ပေါ့ဂ်ဘာ နဲ့ သူဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရယူလိုစိတ် ပြင်းပြနေတယ်လို့ ဘရူနိုဖာနန်ဒက်စ် ပြောကြား

0
247

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကတော့ သူနဲ့အသင်းဖော် ပေါ့ဂ်ဘာဟာ ယူနိုက်တက်အသင်းနဲ့အတူ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားချင်တဲ့ အရည်အချင်းကို သက်သေပြချင်တဲ့ ဆန္ဒချင်းတူတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ သောကြာနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တော့တင်ဟမ်အသင်းနဲ့ရင်ဆိုင်ခဲ့ရကာ သရေရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့က စပို့တင်းကနေ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေတာဖြစ်ပါတယ်။ “ပေ့ါဂ်ဘာ နဲ့ ကျွန်တော်က ရည်မှန်းချက်တူပါတယ်။ အသင်းကို ချန်ပီယံလိဂ်ရောက်အောင် ကူညီပေးချင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်မှာ အရည်အချင်းကောင်းတွေပြသချင်နေပါတယ်”လို့ ဖာနန်ဒက်စ်က သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောပါတယ်။


ဖာနန်ဒက်စ်က သူဟာ ပေါ့ဂ်ဘာနဲ့ အီတလီမှာကစားကတည်းက ရင်းနှီးခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့အချိန်တုန်းက ဖာနန်ဒက်စ်က အူဒီးနီးစ်မှာ ကစားနေပြီး ပေါ့ဂ်ဘာက ဂျူဗင်တပ်စ်မှာ ကစားနေတာဖြစ်ပါတယ်။


“ကျွန်တော်တို့ ရင်းနှီးခဲ့ပါတယ်။ ပေါ့ဂ်ဘာကို အီတလီမှာကတည်းက သိတာပါ။ ကျွန်တော်တို့ စကားအနည်းငယ်တောင်ပြောဖြစ်ပါတယ်။ အခုတော့ သူနဲ့တစ်သင်းတည်းလေ့ကျင့်ခွင့်ရရှိခဲ့ပါပြီ။ သူ့ရဲ့အရည်အချင်းက တကယ်ကောင်းပါတယ်”လို့ ဖာနန်ဒက်စ်ကဆိုပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်က ရော်နယ်ဒိုဟာ သူ့ကို ချီးကျူးခဲ့သေးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။


“ရော်နယ်ဒိုက ကျွန်တော့်ကို ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ သူ့ကြောင့်လည်း ကျွန်တော်ယူနိုက်တက်ကို ရောက်လာခဲ့တာပါ။ သူ့ရဲ့ချီးကျူးမှုကိုရခဲ့တဲ့အတွက် ကျေနပ်မိပါတယ်”လို့ ရော်နယ်ဒိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။