စပါးနဲ့ပွဲမှာ အမှားကိုယ်စီကျူးလွန်ခဲ့တဲ့ မက်ဂွါဂီနဲ့ ဒီဂီယာ လူမှုကွန်ရက်မှာ အကြီးအကျယ် လှောင်ပြောင်ခံနေရ

0
494

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက် နောက်ခံလူ မက်ဂွါရီနဲ့ ဂိုးသမား ဒီဂီယာတို့ဟာ ယမန်နေ့ညက စပါးနဲ့ သရေကျခဲ့တဲ့ပွဲမှာ အမှားတွေ ကျူးလွန်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ လှောင်ပြောင်ခံနေရတယ်လို့ သိရပါတယ်။ စပါးတိုက်စစ်ကစားသမား ဘာ့ဂျ်ဗင်း ပွဲချိန် ၂၇မိနစ်မှာ ထိုးဖောက်ကစားစဉ်မှာ မက်ဂွါရီတစ်ယောက် ကွင်းလယ်လောက်မှာ ပြတ်ကျန်နေခဲ့ပါတယ်။


ဘာ့ဂျ်ဗင်းဟာ မက်ဂွါရီကို တစ်ပတ်ပတ်ကာ ကျော်သွားပြီး ဒီဂီယာ တည့်တည့်ကို ကန်ခဲ့ပေမဲ့ စပိန်သားက ပုတ်ထုတ်ကာကွယ်ရာမှာ ချော်ထွက်သွားကာ ဂိုးထဲဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်အပေါ်မှာတော့ တွစ်တာမှာ လှောင်ပြောင်နေတာ တွေ့နိုင်သလို ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း ပထမပိုင်းနားချိန်မှာ ၂ဦးစလုံးကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။


ပရိသတ်တစ်ဦးက “မက်ဂွါရီက Social Distancing ကြောင့် ၂မီတာ ခွာနေတာ ဖြစ်မယ်”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း မက်ဂွါရီက လေးလွန်းတာကြောင့် အဝတ်လဲခန်းထဲ သွားဖို့ ၁၀မိနစ်လောက် ကြာလိမ့်မယ်လို့ စောင်းပြောခဲ့ပါတယ်။


ဘာ့ဂျ်ဗင်းရဲ့ ကန်ချက်က အားပါပြင်းထန်တာ မှန်ကန်ပေမဲ့ ဒီဂီယာတစ်ယောက် ပုတ်ထုတ်ကာကွယ်တဲ့ အနေအထားကနေ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ရွိုင်ကိန်းကလည်း ဒီဂီယာကို overrate ဂိုးသမားအဖြစ် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။


ကိုဗစ်လော့ခ်ဒေါင်းကာလအတွင်း ဘောလုံးပွဲတွေ ပြန်ကန်ရတာကြောင့် ဘောလုံးတွေကို ဆေးတွေဖြန်းထားခဲ့ပြီး ပရိသတ်တစ်ဦးက “ဒီဂီယာရဲ့ လက်က လက်သန့်ဆေးနဲ့ ဆေးထားတာဖြစ်မယ်”ဆိုပြီး နောက်ပြောင်သွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးနဲ့အတူ သရေရခဲ့ပါတယ်။

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။