အသင်းသား ဒါမှမဟုတ် ဝန်ထမ်းတစ်ဦးဦး ပိုးတွေ့ရင် တစ်သင်းလုံး ကွာရန်တင်းဝင်ရမယ်လို့ စီးရီးအေကလပ်တွေကို အစိုးရ သတိပေး

0
138

Photo Credit

Photo Credit

အီတလီအစိုးရက တကယ်လို့ ကစားသမားတစ်ဦးဦး ဒါမှမဟုတ် ဝန်ထမ်းတစ်ဦးဦးသာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရင် တစ်သင်းလုံး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမယ်လို့ သတိပေးလိုက်ရာ စီးရီးအေရာသီပြန်လည်စတင်ရေးက မျှော်လင့်ချက်နည်းပါးလာခဲ့ပါတယ်။ ဒါ့အပြင် အီတလီအက်ဖ်အေမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးကလည်း တကယ်လို့ လက်ရှိပြဿနာကို မဖြေရှင်းနိုင်ရင် ယခုရာသီစီးရီးအေကို ဖျက်သိမ်းရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

Photo Credit

”တကယ်လို့ ကျွန်တော်တို့ဘက်က အဖြေရှာမတွေ့ဘူးဆိုရင် စီးရီးအေကိုလည်း ပြန်စလို့ရမှာမဟုတ်ပါဘူး”လို့ အဆိုပါဝန်ထမ်း ဆရာဝန်က ပြောပါတယ်။ အီတလီကျန်းမာရေးဝန်ကြီးဌာနမှ ဆန်ဒရာဇမ်ပါကလည်း ”တကယ်လို့ တစ်ယောက်ယောက်ဆီမှာ ပိုးတွေ့ရင် အကုန်လုံးကွာရန်တင်းဝင်ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့လည်း အားလုံးကို ပြန်ပြီးပိတ်ရပါလိမ့်မယ်။ အားလုံး ရပ်တန့်သွားမှာပါ။ တကယ်လို့ ကွာရန်တင်းဝင်ရပြီဆိုရင်လည်း ချန်ပီယံရှစ်ပြိုင်ပွဲလည်း ရပ်တန့်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။

Photo Credit

အီတလီအားကစားဝန်ကြီး ဗင်ဆင်ဇိုစပါဒါဖိုရာက ”ကစားသမားတစ်ယောက် Positive ဖြစ်ရင် တစ်သင်းလုံး ကွာရန်တင်းဝင်ရချိန် စူပါမားကတ်တစ်ခုမှာ ငွေကိုင်တစ်ယောက် Positive ထွက်တာတောင် စူပါမားကတ်ကို ဘာလို့မပိတ်လဲလု့ိ တစ်ယောက်ယောက်က မေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးအားကစားနည်းမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ဆိုတာ မဖြစ်နိုင်လို့ပါ”လု့ိ ပြောပါတယ်။

Photo Credit

အီတလီဟာ ဥရောပနိုင်ငံတွေအနက် ကိုရိုနာဗိုင်းးရပ်စ်အဆိုးရွားဆုံးခံရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်မှာ ပိုးတွေ့လူနာ ၂၂၁၂၁၆ ဦးရှိချိန်မှာ သေဆုံးသူအရေအတွက်က ၃၀၉၁၁ ဦးရှိလာပါတယ်။

Photo Credit

စီးရီးအေပွဲတွေကို မတ်လ ၉ရက်နေ့ကတည်းက ရပ်နားထားတာဖြစ်ပြီး အီတလီအစိုးရက မေလ ၁၈ ရက်နေ့မှာ အတိုင်းအဆနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခွင့်ပြုထားကာ အုပ်စုလိုက်ထက် တစ်ဦးချင်းထရိန်နင်တွေပဲ ခွင့်ပြုထားပါတယ်။

Photo Credit

Zawgyi

အသင္းသား ဒါမွမဟုတ္ ၀န္ထမ္းတစ္ဦးဦး ပိုးေတြ႕ရင္ တစ္သင္းလုံး ကြာရန္တင္း၀င္ရမယ္လုိ႔ စီးရီးေအကလပ္ေတြကို အစိုးရ သတိေပး

