တီမိုဝါနာကို ခေါ်ယူနိုင်ခဲ့ပြီလို့ ချဲလ်ဆီးအသင်းအတည်ပြု

0
266

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချဲလ်ဆီးအသင်းဟာ လစ်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ပြောင်းရွှေ့ကြေး ပေါင် ၅၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြု ကြေညာလိုက် ပါတယ်။ တီမိုဝါနာဟာ နွေရာသီကာလမှာ ချဲလ်ဆီးအသင်း ကို ရောက်ရှိလာမှာဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ လစာအများဆုံးရရှိတဲ့ကစားသမားဖြစ်လာတော့မှာပါ။

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ တီမိုဝါနာဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၂၉ ပွဲကစား ၁၁ ဂိုးသွင်းယူထားသူဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ တစ်နှစ်ကို ပေါင် ၉ သန်းရရှိမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက တီမိုဝါနာကိုခေါ်ယူနိုင်ခဲ့ပြီလို့အတည်ပြုကြေညာပြီးတဲ့နောက် တီမိုဝါနာက “ ချဲလ်ဆီးအသင်းနဲ့ စာချုပ်နိုင်ခဲ့လို့ ကျတော် ဝမ်းသာပါတယ်။ ချဲလ်ဆီးအသင်းလို ထိပ်တန်းကလပ်မှာ လာကစားခွင့်ရတာ ဂုဏ်ယူပါတယ်။ ၄ နှစ်တာကာလအတွင်း ကျတော့်ကို ထောက်ပံ့ပေးခဲ့ကြတဲ့ လစ်ပ်ဇစ်အသင်းနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ချဲလ်ဆီးအသင်း ဝက်ဘ်ဆိုဒ်ကနေ ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ အသင်းရဲ့လိုအပ်နေတဲ့တိုက်စစ်နေရာကို အားဖြည့်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင် ကာလကတည်းက တီမိုဝါနာကစားတဲ့ပွဲတွေကို ဂျာမနီအထိ သွားရောက် ကြည့်ရှု့ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ ဝါနာကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပြီး ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တီမိုဝါနာဟာ လစ်ပ်ဇစ်အသင်းမှာ ကစားခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၅၇ ပွဲကစားကာ ၉၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာတော့ ၄၃ ပွဲကစားပြီး ၃၂ ဂိုးသွင်း၊ ၁၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ တီမိုဝါနာဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် လစ်ပ်ဇစ်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

တီမိုဝါနာကို ေခၚယူႏိုင္ခဲ့ၿပီလို႔ ခ်ဲလ္ဆီးအသင္းေၾကညာ
////////////////////////////////
ခ်ဲလ္ဆီးအသင္းဟာ လစ္ပ္ဇစ္တိုက္စစ္မႉး တီမိုဝါနာကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၃ သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီလို႔ အတည္ျပဳ ေၾကညာလိုက္ ပါတယ္။ တီမိုဝါနာဟာ ေႏြရာသီကာလမွာ ခ်ဲလ္ဆီးအသင္း ကို ေရာက္ရွိလာမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာ လစာအမ်ားဆုံးရရွိတဲ့ကစားသမားျဖစ္လာေတာ့မွာပါ။

အသက္ ၂၄ ႏွစ္အ႐ြယ္သာရွိေသးတဲ့ တီမိုဝါနာဟာ ဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္ ၂၉ ပြဲကစား ၁၁ ဂိုးသြင္းယူထားသူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာ တစ္ႏွစ္ကို ေပါင္ ၉ သန္းရရွိမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက တီမိုဝါနာကိုေခၚယူႏိုင္ခဲ့ၿပီလို႔အတည္ျပဳေၾကညာၿပီးတဲ့ေနာက္ တီမိုဝါနာက “ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္ႏိုင္ခဲ့လို႔ က်ေတာ္ ဝမ္းသာပါတယ္။ ခ်ဲလ္ဆီးအသင္းလို ထိပ္တန္းကလပ္မွာ လာကစားခြင့္ရတာ ဂုဏ္ယူပါတယ္။ ၄ ႏွစ္တာကာလအတြင္း က်ေတာ့္ကို ေထာက္ပံ့ေပးခဲ့ၾကတဲ့ လစ္ပ္ဇစ္အသင္းနဲ႔ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္”လို႔ ခ်ဲလ္ဆီးအသင္း ဝက္ဘ္ဆိုဒ္ကေန ေျပာသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာ အသင္းရဲ႕လိုအပ္ေနတဲ့တိုက္စစ္ေနရာကို အားျဖည့္ဖို႔အတြက္ ကို႐ိုနာဗိုင္းရပ္စ္မျဖစ္ခင္ ကာလကတည္းက တီမိုဝါနာကစားတဲ့ပြဲေတြကို ဂ်ာမနီအထိ သြားေရာက္ ၾကည့္ရႈ႕ခဲ့တာပါ။ အဲဒီေနာက္ပိုင္းမွာေတာ့ ဝါနာကို ဖုန္းနဲ႔အႀကိမ္ႀကိမ္ဆက္သြယ္ၿပီး ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တီမိုဝါနာဟာ လစ္ပ္ဇစ္အသင္းမွာ ကစားခဲ့တဲ့ ၄ ႏွစ္တာ ကာလအတြင္း ပြဲေပါင္း ၁၅၇ ပြဲကစားကာ ၉၃ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီရာသီ ၿပိဳင္ပြဲစုံမွာေတာ့ ၄၃ ပြဲကစားၿပီး ၃၂ ဂိုးသြင္း၊ ၁၃ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ တီမိုဝါနာဟာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ လစ္ပ္ဇစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းကေန ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။