မန်စီးတီး နဲ့ပွဲမှာ ဝတ်ဆင်မယ့် အာဆင်နယ်အသင်းရဲ့ဝတ်စုံသစ်ထွက်ပေါ်လာ

0
173

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ်အသင်းကတော့ NHS အမှတ်တရ နဲ့ Black Lives Matter တို့ကိုထောက်ခံတဲ့အနေနဲ့ ဝတ်စုံသစ်ကို အခုညမှာကစားမယ့် မန်စီးတီးနဲ့ပွဲမှာ အူဘာမီယန်းအပါအဝင် အသင်းဖော်တွေလည်း ဝတ်ဆင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတိုင်းကတော့ Black Lives Matter ကိုထောက်ခံတဲ့အနေနဲ့ အခုလာမယ့်ပွဲစဉ်တိုင်းမှာ ဝတ်ဆင်ဖွယ်ရှိနေပါတယ်။


လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် Black Lives Matter ကိစ္စပါပေါ်ပေါက်လာခဲ့ပြီး ၂၀၁၉ – ၂၀ ရာသီလက်ကျန်ပွဲစဉ်တွေရဲ့အကျီတွေမှာ အဆိုပါလိုဂိုတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်မှာ သေဆုံးခဲ့တဲ့ ဂျော့ချ်ဖလွိုက်စ်ကိစ္စကိုတော့ စီးတီးကစားသမား စတာလင်ကစတင်ခဲ့တာဖြစ်ကာ အာဆင်နယ်အသင်းနဲ့ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။


ပြီးခဲ့တဲ့အပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း အာဆင်နယ်ကစားသမားတွေဟာ “I can’t breathe” ၊ “My Skin is not a crime” စတဲ့ တီရှပ်တွေကို ဝတ်ဆင်ခဲ့ကြာတာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ Black Lives Matter အပြင်ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အလုပ်လုပ်ခဲ့တဲ့ NHS ကို ချီးကျူးအနေနဲ့ အကျီမှာ လိုဂိုတွေကို ထည့်သွင်းဖွယ်ရှိနေပါတယ်။


ဗြိတိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၁၀၀၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ် – ၁၉ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေဟာလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ၉ ပွဲကစားဖို့ ကျန်ရှိနေပြီး ဒီနေ့ညမှာတော့ စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ အာဆင်နယ်အသင်းဟာ အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။