ပေါ့ဂ်ဘာ ပြန်ကောင်းလာတာက ချန်ပီယံလိဂ်မျှော်လင့်ချက်အတွက် တွန်းအားဖြစ်လာနိုင်တယ်လို့ ဘာဘာတော့ဗ် သုံးသပ်

Photo Credit

Photo Credit

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ကာလရှည်အနားယူနေရာကနေ ပြန်လည်သက်သာလာတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာက ယခုရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် အသင်းဖော်တွေကို တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ပေါ့ဂ်ဘာဟာ ယခုရာသီမှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စုစုပေါင်း ၈ပွဲပဲ ကစားခွင့်ရရှိထားပြီး ဇန်နဝါရီလက ခွဲစိတ်ကုသမှုခံယူခဲ့ရကာ မတ်လ ၁၃ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲတွေရပ်နားခဲ့ရချိန်မှာလည်း အနားယူနေခဲ့ရပါတယ်။

Photo Credit

ဒါပေမဲ့ အသက် ၂၇နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ self-isolation ကာလအတွင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လေ့ကျင့်ခဲ့ပြီး အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနေပြီဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ မှ ချဲလ်ဆီးနဲ့ ၃ မှတ်ကွာဟလျက်ရှိပါတယ်။

Photo Credit

ဘာဘာတော့ဗ်က ”ပေါ့ဂ်ဘာ ပြန်သက်သာလာတာက ယူနိုက်တက်အတွက်တော့ တကယ့်သတင်းကောင်းပါ။ နည်းနည်းသတိထားရမှာက သူ အကြာကြီးမကစားခဲ့တဲ့အချက်ဖြစ်ပြီး သူ ကောင်းကောင်းပြင်ဆင်ထားဖို့လည်း မျှော်လင့်ပါတယ်။ ရာနှုန်းပြည့်အနေအထားမှာ သူပြန်ကစားဖို့ အဆင်သင့်ရှိနေပါလိမ့်မယ်။ ပွဲထွက်စာရင်းမှာ တန်းပါနိုင်မလားဆိုတာ ကျွန်တော်လည်း သေချာမပြောနိုင်သေးပါဘူး”

Photo Credit

”ဒဏ်ရာကြောင့် အကြာကြီးနားခဲ့ရသူက ပွဲထွက်စာရင်းမှာ ချက်ချင်ပြန်ပါနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ နည်းပြဆိုးလ်ရှားက ပေါ့ဂ်ဘာကို ပွဲကစားဖို့ အသင့်ပဲလားလို့ မေးရင် သူက အသင့်ပဲလို့ ပြန်ဖြေပါလိမ့်မယ်။ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့အတွဲကို ပထမဆုံးအကြိမ် မြင်တွေ့ရတော့မှာဖြစ်ပြီး သူတု့ိ မျှော်လင့်ထားသလို ခြေစွမ်းပြနိုင်မလားဆိုတာလည်း စောင့်ကြည့်ချင်စရာပါ”လို့ ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပွဲတွေမရပ်နားခင်မှာ ပြိုင်ပွဲစုံ ၁၁ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားနိုင်ခဲ့ပေမယ့် ဘာဘာတော့ဗ်ကတော့ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ရေးအတွက် ကြိုးစားရာမှာ အောက်ခြေလွတ်လို့မဖြစ်ကြောင်း ပြောပါတယ်။

Photo Credit

Zawgyi

ေပါ့ဂ္ဘာ ျပန္ေကာင္းလာတာက ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္အတြက္ တြန္းအားျဖစ္လာႏုိင္တယ္လုိ႔ ဘာဘာေတာ့ဗ္ သုံးသပ္

ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ကာလရွည္္အနားယူေနရာကေန ျပန္လည္သက္သာလာတဲ့ ကြင္းလယ္လူ ေပါ့ဂ္ဘာက ယခုရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေရးအတြက္ အသင္းေဖာ္ေတြကို တြန္းအားေပးႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။ ေပါ့ဂ္ဘာဟာ ယခုရာသီမွာ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ စုစုေပါင္း ၈ပြဲပဲ ကစားခြင့္ရရွိထားၿပီး ဇန္န၀ါရီလက ခြဲစိတ္ကုသမႈခံယူခဲ့ရကာ မတ္လ ၁၃ ရက္ေန႔မွာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ပဲြေတြရပ္နားခဲ့ရခ်ိန္မွာလည္း အနားယူေနခဲ့ရပါတယ္။
ဒါေပမဲ့ အသက္ ၂၇ႏွစ္အရြယ္ရွိ ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ self-isolation ကာလအတြင္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေလ့က်င့္ခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းအျပည့္အ၀ျပန္ဆင္းေနၿပီဲျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ အမွတ္ေပးဇယားရဲ႕အဆင့္ ၅ ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရ ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ မွ ခ်ဲလ္ဆီးနဲ႔ ၃ မွတ္ကြာဟလ်က္ရွိပါတယ္။
ဘာဘာေတာ့ဗ္က ”ေပါ့ဂ္ဘာ ျပန္သက္သာလာတာက ယူႏိုက္တက္အတြက္ေတာ့ တကယ့္သတင္းေကာင္းပါ။ နည္းနည္းသတိထားရမွာက သူ အၾကာႀကီးမကစားခဲ့တဲ့အခ်က္ျဖစ္ၿပီး သူ ေကာင္းေကာင္းျပင္ဆင္ထားဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ ရာႏႈန္းျပည့္အေနအထားမွာ သူျပန္ကစားဖို႔ အဆင္သင့္ရွိေနပါလိမ့္မယ္။ ပြဲထြက္စာရင္းမွာ တန္းပါႏိုင္မလားဆုိတာ ကၽြန္ေတာ္လည္း ေသခ်ာမေျပာႏုိင္ေသးပါဘူး”
”ဒဏ္ရာေၾကာင့္ အၾကာႀကီးနားခဲ့ရသူက ပြဲထြက္စာရင္းမွာ ခ်က္ခ်င္ျပန္ပါႏိုင္မလားဆုိတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။ နည္းျပဆုိးလ္ရွားက ေပါ့ဂ္ဘာကို ပြဲကစားဖို႔ အသင့္ပဲလားလုိ႔ ေမးရင္ သူက အသင့္ပဲလုိ႔ ျပန္ေျဖပါလိမ့္မယ္။ ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္တို႔အတြဲကို ပထမဆုံးအႀကိမ္ ျမင္ေတြ႕ရေတာ့မွာျဖစ္ၿပီး သူတု႔ိ ေမွ်ာ္လင့္ထားသလုိ ေျခစြမ္းျပႏုိင္မလားဆိုတာလည္း ေစာင့္ၾကည့္ခ်င္စရာပါ”လို႔ ေျပာပါတယ္။
ယူႏိုက္တက္ဟာ ပြဲေတြမရပ္နားခင္မွာ ၿပိဳင္ပြဲစုံ ၁၁ပြဲဆက္ ႐ံႈးပြဲမရွိစံခ်ိန္တင္ထားႏိုင္ခဲ့ေပမယ့္ ဘာဘာေတာ့ဗ္ကေတာ့ ခ်ဲလ္ဆီးကို ေက်ာ္ျဖတ္ႏိုင္ေရးအတြက္ ႀကိဳးစားရာမွာ ေအာက္ေျခလြတ္လုိ႔မျဖစ္ေၾကာင္း ေျပာပါတယ္။