ကွာတားအဆင့်ကစပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေကို တစ်ကျော့တည်းကစားတော့မယ်လို့ကြေညာ

0
147

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယခုရာသီ ချန်ပီယံလိဂ်လိဂ်ပြိုင်ပွဲကို လာမယ့်ဩဂုတ်လအတွင်း ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ၁၂ ရက်အတွင်းအပြီးကျင်းပသွားမယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကနေ ဗိုလ်လုပွဲအထိ ပေါ်တူဂီနိုင်ငံလစ္စဘွန်းမြို့မှာ ဘင်ဖီကာအသင်းရဲ့ ကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ကြေညာခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲလိုပဲ ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ဂျာမနီနိုင်ငံမှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဩဂုတ်လ ၇ ရက်နေ့မှာ ပြန်လည်ကျင်းပပြီး ဗိုလ်လုပွဲကို ဩဂုတ်လ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်က စပြီး ဗိုလ်လုပွဲစဉ်အထိ ကျင်းပမယ့် ပုံစံကို ကမ္ဘာ့ဖလားပုံစံအတိုင်း ရှုံးထွက်စနစ်နဲ့ တစ်ကျော့သာ ကစားမှာဖြစ်ပါတယ်။

မပြီးပြတ်သေးတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ် ဒုတိယအကျော့ ၄ ပွဲကို ဩဂုတ်လအတွင်းမှာပဲ အပြီးသတ်ကျင်းပသွားမှာဖြစ်တယ်လို့ ယူအီးအက်ဖ်အေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲကျန် ၄ ပွဲဖြစ်တဲ့ ဂျူဗင်တပ်-လိုင်ယွန်၊ ချဲလ်ဆီး-ဘိုင်ယန်မြူးနစ်၊ နာပိုလီ-ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်-မန်စီးတီးပွဲစဉ်တွေကို ဩဂုတ်လ ၇ ရက်နေ့နဲ့ ၈ ရက်နေ့၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ၊ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဩဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်၊ ဗိုလ်လုပွဲကို ဩဂုတ်လ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ်ပွဲစဉ်တွေကိုတော့ ဂျာမနီနိုင်ငံ ကိုလုံးမြို့၊ ဒွိုက်စ်ဘတ်မြို့၊ ဒူဆယ်ဒေါ့ဖ်မြို့နဲ့ ဂျယ်ဆန်ကာချန်မြို့တွေမှာ ဩဂုတ်လ ၁၀ ရက်ကနေ ၂၁ ရက်အတွင်းကျင်းပမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ကိုလုံးမြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူအီးအက်ဖ်အေဟာ ဩဂုတ်လအတွင်း ပြန်လည်ကျင်းပမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ပရိသတ်တွေ ပြန်လည် ကြည့်ရှုနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ကြာတားအဆင့္ကစၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကိုတစ္ေက်ာ့တည္းကစားေတာ့မယ္လို႔အတည္ျပဳ
===================================
ယခုရာသီ ခ်န္ပီယံလိဂ္လိဂ္ၿပိဳင္ပြဲကို လာမယ့္ဩဂုတ္လအတြင္း ေပၚတူဂီႏိုင္ငံ လစၥဘြန္းၿမိဳ႕မွာ ၁၂ ရက္အတြင္းအၿပီးက်င္းပသြားမယ္လို႔ အတည္ျပဳေၾကညာလိုက္ပါတယ္။ ယူအီးအက္ဖ္ေအဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္ေတြကေန ဗိုလ္လုပြဲအထိ ေပၚတူဂီႏိုင္ငံလစၥဘြန္းၿမိဳ႕မွာ ဘင္ဖီကာအသင္းရဲ႕ ကြင္းမွာ က်င္းပသြားမွာျဖစ္တယ္လို႔ေၾကညာခဲ့တာပါ။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲလိုပဲ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကိုလည္း ဂ်ာမနီႏိုင္ငံမွာ က်င္းပသြားမယ္လို႔ ဆိုပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဩဂုတ္လ ၇ ရက္ေန႔မွာ ျပန္လည္က်င္းပၿပီး ဗိုလ္လုပြဲကို ဩဂုတ္လ ၂၃ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။ ကြာတားဖိုင္နယ္အဆင့္က စၿပီး ဗိုလ္လုပြဲစဥ္အထိ က်င္းပမယ့္ ပုံစံကို ကမာၻ႔ဖလားပုံစံအတိုင္း ရႈံးထြက္စနစ္နဲ႔ တစ္ေက်ာ့သာ ကစားမွာျဖစ္ပါတယ္။

မၿပီးျပတ္ေသးတဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပြဲစဥ္ ဒုတိယအေက်ာ့ ၄ ပြဲကို ဩဂုတ္လအတြင္းမွာပဲ အၿပီးသတ္က်င္းပသြားမွာျဖစ္တယ္လို႔ ယူအီးအက္ဖ္ေအက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပြဲက်န္ ၄ ပြဲျဖစ္တဲ့ ဂ်ဴဗင္တပ္-လိုင္ယြန္၊ ခ်ဲလ္ဆီး-ဘိုင္ယန္ျမဴးနစ္၊ နာပိုလီ-ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္-မန္စီးတီးပြဲစဥ္ေတြကို ဩဂုတ္လ ၇ ရက္ေန႔နဲ႔ ၈ ရက္ေန႔၊ ကြာတားဖိုင္နယ္ပြဲစဥ္ေတြကို ဩဂုတ္လ ၁၂ ရက္ေန႔ကေန ၁၆ ရက္ေန႔အထိ၊ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကို ဩဂုတ္လ ၁၈ ရက္နဲ႔ ၁၉ ရက္၊ ဗိုလ္လုပြဲကို ဩဂုတ္လ ၂၃ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကိုေတာ့ ဂ်ာမနီႏိုင္ငံ ကိုလုံးၿမိဳ႕၊ ဒြိဳက္စ္ဘတ္ၿမိဳ႕၊ ဒူဆယ္ေဒါ့ဖ္ၿမိဳ႕နဲ႔ ဂ်ယ္ဆန္ကာခ်န္ၿမိဳ႕ေတြမွာ ဩဂုတ္လ ၁၀ ရက္ကေန ၂၁ ရက္အတြင္းက်င္းပမွာျဖစ္ပါတယ္။ ဗိုလ္လုပြဲကိုေတာ့ ကိုလုံးၿမိဳ႕မွာ က်င္းပသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ယူအီးအက္ဖ္ေအဟာ ဩဂုတ္လအတြင္း ျပန္လည္က်င္းပမယ့္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကို ပရိသတ္ေတြ ျပန္လည္ ၾကည့္ရႈႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။