အင်တာမီလန်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ အီကာဒီကို ယူရိုသန်း ၅၀နဲ့ ပီအက်စ်ဂျီအသင်း အပြီးသတ်ခေါ်ယူ

0
109

Photo Credit

Photo Credit

ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး မော်ရိုအီကာဒီကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး အင်တာမီလန်က ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ လက်ခံရရှိကာ အပိုဆုကြေး ယူရို ၈ သန်းရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီကို တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတဲ့ အီကာဒီဟာ ပဲရစ်အခြေစိုက်အသင်းနဲ့ ၂၀၂၄ ဇွန်လအထိရှိမယ့် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit

စာချုပ်ပါ နောက်ဆုံးအချက်အလက်တွေကို ယနေ့မှာ ထည့်သွင်းချုပ်ဆိုမှာဖြစ်ပြီး Goal သတင်းဌာနရဲ့ဖော်ပြချက်အရ အင်တာမီလန်အနေနဲ့ ပြည်တွင်းပြိုင်ဘက် ဂျူဗင်တပ်စ်ထံ အီကာဒီကို ပီအက်စ်ဂျီအသင်း ရောင်းချရင် လျော်ကြေး ယူရို ၁၅ ပေးရမယ့် Anti-Juventus အချက်ပါ ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။ ”၂၀၁၉-၂၀ ရာသီက အင်တာမီလန်ကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ အီကာဒီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်”

Photo Credit

”သူဟာ ပီအက်စ်ဂျီအသင်းသမိုင်းမှာ ၁၆ဦးမြောက် အာဂျင်တိုင်းသားဖြစ်လာပြီး ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၃၁ပွဲမှာ ဂိုး ၂၀သွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်နိုင်ခဲ့သလို အမှတ်ပေးချန်ပီယံဆုလည်းရယူနိုင်ခဲ့ပါတယ်”လို့ ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ကြေညာပါတယ်။ အင်တာမီလန်အသင်းကလည်း အသင်းအတွက် ကြိုးစားအားထုတ်ခဲ့တဲ့အီကာဒီကို ကျေးဇူးတင်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit

အင်တာမီလန်မှာ အီကာဒီဟာ အသင်းတာဝန်ရှိသူတွေနဲ့ အချင်းများခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးကနေ ရုပ်သိမ်းခံခဲ့ရသလို ကစားသမားဖြစ်သူကလည်း သပိတ်မှောက်တဲ့အနေနဲ့ အသင်းရဲ့လူစာရင်းမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit

အခုလို ပီအက်စ်ဂျီအသင်းက အီကာဒီကို အပြီးသတ်ခေါ်ယူခဲ့လို့ အသင်းမှာရှိတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီ ထွက်ခွာဖို့က ဖြစ်နိုင်ခြေပိုများသွားပြီး ကာဗာနီဟာ ဇွန်လကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းအများစုက စိတ်ဝင်စားနေပါတယ်။

Photo Credit

Zawgyi

အင္တာမီလန္ကေန အငွားနဲ႔ေခၚယူထားတဲ့ အီကာဒီကို ယူ႐ိုသန္း ၅၀နဲ႔ ပီအက္စ္ဂ်ီအသင္း အၿပီးသတ္ေခၚယူ

ပီအက္စ္ဂ်ီအသင္းဟာ အင္တာမီလန္တုိက္စစ္မွဴး ေမာ္႐ိုအီကာဒီကို အၿမဲတမ္းစာခ်ဳပ္နဲ႔ ေခၚယူလုိက္ၿပီျဖစ္ၿပီး အင္တာမီလန္က ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၅၀ လက္ခံရရွိကာ အပိုဆုေၾကး ယူ႐ို ၈ သန္းရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက ပီအက္စ္ဂ်ီကို တစ္ရာသီအငွားနဲ႔ လာေရာက္ကစားေနတဲ့ အီကာဒီဟာ ပဲရစ္အေျခစုိက္အသင္းနဲ႔ ၂၀၂၄ ဇြန္လအထိရွိမယ့္ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။
စာခ်ဳပ္ပါ ေနာက္ဆုံးအခ်က္အလက္ေတြကို ယေန႔မွာ ထည့္သြင္းခ်ဳပ္ဆုိမွာျဖစ္ၿပီး Goal သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္အေနနဲ႔ ျပည္တြင္းၿပိဳင္ဘက္ ဂ်ဴဗင္တပ္စ္ထံ အီကာဒီကို ပီအက္စ္ဂ်ီအသင္း ေရာင္းခ်ရင္ ေလ်ာ္ေၾကး ယူ႐ို ၁၅ ေပးရမယ့္ Anti-Juventus အခ်က္ပါ ထည့္သြင္းခ်ဳပ္ဆုိထားေၾကာင္း သိရပါတယ္။ ”၂၀၁၉-၂၀ ရာသီက အင္တာမီလန္ကေန အငွားနဲ႔ ေခၚယူခဲ့တဲ့ အီကာဒီကို အၿပီးသတ္ေခၚယူႏုိင္ခဲ့လုိ႔ ၀မ္းသာမိပါတယ္”
”သူဟာ ပီအက္စ္ဂ်ီအသင္းသမုိင္းမွာ ၁၆ဦးေျမာက္ အာဂ်င္တိုင္းသားျဖစ္လာၿပီး ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ ၃၁ပဲြမွာ ဂိုး ၂၀သြင္းယူကာ ဂုိးဖန္တီးမႈ ၄ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သလုိ အမွတ္ေပးခ်န္ပီယံဆုလည္းရယူႏိုင္ခဲ့ပါတယ္”လုိ႔ ပီအက္စ္ဂ်ီအသင္းက ထုတ္ျပန္ေၾကညာပါတယ္။ အင္တာမီလန္အသင္းကလည္း အသင္းအတြက္ ႀကိဳးစားအားထုတ္ခဲ့တဲ့အီကာဒီကို ေက်းဇူးတင္ရွိေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
အင္တာမီလန္မွာ အီကာဒီဟာ အသင္းတာ၀န္ရွိသူေတြနဲ႔ အခ်င္းမ်ားခဲ့ၿပီး အသင္းေခါင္းေဆာင္ရာထူးကေန ႐ုပ္သိမ္းခံခဲ့ရသလို ကစားသမားျဖစ္သူကလည္း သပိတ္ေမွာက္တဲ့အေနနဲ႔ အသင္းရဲ႕လူစာရင္းမွာ ပါ၀င္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။
အခုလို ပီအက္စ္ဂ်ီအသင္းက အီကာဒီကို အၿပီးသတ္ေခၚယူခဲ့လုိ႔ အသင္းမွာရွိတဲ့ ၀ါရင့္တုိက္စစ္မွဴး ကာဗာနီ ထြက္ခြာဖို႔က ျဖစ္ႏုိင္ေျခပိုမ်ားသြားၿပီး ကာဗာနီဟာ ဇြန္လကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္သလုိ သူ႕ကိုေခၚယူဖုိ႔ ဥေရာပထိပ္တန္းအသင္းအမ်ားစုက စိတ္၀င္စားေနပါတယ္။