ဂျူဗင်တပ်စ် ကစားနေတဲ့ Sarriball နည်းစနစ်ကို ရော်နယ်ဒိုအမဖြစ်သူ ဝေဖန်

0
168

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကိုပါအီတာလီယာဖိုင်နယ်ပွဲစဉ်မှာ နာပိုလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို အယ်လ်မာ အေဗီရို Sarriball နည်းစနစ်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ဂတ်တူဆိုရဲ့နာပိုလီအသင်းကို ဆာရီရဲ့ဂျူဗင်တပ်စ်အသင်းဟာ မိနစ် ၉၀ အတွင်းမှာ အနိုင်ကန်ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်မှာတောင် နာပိုလီအသင်းရဲ့အနိုင်ဂိုးကို ခွင့်ပြုရဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။


နာပိုလီအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုဟာ ကစားသမားဘ၀ ပထမဆုံးဖိုင်နယ် ၂ ကြိမ်အရေးနိမ့်ခဲ့တဲ့စံချိန်ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်ကိုလည်း လူကာတိုနီတစ်ယောက် ဝေဖန်ခဲ့သေးတာဖြစ်ပါတယ်။
အယ်လ်မာကတော့ လူမှုမီဒီယာကနေတစ်ဆင့် ဆာရီရဲ့နည်းစနစ်ကို ဝေဖန်ခဲ့ပြီး ရော်နယ်ဒိုဘက်ကနေ ကာကွယ်ခဲ့ပါတယ်။ “ဒီထက်ပိုပြီး ဘာလုပ်နိုင်မှာလဲ အချစ်ရေ။ မင်းအကောင်းဆုံးကြိုးစားခဲ့ပါတယ်”လို့ သူမက အင်စတာရမ်မှာ ရေးသားခဲ့ပါတယ်။


ဆာရီကတော့ တူရင်ကိုရောက်ကတည်းက ဝေဖန်မှုတွေနဲ့ သိပ်မစိမ်းတော့ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း ဝေဖန်ခံခဲရသေးတာဖြစ်ပါတယ်။ “ဝေဖန်မှုတွေကို အာရုံစိုက်နေမယ်ဆိုရင် ကျွန်တော်ရူးသွပ်ရာကျမှာပါ။ ကျွန်တော်ကတော့ ကိုယ့်အလုပ်ပဲ ကိုယ်အာရုံစိုက်ပါတယ်”လို့ ဆာရီက ပြောကြားခဲ့ပါတယ်။


ကိုပါအီတာလီယာဖလားကို လက်လွှတ်ခဲ့ရပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်တနလာၤနေ့မှာ စီးရီးအေချန်ပီယံဆုကို ပစ်မှတ်ထားနေပါတယ်။ ဆာရီရဲ့ဂျူဗင်တပ်စ်အသင်းဟာ ဒုတိယနေရာက လာဇီယိုအသင်းရဲ့အထက် ၁ မှတ်အကွာ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။


ဂျူဗင်တပ်စ်ဟာ စီးရီးအေပွဲစဉ်တွေပြန်လည်စတင်ချိန်မှာ ဘိုလော့ဂ်နာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နာပိုလီအသင်းနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဆာရီက သူ့ရဲ့အသင်းဟာ အကောင်းဆုံးအခြေအနေမျိုးမရရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့အသင်းက အထိုင်ကျဖို့ ရုန်းကန်နေရပါသေးတယ်။ မကြာခင်မှာတော့ ပုံမှန်ခြေစွမ်းအတိုင်းပြန်လည်ရရှိမယ်လို့ ယုံကြည်ပါတယ်”လို့ ဆာရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။