အီတလီအစိုးရက တကယ္လို႔ ကစားသမားတစ္ဦးဦး ဒါမွမဟုတ္ ၀န္ထမ္းတစ္ဦးဦးသာ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိရင္ တစ္သင္းလုံး ၁၄ ရက္ၾကာ ကြာရန္တင္း၀င္ရမယ္လုိ႔ သတိေပးလုိက္ရာ စီးရီးေအရာသီျပန္လည္စတင္ေရးက ေမွ်ာ္လင့္ခ်က္နည္းပါးလာခဲ့ပါတယ္။ ဒါ့အျပင္ အီတလီအက္ဖ္ေအမွ ေဆးဘက္ဆုိင္ရာ၀န္ထမ္းတစ္ဦးကလည္း တကယ္လုိ႔ လက္ရွိျပႆနာကို မေျဖရွင္းႏိုင္ရင္ ယခုရာသီစီးရီးေအကို ဖ်က္သိမ္းရႏုိင္တယ္လုိ႔ သတိေပးခဲ့ပါတယ္။
”တကယ္လုိ႔ ကၽြန္ေတာ္တုိ႔ဘက္က အေျဖရွာမေတြ႕ဘူးဆိုရင္ စီးရီးေအကိုလည္း ျပန္စလုိ႔ရမွာမဟုတ္ပါဘူး”လုိ႔ အဆုိပါ၀န္ထမ္း ဆရာ၀န္က ေျပာပါတယ္။ အီတလီက်န္းမာေရး၀န္ႀကီးဌာနမွ ဆန္ဒရာဇမ္ပါကလည္း ”တကယ္လုိ႔ တစ္ေယာက္ေယာက္ဆီမွာ ပိုးေတြ႕ရင္ အကုန္လုံးကြာရန္တင္း၀င္ရမွာပါ။ ဒီလုိမွမဟုတ္ရင္ေတာ့ ကၽြန္ေတာ္တုိ႔လည္း အားလုံးကို ျပန္ၿပီးပိတ္ရပါလိမ့္မယ္။ အားလုံး ရပ္တန္႔သြားမွာပါ။ တကယ္လုိ႔ ကြာရန္တင္း၀င္ရၿပီဆုိရင္လည္း ခ်န္ပီယံရွစ္ၿပိိဳင္ပြဲလည္း ရပ္တန္႔သြားပါလိမ့္မယ္”လုိ႔ ေျပာပါတယ္။
အီတလီအားကစား၀န္ႀကီး ဗင္ဆင္ဇိုစပါဒါဖိုရာက ”ကစားသမားတစ္ေယာက္ Positive ျဖစ္ရင္ တစ္သင္းလုံး ကြာရန္တင္း၀င္ရခ်ိန္ စူပါမားကတ္တစ္ခုမွာ ေငြကိုင္တစ္ေယာက္ Positive ထြက္တာေတာင္ စူပါမားကတ္ကို ဘာလုိ႔မပိတ္လဲလု႔ိ တစ္ေယာက္ေယာက္က ေမးႏိုင္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေဘာလုံးအားကစားနည္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနဖို႔ဆုိတာ မျဖစ္ႏုိင္လို႔ပါ”လု႔ိ ေျပာပါတယ္။
အီတလီဟာ ဥေရာပႏိုင္ငံေတြအနက္ ကို႐ိုနာဗိုင္းးရပ္စ္အဆုိးရြားဆုံးခံရတဲ့ႏုိင္ငံတစ္ႏိုင္ငံျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ပိုးေတြ႕လူနာ ၂၂၁၂၁၆ ဦးရွိခ်ိန္မွာ ေသဆုံးသူအေရအတြက္က ၃၀၉၁၁ ဦးရွိလာပါတယ္။
စီးရီးေအပြဲေတြကို မတ္လ ၉ရက္ေန႔ကတည္းက ရပ္နားထားတာျဖစ္ၿပီး အီတလီအစိုးရက ေမလ ၁၈ ရက္ေန႔မွာ အတုိင္းအဆနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းခြင့္ျပဳထားကာ အုပ္စုလုိက္ထက္ တစ္ဦးခ်င္းထရိန္နင္ေတြပဲ ခြင့္ျပဳထားပါတယ္။