လာမယ့်နှစ်အနည်းငယ်အတွင်း လီဗာပူးရဲ့အထက်မှာ ချဲလ်ဆီး ရပ်တည်နိုင်မယ်လို့ ပေါလ်မာဆင် ဟောကိန်းထုတ်

0
676

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က လာမယ့်နှစ်အနည်းငယ်အတွင်း ချဲလ်ဆီးသာ ပရီးမီးယားလိဂ်ဖလား မရဘူးဆိုရင် အံ့အားသင့်မိမှာ ဖြစ်ပြီး နည်းပြ လမ်းပတ်လက်ထက် အကောင်းဆုံးတွေ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။


ချဲလ်ဆီးအသင်းဟာ ကိုဗစ်အပြီး ပြန်စတဲ့ ပွဲစဉ်တွေမှာ ၃ပွဲဆက် နိုင်ပွဲရထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချေကုပ်ယူထားသလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ် ရောက်ခဲ့ပါတယ်။ အနာဂတ် ချဲလ်ဆီးကတော့ ကစားသမားသစ် ဇီယက်ချ်၊ ဝါနာတို့နဲ့အတူ လုံးဝကို တောင့်တင်းနေမှာ ဖြစ်ပါတယ်။


စကိုင်းစပေါ့က သုံးသပ်သူ ပေါလ် မာဆင်ကတော့ ချဲလ်ဆီးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ကျေနပ်နေကာ လာမယ့်ရာသီတွေအတွင်း ကစားသမားကောင်းတွေတွေ ခေါ်ယူနိုင်ဦးမယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေမှာလည်း ချဲလ်ဆီးတို့ မန်စီးတီးကို ၂-၁နဲ့ နိုင်ပွဲ ရထားခဲ့ပါတယ်။


မာဆင်က “မန်စီးတီကို နိုင်တာက တကယ်ကို ကြီးကျယ်ပါတယ်။ အားလုံးက အနောက်က လိုက်နေတာကြောင့် ဒီနိုင်ပွဲက ကြီးမားပါတယ်။ ချဲလ်ဆီးက လက်ရှိမှာတော့ ရာသီကုန်ထိ ပွဲချောင်သွားလို့ အဆင့်၄နေရာအတွက် ပြဿနာ ရှိမယ် မထင်တော့ပါဘူး”လိ့ု ဆိုခဲ့ပါတယ်။


ချဲလ်ဆီးအတွက် တိုးတက်ဖို့ လိုနေသေးပေမဲ့ ပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ လမ်းပတ်အပေါ် အပြောင်းအရွှေ့မှာ ထောက်ပံ့ပေးမှုကိုလည်း မာဆင်က ချီးကျူးခဲ့ပါတယ်။ လာမယ့်ရာသီမှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ဖလား မရနိုင်သေးပေမဲ့ လာမယ့်၂နှစ် ၃နှစ်အတွင်းမှာတော့ လိဂ်ဖလား ရနိုင်မယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။