ပရီးမီးယားလိဂ်ကို ကော်တင်ညို ပြန်လာချင်နေတယ်လို့ အေးဂျင့်ထုတ်ဖော်

0
174

Photo Credit

Photo Credit

ဘာစီလိုနာကွင်းလယ်လူ ကော်တင်ညိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာချင်နေတယ်လို့ အေးဂျင့်ဖြစ်သူ ဂျော်ရတ်ချီယန်က ထုတ်ဖော်ပြောဆိုလိုက်ရာ သူ့ကို ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့အတွက် သတင်းကောင်းဖြစ်လာပါတယ်။ ကော်တင်ညိုဟာ ၂၀၁၈ ဇန်နဝါရီလက လီဗာပူးကနေ ဘာစီလိုနာကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးချိန်ကတည်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit

သူဟာ ယခုရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ တစ်ရာသီကြာအငှားကစားနေပေမယ့် မြူးနစ်အခြေစိုက်အသင်းကတော့ သူ့ကို အပြီးသတ်ခေါ်ယူဖွယ်မရှိဘဲ ယခုရာသီအကုန်မှာ မိခင်ကလပ်နဲ့ ပြန်လည်ပူးပေါင်းရဖွယ်ရှိနေပါတယ်။ ဘာစီလိုနာကလည်း နွေရာသီမှာ လူစာရင်းကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်ဖွယ်ရှိနေပြီး အနည်းဆုံးတော့ ကော်တင်ညိုရဲ့မြင့်မားတဲ့လုပ်ခလစာကို မပေးလိုဘဲ အငှားပို့ဖွယ်ရှိနေပါတယ်။

Photo Credit

ဂျော်ရတ်ချီယန်က ”ကော်တင်ညိုဟာ တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်ကို ပြန်လာချင်နေပါတယ်။ အဲဒီဆန္ဒက ဒီနှစ်မှာဖြစ်နိုင်သလို မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့လည်း သေချာမသိဘူး။ ဒီအချိန်မှာ ဘာမှလည်း မဆွေးနွေးရသေးပါဘူး”လို့ ပြောပါတယ်။

Photo Credit

ကော်တင်ညိုဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ခေါ်ယူလိုနေတာဖြစ်ပြီး ချဲလ်ဆီးက နည်းပြလမ်းပတ်ကို ဒီနှစ်မှာ ငွေကြေးသုံးစွဲခွင့်ပြုဖွယ်ရှိနေပါတယ်။ နယူးကာဆယ်ကလည်း အသင်းပိုင်ရှင်အပြောင်းအလဲနဲ့အတူ အသင်းကြီးစာရင်းဝင်လာဖို့ အလားအလာရှိနေပါတယ်။

Photo Credit

ဘာစီလိုနာက ကော်တင်ညိုရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၇၁ သန်းသတ်မှတ်ထားတာက ပရီးမီးယားလိဂ်အသင်းတွေအတွက် အခက်တွေ့စေနိုင်ပေမယ့် အသင်းတချို့ကတော့ နူးကမ့်အခြေစိုက်အသင်းအနေနဲ့ ငှားရမ်းခပေါင် ၉သန်းရရင် ကော်တင်ညိုကို အငှားဆက်ချဖွယ်ရှိနေတယ်လို့ ရေးသားဖော်ပြနေပါတယ်။ ဒါပေမဲ့ ဂျော်ရတ်ချီယန်ကတော့ အဲဒီပြောင်းရွှေ့ကြေးနဲ့ ရောင်းချမယ်ဆိုတဲ့သတင်းတွေက မဟုတ်မှန်ဘူးလို့ အတည်ပြုပါတယ်။

Photo Credit

”ကျွန်တော်ကတော့ ဒီကိန်းဂဏန်းကို တစ်ခါမှမကြားဖူးပါဘူး။ သတင်းတွေမှာဖော်ပြနေတဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ တစ်ခါမှမဆွေးနွေးဖူးပါဘူး”လို့ ဂျော်ရတ်ချီယန်က ပြောပါတယ်။

