ယူနိုက်တက်ကို အမြင့်ဆုံးနေရာကနေ လီဗာပူးအသင်း နောက်ကောက်ချလိုက်ပြီလို့ ဟာမန်း ယုံကြည်

0
160

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

လီဗာပူးကွင်းလယ်လူဟောင်း ဒီယက်မာဟာမန်းက အသင်းဟောင်းအနေနဲ့ ယူနိုက်တက်ကို အမြင့်ဆုံးနေရာကနေ နောက်ကောက်ချနိုင်ခဲ့ပြီလို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဂျာမနီနိုင်ငံသား ဟာမန်းက ၁၂လအတွင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်ခဲ့တာက ထိပ်တန်းကစားသမားတွေ အင်္ဂလန်ကို လာချင်ရင် ပထမဆုံးအတွေးထဲ ဝင်လာတဲ့ကလပ်ဖြစ်စေခဲ့ပြီလို့ ဆိုပါတယ်။

Photo Credit

”ကျွန်တော် ကစားသမားဘဝတုန်းက ကစားသမားအားလုံးက ယူနိုက်တက်ကိုပဲ ပြောင်းချင်ခဲ့ပါတယ်။ ယူနိုက်တက်ရောက်ပြီဆိုတာနဲ့ ဆုဖလားရမယ်ဆိုတာ သေချာနေတာကိုး။ သူတို့က အကြီးမားဆုံးကလပ်ဖြစ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှာ အောင်မြင်ကျော်ကြားခဲ့ပါတယ်”

Photo Credit

”ဒါပေမဲ့ ဖာဂူဆန်အနားယူပြီးနောက် ယူနိုက်တက်လည်း ကွင်းတွင်းအောင်မြင်မှုရဖို့ ရုန်းကန်နေရပြီး ဒီအချိန်မှာ ကွက်တိဆိုသလို ကလော့ပ်ကလည်း လီဗာပူးကို ရောက်လာပါတယ်။ ကလော့ပ်က ကစားသမားအားလုံး လာကစားချင်တဲ့အသင်းအဖြစ် လီဗာပူးကို ပြောင်းလဲပေးခဲ့ပါတယ်။ သူက ယူနိုက်တက်ကို အမြင့်ဆုံးအဆင့်ကနေ နောက်ကောက်ချလိုက်တာပါ”လို့ ဟာမန်းက ပြောပါတယ်။

Photo Credit

ဒီလိုအသင်းဟောင်းကို ချီးကျူးခဲ့ပေမယ့် ဟာမန်းကတော့ လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်မှာ ခေတ်သစ်တည်ဆောက်နိုင်မယ်လု့ိ မယုံကြည်ကြောင်း၊ ထိုသို့မယုံကြည်ရခြင်းမှာ တခြားပရီးမီးယားလိဂ်အသင်းတွေရဲ့ အင်အားတောင့်တင်းမှုကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ယူႏိုက္တက္ကို အျမင့္ဆုံးေနရာကေန လီဗာပူးအသင္း ေနာက္ေကာက္ခ်လုိက္ၿပီလုိ႔ ဟာမန္း ယုံၾကည္

လီဗာပူးကြင္းလယ္လူေဟာင္း ဒီယက္မာဟာမန္းက အသင္းေဟာင္းအေနနဲ႔ ယူႏိုက္တက္ကို အျမင့္ဆုံးေနရာကေန ေနာက္ေကာက္ခ်ႏိုင္ခဲ့ၿပီလုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။ ဂ်ာမနီႏိုင္ငံသား ဟာမန္းက ၁၂လအတြင္း ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြ ရယူႏိုင္ခဲ့တာက ထိပ္တန္းကစားသမားေတြ အဂၤလန္ကို လာခ်င္ရင္ ပထမဆုံးအေတြးထဲ ၀င္လာတဲ့ကလပ္ျဖစ္ေစခဲ့ၿပီလုိ႔ ဆုိပါတယ္။
”ကၽြန္ေတာ္ ကစားသမားဘ၀တုန္းက ကစားသမားအားလုံးက ယူႏုိက္တက္ကိုပဲ ေျပာင္းခ်င္ခဲ့ပါတယ္။ ယူႏုိက္တက္ေရာက္ၿပီဆိုတာနဲ႔ ဆုဖလားရမယ္ဆိုတာ ေသခ်ာေနတာကိုး။ သူတုိ႔က အႀကီးမားဆုံးကလပ္ျဖစ္ခဲ့ၿပီး ျပည္တြင္း၊ ျပည္ပမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္”
”ဒါေပမဲ့ ဖာဂူဆန္အနားယူၿပီးေနာက္ ယူႏုိက္တက္လည္း ကြင္းတြင္းေအာင္ျမင္မႈရဖုိ႔ ႐ုန္းကန္ေနရၿပီး ဒီအခ်ိန္မွာ ကြက္တိဆုိသလုိ ကေလာ့ပ္ကလည္း လီဗာပူးကို ေရာက္လာပါတယ္။ ကေလာ့ပ္က ကစားသမားအားလုံး လာကစားခ်င္တဲ့အသင္းအျဖစ္ လီဗာပူးကို ေျပာင္းလဲေပးခဲ့ပါတယ္။ သူက ယူႏုိက္တက္ကို အျမင့္ဆုံးအဆင့္ကေန ေနာက္ေကာက္ခ်လုိက္တာပါ”လုိ႔ ဟာမန္းက ေျပာပါတယ္။
ဒီလုိအသင္းေဟာင္းကို ခ်ီးက်ဴးခဲ့ေပမယ့္ ဟာမန္းကေတာ့ လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္မွာ ေခတ္သစ္တည္ေဆာက္ႏိုင္မယ္လု႔ိ မယုံၾကည္ေၾကာင္း၊ ထိုသို႔မယုံၾကည္ရျခင္းမွာ တျခားပရီးမီးယားလိဂ္အသင္းေတြရဲ႕ အင္အားေတာင့္တင္းမႈေၾကာင့္ျဖစ္တယ္လုိ႔ ေျပာပါတယ္။