ယူနိုက်တက်နဲ့ စီးတီးတု့ိ ဥရောပပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်အထိ ရောက်ရင် ရာသီသစ်အတွက် ပြင်ဆင်မှု ၂ပတ်သာရဖွယ်ရှိ

0
215
Manchester United's Brazilian midfielder Fred (R) fights for the ball with Club Brugge's Belgian forward Siebe Schrijvers, during the UEFA Europa League round of 32 first leg, football match between Club Brugge's and Manchester United, at the Jan Breydel Stadium in Bruges on February 20, 2020. (Photo by JOHN THYS / AFP) (Photo by JOHN THYS/AFP via Getty Images)

Photo Credit

Photo Credit

စီးတီးဟာ တကယ်လို့ ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ရင် ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန် ၁၄ ရက်သာရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးရာသီက ပုံမှန်အတိုင်းမဟုတ်တော့ဘဲ အပြောင်းအလဲကြီးကြီးမားမားဖြစ်ပေါ်နေပါတယ်။

Photo Credit

လက်ရှိပရီးမီးယားလိဂ်ရာသီကို ဇွန်လလယ်မှာ ပြန်လည်ကျင်းပဖို့ စီစဉ်နေပြီး ၂၀၂၀-၂၁ ရာသီသစ်ကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည်ကျင်းပဖွယ်ရှိနေရာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပဖို့ လျာထားတဲ့ သြဂုတ်လ ၂၉ ရက်နေ့နဲ့ဆိုရင် ၂ပတ်ပဲ ခြားပါတယ်။ ချန်ပီယံလိဂ်ပွဲတွေပြန်စရင် စီးတီးက ပရီးမီးယားလိဂ်ကိုယ်စားပြုတစ်သင်းတည်းကျန်လာနိုင်ပြီး ချဲလ်ဆီးကတော့ ဘိုင်ယန်မြူးနစ်ကွင်းမှာ ပ-အကျော့ အိမ်ကွင်း ၃ဂိုးပြတ်အရှုံးကို ချေဖျက်ရမှာဖြစ်ပါတယ်။

Photo Credit

နည်းပြဂွါဒီယိုလာရဲ့စီးတီးကတော့ ၁၆သင်းအဆင့် ပ-အကျော့အဝေးကွင်းပွဲမှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်ကို ၁-၂ ဂိုးနဲ့အနိုင်ရထားလို့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ စီးတီးရဲ့ပြည်တွင်းချန်ပီယံလုဘက် လီဗာပူးကတော့ ယခုရာသီအကုန်နဲ့ ရာသီသစ်မစတင်ခင် ကြားထဲမှာ ၆ပတ်ကြာတဲ့အထိ အေးဆေးအနားယူခွင့်ရနိုင်ပါတယ်။

Photo Credit

ယူနိုက်တက်ကလည်း သူတို့ရဲ့တစ်မြို့တည်းသားပြိုင်ဘက်တွေလို ကြားထဲမှာ အားလပ်ရက်အတော်လေးနည်းပါးလာနိုင်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို သြဂုတ်လ ၂၅ ရက်နေ့မှာ ကျင်းပဖို့ လျာထားပါတယ်။ စီးတီးထက်စာရင် ယူနိုက်တက်က ရက်နည်းနည်းပိုရပေမယ့် သိပ်အကွာကြီးတော့မဟုတ်ပါဘူး။

Photo Credit

နည်းပြဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပ-အကျော့ သြစတြီးယားမြေမှာ အိမ်ရှင် လင့်ဇ်အသင်းကို ဝ-၅ ဂိုးနဲ့အနိုင်ရထားလို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့က သေချာသလောက်ရှိနေပါတယ်။ ဝုဗ်ကလည်း ယူရိုပါလိဂ်မှာ ကစားနေရဆဲဖြစ်ပြီး ဂရိကလပ် အိုလံပီယာကို့စ်နဲ့အဝေးကွင်းမှာ ၁-၁ ဂိုးသရေကစားထားပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္နဲ႔ စီးတီးတု႔ိ ဥေရာပၿပိဳင္ပြဲရဲ႕ေနာက္ဆုံးအဆင့္အထိ ေရာက္ရင္ ရာသီသစ္အတြက္ ျပင္ဆင္မႈ ၂ပတ္သာရဖြယ္ရွိ