Photo Credit

Zawgyi

ပရီးမီးယားလိဂ္ကို ေကာ္တင္ညိဳ ျပန္လာခ်င္ေနတယ္လုိ႔ ေအးဂ်င့္ထုတ္ေဖာ္

ဘာစီလုိနာကြင္းလယ္လူ ေကာ္တင္ညိဳအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လာခ်င္ေနတယ္လုိ႔ ေအးဂ်င့္ျဖစ္သူ ေဂ်ာ္ရတ္ခ်ီယန္က ထုတ္ေဖာ္ေျပာဆိုလုိက္ရာ သူ႕ကို ေခၚယူခ်င္ေနတဲ့ ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ နယူးကာဆယ္တို႔အတြက္ သတင္းေကာင္းျဖစ္လာပါတယ္။ ေကာ္တင္ညိဳဟာ ၂၀၁၈ ဇန္န၀ါရီလက လီဗာပူးကေန ဘာစီလုိနာကို ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာၿပီးခ်ိန္ကတည္းက ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရပါတယ္။
သူဟာ ယခုရာသီမွာ ဘုိင္ယန္ျမဴးနစ္နဲ႔အတူ တစ္ရာသီၾကာအငွားကစားေနေပမယ့္ ျမဴးနစ္အေျခစိုက္အသင္းကေတာ့ သူ႕ကို အၿပီးသတ္ေခၚယူဖြယ္မရွိဘဲ ယခုရာသီအကုန္မွာ မိခင္ကလပ္နဲ႔ ျပန္လည္ပူးေပါင္းရဖြယ္ရွိေနပါတယ္။ ဘာစီလုိနာကလည္း ေႏြရာသီမွာ လူစာရင္းကို ႀကီးႀကီးမားမားအေျပာင္းအလဲျပဳလုပ္ဖြယ္ရွိေနၿပီး အနည္းဆုံးေတာ့ ေကာ္တင္ညိဳရဲ႕ျမင့္မားတဲ့လုပ္ခလစာကို မေပးလုိဘဲ အငွားပို႔ဖြယ္ရွိေနပါတယ္။
ေဂ်ာ္ရတ္ခ်ီယန္က ”ေကာ္တင္ညိဳဟာ တစ္ခ်ိန္ခ်ိန္မွာ ပရီးမီးယားလိဂ္ကို ျပန္လာခ်င္ေနပါတယ္။ အဲဒီဆႏၵက ဒီႏွစ္မွာျဖစ္ႏုိင္သလုိ မျဖစ္ႏိုင္ဘူးလုိ႔လည္း ေျပာလုိ႔ရပါတယ္။ ကၽြန္ေတာ္တုိ႔လည္း ေသခ်ာမသိဘူး။ ဒီအခ်ိန္မွာ ဘာမွလည္း မေဆြးေႏြးရေသးပါဘူး”လုိ႔ ေျပာပါတယ္။
ေကာ္တင္ညိဳဟာ လီဗာပူးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ အထူးေျခစြမ္းျပႏိုင္ခဲ့လုိ႔ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔က ေခၚယူလုိေနတာျဖစ္ၿပီး ခ်ဲလ္ဆီးက နည္းျပလမ္းပတ္ကို ဒီႏွစ္မွာ ေငြေၾကးသုံးစြဲခြင့္ျပဳဖြယ္ရွိေနပါတယ္။ နယူးကာဆယ္ကလည္း အသင္းပိုင္ရွင္အေျပာင္းအလဲနဲ႔အတူ အသင္းႀကီးစာရင္း၀င္လာဖို႔ အလားအလာရွိေနပါတယ္။
ဘာစီလုိနာက ေကာ္တင္ညိဳရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္ ၇၁ သန္းသတ္မွတ္ထားတာက ပရီးမီးယားလိဂ္အသင္းေတြအတြက္ အခက္ေတြ႕ေစႏိုင္ေပမယ့္ အသင္းတခ်ိဳ႕ကေတာ့ ႏူးကမ့္အေျခစုိက္အသင္းအေနနဲ႔ ငွားရမ္းခေပါင္ ၉သန္းရရင္ ေကာ္တင္ညိဳကို အငွားဆက္ခ်ဖြယ္ရွိေနတယ္လုိ႔ ေရးသားေဖာ္ျပေနပါတယ္။ ဒါေပမဲ့ ေဂ်ာ္ရတ္ခ်ီယန္ကေတာ့ အဲဒီေျပာင္းေရႊ႕ေၾကးနဲ႔ ေရာင္းခ်မယ္ဆိုတဲ့သတင္းေတြက မဟုတ္မွန္ဘူးလို႔ အတည္ျပဳပါတယ္။
”ကၽြန္ေတာ္ကေတာ့ ဒီကိန္းဂဏန္းကို တစ္ခါမွမၾကားဖူးပါဘူး။ သတင္းေတြမွာေဖာ္ျပေနတဲ့ ကိန္းဂဏန္းေတြနဲ႔ပတ္သက္လုိ႔လည္း ကၽြန္ေတာ္တုိ႔ တစ္ခါမွမေဆြးေႏြးဖူးပါဘူး”လုိ႔ ေဂ်ာ္ရတ္ခ်ီယန္က ေျပာပါတယ္။