BREAKING NEWS:အစောဆုံး ဇွန်လ ၈ ရက်နေ့ကနေ လာလီဂါပွဲတွေ ပြန်စနိုင်ပြီလို့ စပိန်ဝန်ကြီးချုပ် အတည်ပြု

0
105

Photo Credit

Photo Credit

လာလီဂါအနေနဲ့ အစောဆုံး ဇွန်လ ၈ ရက်နေ့ကနေ စတင်ပြီး ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ကြေညာချက်ထုတ်ပြန်ပါတယ်။ ယခုအချိန်အထိ လာလီဂါဘက်က ပြန်စဖို့ တရားဝင်ရက်သတ်မှတ်ထားတာမျိုးမရှိသေးပေမယ့် အခုလိုဝန်ကြီးချုပ် ခွင့်ပြုလိုက်တဲ့နေ့ရက်က လာလီဂါဘက်က ခန့်မှန်းထားတဲ့ရက်ထက် ၄ ရက်ပိုစောနေပါတယ်။

Photo Credit

”အားကစားဆိုင်ရာ အဆင့်မြင့်ကောင်စီ၊ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့ပြီးနောက် အမှတ်ပေးပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ ပြန်စနိုင်ပါပြီ။ တကယ်လို့ အခြေအနေကောင်းတယ်ဆိုရင် ပြောင်းလဲဖြစ်ပေါ်မှု အဆင့် ၃က စပိန်မှာ အခြေအနေကောင်းသွားမှာပါ”လို့ ဆန်းချက်ဇ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုသွားပါတယ်။

Photo Credit

စပိန်ကလပ်တွေဟာ ဒီတစ်ပတ်ထဲမှာ အုပ်စုလိုက် ထရိန်နင်ပြန်ဆင်းခွင့်ရရှိထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေရပ်နားထးတာ ၂ လရှိနေပြီဖြစ်ပါတယ်။ စပိန်ဘောလုံးပွဲတွေကို မတ်လ ၁၂ ရက်နေ့မှာ ရပ်နားထားခဲ့တာဖြစ်ပေမယ့် တနင်္လာနေ့ကစတင်ပြီး လာလီဂါကလပ်တွေက ထရိန်နင်ပြန်ဆင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

ကစားသမားတွေဟာ အများဆုံး ၁၀ ယောက်တစ်အုပ်စုစီ ထရိန်နင်ဆင်းခွင့် ပြန်ရပြီဖြစ်ပြီး ဘောလုံးအပေးအယူ ပြုလုပ်နိုင်ပြီဖြစ်ပေမယ့် ၅ယောက်တစ်သင်း ခွဲကန်တာမျိုး၊ ဖရီးကစ်အကန်ကျင့်တာမျိုး၊ Pressing လုပ်တာမျိုးတွေ ခွင့်မပြုသေးပါဘူး။ ဘာစီလိုနာအသင်းက ရာသီကုန်ဖို့ လက်ကျန် ၁၁ပွဲအလိုမှာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၂ မှတ်ဖြတ်ကာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

Photo Credit

Zawgyi

BREAKING NEWS:အေစာဆုံး ဇြန္လ ၈ ရက္ေန႔ကေန လာလီဂါပြဲေတြ ျပန္စႏိုင္ၿပီလုိ႔ စပိန္၀န္ႀကီးခ်ဳပ္ အတည္ျပဳ

လာလီဂါအေနနဲ႔ အေစာဆုံး ဇြန္လ ၈ ရက္ေန႔ကေန စတင္ၿပီး ေဘာလုံးပြဲေတြ ျပန္လည္စတင္ႏိုင္ၿပီျဖစ္ေၾကာင္း စပိန္၀န္ႀကီးခ်ဳပ္ ပက္ဒ႐ိုဆန္းခ်က္ဇ္က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ယခုအခ်ိန္အထိ လာလီဂါဘက္က ျပန္စဖို႔ တရား၀င္ရက္သတ္မွတ္ထားတာမ်ိဳးမရွိေသးေပမယ့္ အခုလို၀န္ႀကီးခ်ဳပ္ ခြင့္ျပဳလုိက္တဲ့ေန႔ရက္က လာလီဂါဘက္က ခန္႔မွန္းထားတဲ့ရက္ထက္ ၄ ရက္ပိုေစာေနပါတယ္။
”အားကစားဆုိင္ရာ အဆင့္ျမင့္ေကာင္စီ၊ အစိုးရနဲ႔ က်န္းမာေရး၀န္ႀကီးဌာနတုိ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ အမွတ္ေပးၿပိဳင္ပြဲကို ျပန္လည္စတင္ဖို႔ ခြင့္ျပဳခ်က္ေပးလုိက္တာျဖစ္ပါတယ္။ ဇြန္လ ၈ ရက္ေန႔မွာ ျပန္စႏိုင္ပါၿပီ။ တကယ္လုိ႔ အေျခအေနေကာင္းတယ္ဆုိရင္ ေျပာင္းလဲျဖစ္ေပၚမႈ အဆင့္ ၃က စပိန္မွာ အေျခအေနေကာင္းသြားမွာပါ”လုိ႔ ဆန္းခ်က္ဇ္က သတင္းစာရွင္းလင္းပြဲမွာ အတည္ျပဳသြားပါတယ္။
စပိန္ကလပ္ေတြဟာ ဒီတစ္ပတ္ထဲမွာ အုပ္စုလုိက္ ထရိန္နင္ျပန္ဆင္းခြင့္ရရွိထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပြဲေတြရပ္နားထးတာ ၂ လရွိေနၿပီျဖစ္ပါတယ္။ စပိန္ေဘာလုံးပြဲေတြကို မတ္လ ၁၂ ရက္ေန႔မွာ ရပ္နားထားခဲ့တာျဖစ္ေပမယ့္ တနလၤာေန႔ကစတင္ၿပီး လာလီဂါကလပ္ေတြက ထရိန္နင္ျပန္ဆင္းခဲ့တာျဖစ္ပါတယ္။
ကစားသမားေတြဟာ အမ်ားဆုံး ၁၀ ေယာက္တစ္အုပ္စုစီ ထရိန္နင္ဆင္းခြင့္ ျပန္ရၿပီျဖစ္ၿပီး ေဘာလုံးအေပးအယူ ျပဳလုပ္ႏိုင္ၿပီျဖစ္ေပမယ့္ ၅ေယာက္တစ္သင္း ခြဲကန္တာမ်ိဳး၊ ဖရီးကစ္အကန္က်င့္တာမ်ိဳး၊ Pressing လုပ္တာမ်ိဳးေတြ ခြင့္မျပဳေသးပါဘူး။ ဘာစီလုိနာအသင္းက ရာသီကုန္ဖို႔ လက္က်န္ ၁၁ပြဲအလုိမွာ ဒုတိယေနရာက ရီးရဲလ္မက္ဒရစ္ကို ၂ မွတ္ျဖတ္ကာ ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။