ပီယာနစ်နဲ့ ဂျော်ဂျင်ဟို အလဲအထပ်လုပ်မယ့် ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီးငြင်းပယ်

0
151

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချဲလ်ဆီးအသင်းဟာ ပီယာနစ်နဲ့ ဂျော်ဂျင်ဟိုတို့ကို အလဲအထပ်လုပ်ဖို့ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ ပီယာနစ်ဟာ ဂျူဗီကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး ဘာစီလိုနာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကာ အဆိုပါ အပြောင်းအရွှေ့အတွက် အာသာက မူတည်နေပါတယ်။


အသက်၃၀အရွယ် ပီယာနစ်ဟာ ချဲလ်ဆီးကို လက်ခံစဉ်းစားလိုနေပေမဲ့ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းချက်ကို ခြင်္သေ့ပြာတွေက ကျေနပ်ခြင်း မရှိပါဘူး။ အလားတူ ဘော့စနီယားသားကို ပီအက်စ်ဂျီကလည်း ကမ်းလှမ်းတာကြောင့် ရာသီကုန်မှာ အသင်းက ထွက်ခွာရဖို့ သေချာသလောက် ရှိနေခဲ့ပါတယ်။


ကောလဟာလတွေအရတော့ ပီယာနစ်ဟာ ဘာကာကို ပြောင်းချင်ပေမဲ့ အာသာက နူးကမ်းကနေ မထွက်ချင်တာကြောင် အပြောင်းအရွှေ့က ကြန့်ကြာနေခဲ့ပါတယ်။ Sportရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ ဘရာဇီးသား အဆိုပါ ကမ်းလှမ်းမှုကို လက်ခံလာစေဖို့ နားချမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။


ဂျော်ဂျင်ဟိုဟာ နည်းပြ ဆာရီလက်အောက် နာပိုလီမှာ ကစားခဲ့သလို ၂၀၁၈ ဇူလိုင်မှာလည်း အတူတူတူ ချဲလ်ဆီးကို ပြောင်းခဲ့ကြပါတယ်။ ၂၈နှစ်သားကို လက်ရှိ ဆာရီနည်းပြနေတဲ့ ဂျူဗီကနေ အသည်းအသန် ခေါ်ယူဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။


ဒါပေမဲ့ The Athleticကတော့ ဆရာတပည့် ၂ဦးဟာ ဆာရီ ချဲလ်ဆီးက ထွက်သွားကတည်းက အဆက်အသွယ် မရှိကြတော့ဘူးလို့ ဖော်ပြထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။