မနက်ဖြန်မှာ အိန်ဂျယ် ဂိုးမက်စ် အသင်း ထွက်ခွာတော့မယ်လို့ ဆိုးလ်ရှား အတည်ပြု

0
1623

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လူငယ်ကစားသမား အိန်ဂျယ် ဂိုးမက်စ်ဟာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရခဲ့တာကြောင့် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီးတို့က ချိတ်ဆက်နေတဲ့ ၁၉နှစ်သားဟာ မနက်ဖြန်ကနေစတင်ပြီး အလွတ်ကစားသမား တစ်ဦး ဖြစ်လာမှာပါ။


ပြီးခဲ့တဲ့အပတ်ကတော့ ဆိုးလ်ရှားက ၂၀၁၇ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆု ရခဲ့တဲ့ ဂိုးမက်စ်တစ်ယောက် စာချုပ်သက်တမ်း တိုးနိုင်မယ်လို့ မျှော်လင့်နေကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ ယနေ့မှာတော့ “အရိုးသားဆုံး ပြောရရင် မနေ့ညက ဘာသတင်းမှ မကြားရတာကြောင့် သူတို့ သဘောတူညီမှု မရခဲ့ဘူးလို့ ထင်ရပါတယ်”


“အဖြေကတော့ ဘာသတင်းမှ မရဘူးလို့ ပြောချင်တာပါ။ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ဟန် မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ရက်ကပဲ ဆိုးလ်ရှားက ဂိုးမက်စ်အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ကြောင်း ပြောထားခဲ့တာပါ။


ဂိုးမက်စ်ဟာ ၂၀၁၇ခုနှစ်က အသင်းမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ယူနိုက်တက်ရဲ့ ၂၀၀၀ခုနှစ်ဖွား ကစားသမားတွေထဲမှာ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပွဲထွက်ခွင့် သိပ်မရခဲ့ဘဲ ယခုအချိန်ထိ ၁၀ပွဲသာ ပါဝင်ခွင့် ရထားခဲပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။