲ့ပါတယ်။ဒါကြောင့် ဘုတ်အဖွဲ့တာဝန်ရှိသူတွေဟာ ဆက်တီယန်ကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။


ဆက်တီယန်ဟာ အခုနှစ်အစောပိုင်းတုန်းကမှ ဘာစီလိုနာအသင်းနဲ့ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ ဆက်တီယန်နဲ့လမ်းခွဲပြီး ဗယ်လ်ဗာဒီကို ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။


ဘက်တစ်နည်းပြဟောင်းကတော့ ဘာစီလိုနာအသင်းမှ စွမ်းဆောင်ရည်ကောင်းတွေပျောက်ဆုံးနေသလို အသင်းတွင်းနာမည်ကျော်တွေကိုလည်း ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားနဲ့နည်းပြကြားဆက်ဆံရေးကလည်း အဆင်မပြေဖြစ်လာနေပြီး သူ့ရဲ့နည်းစနစ်ပိုင်းကလည်း အံမဝင်ဖြစ်လာပါတယ်။


ဘာစီလိုနာအအသင်းဟာ စနေနေ့တုန်းကလည်း ဆယ်လ်တာဗီဂိုအသင်းကို တစ်ဖက် ၂ ဂိုးဆီသရေရလဒ်သာကစားနိုင်ခဲ့ကာ မက်ဆီကလည်း စိတ်ပျက်နေခဲ့ပါတယ်။ ဒ့ါအပြင် အဝတ်လဲခန်းပြဿနာတွေကြောင့်လည်း လက်ရှိအချိန်မှာ ရီးရဲလ်အသင်းရဲ့ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။


ဘာစီလိုနာတာဝန်ရှိသူတွေကတော့ ဆက်တီယန်ရဲ့အခြေအနေကိုစောင့်ကြည့်နေပြီး ရာသီကုန်မှာ ထုတ်ပယ်ဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ရာသီကုန်မှာ ဗယ်လ်ဗာဒီအပြင် အသင်းဂန္တဝင် ဇာဗီကိုလည်း နည်းပြအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


ကလပ်အသင်းဂန္တဝင်ဇာဗီကိုယ်တိုင်ကလည်း သူဟာတစ်နေ့နေ့မှာ ဘာစီလိုနာအသင်းနည်းပြလုပ်ချင်တယ်လို့ ဝန်ခံထားခဲ့တာဖြစ်ပါတာ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း ဘာစီလိုနာဘီအသင်းနည်းပြ ဂါစီယာကလည်း နည်းပြသစ်အဖြစ် ရေပန်းစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။