စီးတီးဟာ တကယ္လုိ႔ ယခုရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ခဲ့ရင္ ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္ ၁၄ ရက္သာရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလုံးရာသီက ပုံမွန္အတုိင္းမဟုတ္ေတာ့ဘဲ အေျပာင္းအလဲႀကီးႀကီးမားမားျဖစ္ေပၚေနပါတယ္။
လက္ရွိပရီးမီးယားလိဂ္ရာသီကို ဇြန္လလယ္မွာ ျပန္လည္က်င္းပဖို႔ စီစဥ္ေနၿပီး ၂၀၂၀-၂၁ ရာသီသစ္ကို စက္တင္ဘာလ ၁၂ ရက္ေန႔မွာ ျပန္လည္က်င္းပဖြယ္ရွိေနရာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက်င္းပဖို႔ လ်ာထားတဲ့ ၾသဂုတ္လ ၂၉ ရက္ေန႔နဲ႔ဆုိရင္ ၂ပတ္ပဲ ျခားပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြျပန္စရင္ စီးတီးက ပရီးမီးယားလိဂ္ကိုယ္စားျပဳတစ္သင္းတည္းက်န္လာႏုိင္ၿပီး ခ်ဲလ္ဆီးကေတာ့ ဘုိင္ယန္ျမဴးနစ္ကြင္းမွာ ပ-အေက်ာ့ အိမ္ကြင္း ၃ဂိုးျပတ္အ႐ံႈးကို ေခ်ဖ်က္ရမွာျဖစ္ပါတယ္။
နည္းျပဂြါဒီယိုလာရဲဲ႕စီးတီးကေတာ့ ၁၆သင္းအဆင့္ ပ-အေက်ာ့အေ၀းကြင္းပြဲမွာ နာမည္ႀကီး ရီးရဲလ္မက္ဒရစ္ကို ၁-၂ ဂိုးနဲ႔အႏိုင္ရထားလုိ႔ ကြာတားဖုိင္နယ္တက္ေရာက္ႏိုင္ဖို႔ အေျခအေနေကာင္းေနပါတယ္။ စီးတီးရဲ႕ျပည္တြင္းခ်န္ပီယံလုဘက္ လီဗာပူးကေတာ့ ယခုရာသီအကုန္နဲ႔ ရာသီသစ္မစတင္ခင္ ၾကားထဲမွာ ၆ပတ္ၾကာတဲ့အထိ ေအးေဆးအနားယူခြင့္ရႏိုင္ပါတယ္။
ယူႏုိက္တက္ကလည္း သူတို႔ရဲ႕တစ္ၿမိဳ႕တည္းသားၿပိဳင္ဘက္ေတြလို ၾကားထဲမွာ အားလပ္ရက္အေတာ္ေလးနည္းပါးလာႏုိင္ၿပီး ယူရိုပါလိဂ္ဗုိလ္လုပြဲကို ၾသဂုတ္လ ၂၅ ရက္ေန႔မွာ က်င္းပဖို႔ လ်ာထားပါတယ္။ စီးတီးထက္စာရင္ ယူႏုိက္တက္က ရက္နည္းနည္းပိုရေပမယ့္ သိပ္အကြာႀကီးေတာ့မဟုတ္ပါဘူး။
နည္းျပဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ ယူ႐ိုပါလိဂ္ ၁၆သင္းအဆင့္ ပ-အေက်ာ့ ၾသစႀတီးယားေျမမွာ အိမ္ရွင္ လင့္ဇ္အသင္းကို ၀-၅ ဂိုးနဲ႔အႏိုင္ရထားလုိ႔ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖုိ႔က ေသခ်ာသေလာက္ရွိေနပါတယ္။ ၀ုဗ္ကလည္း ယူ႐ိုပါလိဂ္မွာ ကစားေနရဆဲျဖစ္ၿပီး ဂရိကလပ္ အိုလံပီယာကုိ႔စ္နဲ႔အေ၀းကြင္းမွာ ၁-၁ ဂိုးသေရကစားထားပါတယ္။