ပေါင် သန်း ၅၀ထက်ပိုမပေးလိုတာကြောင့် ဆန်ချိုကို လက်လွှတ်ရဖွယ်ရှိနေတဲ့ ယူနိုက်တက်

0
502

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အသင်းဟာ ဒေါ့မွန်စတား ဆန်ချိုကို ပေါင် ၅၀ သန်းထက်ပိုမပေးလိုတာကြောင့် လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ဂျာမန်ကလပ်အသင်းကတော့ ဆန်ချိုကို ပေါင် ၁၀၀ သန်းတန်ကြေးသတ်မှတ်ထားတာဖြစ်ပါတယ်။


ဒါပေမဲ့ ယူနိုက်တက်အသင်းကတော့ ဒေါ့မွန်တောင်းဆိုထားတဲ့တန်ကြေးရဲ့ထက်ဝက်ကိုသာ ပေးချေလိုနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ဒါကြောင့် ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းရဲ့ထိပ်တန်းပစ်မှတ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။


အသက် ၂၀ အရွယ်အင်္ဂလန်သားဟာ ဒီရာသီမှာအသင်းအတွက် ပြိုင်ပွဲစုံ ၂၀ ဂိုးသွင်း ၁၉ ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။ တနလာၤနေ့မှာတော့ ဂျာမန်ကလပ်ရဲ့ဈေးကွက်စတော့ပ်ရှယ်ယာက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါင် ၄၁ သန်းခန့်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


ဒါကြောင့် တကယ်လို့ ယူနိုက်တက်အသင်းသာ ဆန်ချိုကိုခေါ်ယူဖို့ ကမ်လှမ်းခဲ့မယ်ဆိုရင် ထက်ဝက်ကြေးနဲ့ ရောင်းချဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ကတော့ လာမယ့်လထဲမှာ ဖွင့်လှစ်မှာဖြစ်ကာ ဒေါ့မွန်အနေနဲ့ ဆန်ချိုကို ထက်ဝက်ဈေးနဲ့ရောင်းချဖွယ်ရှိနေပါတယ်။


ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းကနေ ဒေါ့မွန်ကို ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ ထိပ်တန်းစွမ်းဆောင်ရည်တစ်ရပ်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လတုန်းက ဆန်ချိုကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားခဲ့တာဖြစ်ပါတယ်။


ဒေါ့မွန်အသင်းတာဝန်ရှိသူ ဝက်ဇ်ကီကတော့ ဆန်ချိုအနေနဲ့ အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။ “ဆန်ချိုက ကျွန်တော်တို့ကစားသမားအဖြစ်ရှိနေဆဲပါ။ တကယ်လို့ ခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ ကျွန်တော်တို့တောင်းဆိုတဲ့တန်ကြေးကိုပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သူအသင်းမှာပဲ ဆက်ရှိနေမှာပါ”လို့ ဝက်ဇ်ကီက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။