ပြင်သစ်အသင်းမှာလို ခေါင်းဆောင်မှုစွမ်းရည်ပြသဖို့ ပေါ့ဘာကို ဆိုးလ်ရှားသတိပေး

0
456

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပေါ့ဘာအနေနဲ့ မန်ယူအသင်းမှာ ပြင်သစ်အသင်းမှာ ပြခဲ့တဲ့ခေါင်းဆောင်မှုစွမ်းရည်ပြသဖို့ နည်းပြဆိုးလ်ရှားက သတိပေးပြောဆိုလိုက်ပါတယ်။ မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ ပြင်သစ်အသင်းမှာ ကွင်းတွင်း၊ကွင်းပြင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ယူအသင်းမှာတော့ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်နေရတာပါ။ လက်ရှိမှာ ပေါ့ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီးနောက် စပါးနဲ့ရင်ဆိုင်ကစားမယ့် ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။

မန်ယူနည်းပြဆိုးလ်ရှားကတော့ ပေါ့ဘာကို အရင်လို ကမ္ဘာ့အဆင့်ခြေစွမ်းပြန်ရဖို့ မျှော်လင့်နေပါတယ်။ “သူ့က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်လို့ မကြာခင်မှာ ပုံစံကောင်း ပြန်ရဖို့ မျှော်လင့်ပါတယ်။ သူက ဒဏ်ရာတွေကြောင့် တစ်ရာသီလုံးခက်ခဲခဲ့ရပေမယ့် အခုအခါမှာတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာရော အာရုံစိုက်မှုပါ အကောင်းဆုံးဖြစ်နေပါပြီ။ သူ့ရဲ့ခြေစွမ်းကို သက်သေပြဖို့ အဆင်သင့်ဖြစ်နေပြီထင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပြသွားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၀ အဖြစ် စပါးအသင်းကို အဝေးကွင်းသွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားက Covid 19 ကာလမတိုင်မီက ခြေစွမ်းပြခဲ့ကြတဲ့ တွမ်မီနေး၊ မာတစ်၊ ဖာနန်ဒက်စ်တို့ကို ဦးစားပေးပွဲထုတ်လာဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ျပင္သစ္အသင္းမွာလို ေခါင္းေဆာင္မႈစြမ္းရည္ျပသဖို႔ ေပါ့ဘာကို ဆိုးလ္ရွားသတိေပး
/////////////////////////////////////////////
ေပါ့ဘာအေနနဲ႔ မန္ယူအသင္းမွာ ျပင္သစ္အသင္းမွာ ျပခဲ့တဲ့ေခါင္းေဆာင္မႈစြမ္းရည္ျပသဖို႔ နည္းျပဆိုးလ္ရွားက သတိေပးေျပာဆိုလိုက္ပါတယ္။ မန္ယူကြင္းလယ္လူ ေပါ့ဘာဟာ ျပင္သစ္အသင္းမွာ ကြင္းတြင္း၊ကြင္းျပင္ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလားကို ရယူေပးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ မန္ယူအသင္းမွာေတာ့ ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္မႈေတြနဲ႔သာ ရင္ဆိုင္ေနရတာပါ။ လက္ရွိမွာ ေပါ့ဘာဟာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီးေနာက္ စပါးနဲ႔ရင္ဆိုင္ကစားမယ့္ ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။

မန္ယူနည္းျပဆိုးလ္ရွားကေတာ့ ေပါ့ဘာကို အရင္လို ကမာၻ႔အဆင့္ေျခစြမ္းျပန္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။ “သူ႔က ကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္လို႔ မၾကာခင္မွာ ပုံစံေကာင္း ျပန္ရဖို႔ ေမွ်ာ္လင့္ပါတယ္။ သူက ဒဏ္ရာေတြေၾကာင့္ တစ္ရာသီလုံးခက္ခဲခဲ့ရေပမယ့္ အခုအခါမွာေတာ့ သူ႔ရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ အာ႐ုံစိုက္မႈပါ အေကာင္းဆုံးျဖစ္ေနပါၿပီ။ သူ႔ရဲ႕ေျခစြမ္းကို သက္ေသျပဖို႔ အဆင္သင့္ျဖစ္ေနၿပီထင္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာျပသြားခဲ့တာျဖစ္ပါတယ္။

မန္ယူအသင္းဟာ ယေန႔ညမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၀ အျဖစ္ စပါးအသင္းကို အေဝးကြင္းသြားေရာက္ ရင္ဆိုင္ရမွာျဖစ္ၿပီး နည္းျပဆိုးလ္ရွားက Covid 19 ကာလမတိုင္မီက ေျခစြမ္းျပခဲ့ၾကတဲ့ တြမ္မီေနး၊ မာတစ္၊ ဖာနန္ဒက္စ္တို႔ကို ဦးစားေပးပြဲထုတ္လာဖြယ္ရွိေနပါတယ္။