ရာသီသစ်မှာ ယူနိုက်တက်အပါအဝင် လီဗာပူးကို စိန်ခေါ်နိုင်သူ ၆သင်းအထိရှိလာနိုင်တယ်လို့ ဂွါဒီယိုလာ ဟောကိန်းထုတ်

0
244

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရာသီသစ်မှာ ချန်ပီယံလောင်း လီဗာပူးကို စီးတီးအသင်းအပါအဝင် အသင်း ၆သင်းလောက်အထိ ကောင်းကောင်းစိန်ခေါ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ လီဗာပူးဟာ တနင်္ဂနွေညက အဲဗာတန်နဲ့ပွဲမှာ နိုင်ပွဲပျောက်ခဲ့ရပေမယ့် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာ ရှိနေပြီး သင်္ချာနည်းအရ ချန်ပီယံဖြစ်ဖို့ သေချာသွားပြီဆိုတာနဲ့ ရာသီသစ်မှာ ချန်ပီယံဆုကာကွယ်နိုင်ဖို့ စတင်ကြိုးစားမှာဖြစ်ပါတယ်။

Photo Credit

ပြီးခဲ့တဲ့ရာသီက လီဗာပူးကို တစ်မှတ်အသာနဲ့ ကျော်ဖြတ်ကာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ စီးတီးက လီဗာပူးကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာနိုင်ပါတယ်။ ”ရာသီအစကအခြေအနေတွေကနေ ကျွန်တော်တို့ သင်ခန်းစာရယူနိုင်လိမ့်မယ်လု့ိ မျှော်လင့်ပါတယ်။ လီဗာပူးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာအနိုင်ရခဲ့ပြီးနောက် ကျွန်တော် မမျှော်လင့်ဘဲ အမှတ်တွေအများကြီး လျော့ကျခဲ့ပါတယ်”

Photo Credit

”ဒါပေမဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင် မမျှော်လင့်ခဲ့ပါဘူး။ ရာသီတိုင်းမှာ ပြိုင်ဘက်တွေက ပိုမိုတောင့်တင်းလာတယ်လို့ ထင်ပါတယ်။ လီဗာပူးက တောင့်တင်းတဲ့အသင်းအဖြစ် ဆက်ရှိနေမှာဖြစ်ပေမယ့် ချဲလ်ဆီးကလည်း ဘယ်လောက်အထိရင်းနှီးမြှုပ်နှံနေလဲဆိုတာ ကျွန်တော်တို့အားလုံး အတွေ့ပါ။ ပြီးတော့ ယူနိုက်တက်ရဲ့တိုးတက်လာမှုကိုလည်း မြင်တွေ့နေရပါတယ်”

Photo Credit

”စပါးက ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့အပါအဝင် ဒဏ်ရာရကစားသမားတွေ ပြန်သက်သာလာမှုနဲ့အတူ အကောင်းဘက်ပြန်ရောက်လာပြီး နည်းပြကလည်း မော်ရင်ညိုဖြစ်လို့ သူတို့အသင်းက တောင့်တင်းတဲ့အသင်းဖြစ်လာမှာပါ။ အာဆင်နယ်က နည်းပြအာတီတာနဲ့အတူ အချိန်တစ်ခုယူပြီးသွားရင် ကြောက်စရာကောင်းလာမှာပါ။ လက်စတာလည်း အဲဒီအတိုင်းပါပဲ။ ရာသီတိုင်းမှာ အသင်းတွေက ပိုမိုတောင့်တင်းလာပြီး ပိုမိုခက်ခဲလာပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

လီဗာပူးဟာ နောက်တစ်ပတ် ကြာသပတေးနေ့မှာ စီးတီးနဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး အခုချိန်အထိ ချန်ပီယံဖြစ်ဖို့ မသေချာသေးဘဲ ကြားထဲမှာကစားရမယ့်ပွဲရလဒ်တွေအပေါ် မူတည်ပြီး အခြေအနေပြောင်းလဲလာနိုင်ပါတယ်။

Photo Credit

Zawgyi

ရာသီသစ္မွာ ယူႏုိက္တက္အပါအ၀င္ လီဗာပူးကို စိန္ေခၚႏုိင္သူ ၆သင္းအထိရွိလာႏိုင္တယ္လုိ႔ ဂြါဒီယိုလာ ေဟာကိန္းထုတ္

စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ရာသီသစ္မွာ ခ်န္ပီယံေလာင္း လီဗာပူးကို စီးတီးအသင္းအပါအ၀င္ အသင္း ၆သင္းေလာက္အထိ ေကာင္းေကာင္းစိန္ေခၚႏိုင္လိမ့္မယ္လုိ႔ ေဟာကိန္းထုတ္လုိက္ပါတယ္။ လီဗာပူးဟာ တနဂၤေႏြညက အဲဗာတန္နဲ႔ပြဲမွာ ႏိုင္ပဲြေပ်ာက္ခ့ဲရေပမယ့္ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ လက္တစ္ကမ္းအကြာမွာ ရွိေနၿပီး သခ်ၤာနည္းအရ ခ်န္ပီယံျဖစ္ဖုိ႔ ေသခ်ာသြားၿပီဆုိတာနဲ႔ ရာသီသစ္မွာ ခ်န္ပီယံဆုကာကြယ္ႏိုင္ဖို႔ စတင္ႀကိဳးစားမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက လီဗာပူးကို တစ္မွတ္အသာနဲ႔ ေက်ာ္ျဖတ္ကာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တဲ့ စီးတီးက လီဗာပူးကို စိန္ေခၚႏိုင္တဲ့အသင္းျဖစ္လာႏိုင္ပါတယ္။ ”ရာသီအစကအေျခအေနေတြကေန ကၽြန္ေတာ္တုိ႔ သင္ခန္းစာရယူနုိင္လိမ့္မယ္လု႔ိ ေမွ်ာ္လင့္ပါတယ္။ လီဗာပူးနဲ႔ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာအႏိုင္ရခဲ့ၿပီးေနာက္ ကၽြန္ေတာ္ မေမွ်ာ္လင့္ဘဲ အမွတ္ေတြအမ်ားႀကီး ေလ်ာ့က်ခဲ့ပါတယ္”
”ဒါေပမဲ့ ဒီလုိျဖစ္လာလိမ့္မယ္လုိ႔ ကၽြန္ေတာ္ကိုယ္တိုင္ မေမွ်ာ္လင့္ခဲ့ပါဘူး။ ရာသီတုိင္းမွာ ၿပိဳင္ဘက္ေတြက ပိုမိုေတာင့္တင္းလာတယ္လုိ႔ ထင္ပါတယ္။ လီဗာပူးက ေတာင့္တင္းတဲ့အသင္းအျဖစ္ ဆက္ရွိေနမွာျဖစ္ေပမယ့္ ခ်ဲလ္ဆီးကလည္း ဘယ္ေလာက္အထိရင္းႏွီးျမႇဳပ္ႏွံေနလဲဆုိတာ ကၽြန္ေတာ္တုိ႔အားလုံး အေတြ႕ပါ။ ၿပီးေတာ့ ယူႏုိက္တက္ရဲ႕တုိးတက္လာမႈကိုလည္း ျမင္ေတြ႕ေနရပါတယ္”
”စပါးက ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တုိ႔အပါအ၀င္ ဒဏ္ရာရကစားသမားေတြ ျပန္သက္သာလာမႈနဲ႔အတူ အေကာင္းဘက္ျပန္ေရာက္လာၿပီး နည္းျပကလည္း ေမာ္ရင္ညိဳျဖစ္လုိ႔ သူတုိ႔အသင္းက ေတာင့္တင္းတဲ့အသင္းျဖစ္လာမွာပါ။ အာဆင္နယ္က နည္းျပအာတီတာနဲ႔အတူ အခ်ိန္တစ္ခုယူၿပီးသြားရင္ ေၾကာက္စရာေကာင္းလာမွာပါ။ လက္စတာလည္း အဲဒီအတုိင္းပါပဲ။ ရာသီတုိင္းမွာ အသင္းေတြက ပိုမိုေတာင့္တင္းလာၿပီး ပိုမိုခက္ခဲလာပါတယ္”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။
လီဗာပူးဟာ ေနာက္တစ္ပတ္ ၾကာသပေတးေန႔မွာ စီးတီးနဲ႔အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး အခုခ်ိန္အထိ ခ်န္ပီယံျဖစ္ဖို႔ မေသခ်ာေသးဘဲ ၾကားထဲမွာကစားရမယ့္ပြဲရလဒ္ေတြအေပၚ မူတည္ၿပီး အေျခအေနေျပာင္းလဲလာႏိုင္ပါတယ္။