ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ အလဲအထပ်လုပ်ဖို့ စိတ်မဝင်စားဘူးလို့ ပယန်နစ်နဲ့ ဒီဘားလားလို့ အခိုင်အမာဆို

0
288

Photo Credit

Photo Credit

အီတလီမှာ ထွက်ပေါ်နေတဲ့ သတင်းတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ပယန်နစ်နဲ့ တိုက်စစ်မှူး ပေါ်လိုဒီဘားလားတို့က ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ကစားသမားအလဲအထပ်လုပ်ဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားထားကြောင်း သိရပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေကို စောင့်ကြည့်နေပြီး ဂျူဗင်တပ်စ်က ပြင်သစ်လက်ရွေစင်ကို ပြန်လည်ခေါ်ယူဖို့ ကာလကြာရှည်ကတည်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Photo Credit

ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာလိုတဲ့သူ့ရဲ့ဆန္ဒကို လူသိရှင်ကြားဖွင့်ဟထားပြီး အခုဆိုရင် စာချုပ်သက်တမ်းကုန်ဆုံးဖို့ကလည်း ၁နှစ်ကျော်ပဲ ကျန်ပါတော့တယ်။ ယူနိုက်တက်က ပေါ့ဂ်ဘာကို ရောင်းချဖွယ်ရှိနေပြီး ဂျူဗင်တပ်စ်ရဲ့ချဉ်းကပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကစားသမားအလဲအထပ် လုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Photo Credit

Rai Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ အလဲအထပ်လုပ်ဖို့အတွက် ကစားသမားအများအပြားနဲ့ဆွေးနွေးခဲ့ပြီး ကွင်းလယ်လူ ရာဘီယော့၊ တိုက်စစ်မှူး ဒေါက်ဂလပ်စ်ကော်စတာနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ရမ်ဆေးတို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီမှာ ကစားသမား ၂ဦးကတော့ အလဲအထပ်ပြုလုပ်မယ့်စာရင်းထဲမှာ မပါဝင်ဘဲ ဒီဘားလားနဲ့ ပယန်နစ်တို့က ယူနိုက်တက်ရဲ့ဆက်သွယ်မှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ဒီဘားလားနဲ့ ပယန်နစ်တို့ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်ဆိုရင် ပြီးခဲ့တဲ့နွေရာသီက အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားကို ခေါ်ယူရေး ကြိုးစားမှု အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာကလည်း ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းကနေ ရောက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ တွဲကစားနိုင်ရေးအတွက် အသင်းမှာ ဆက်ရှိဖို့ များနေတယ်လို့လည်း သတင်းတွေက ရေးသားနေပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာနဲ႔ အလဲအထပ္လုပ္ဖို႔ စိတ္မ၀င္စားဘူးလုိ႔ ပယန္နစ္နဲ႔ ဒီဘားလားလုိ႔ အခုိင္အမာဆုိ

အီတလီမွာ ထြက္ေပၚေနတဲ့ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္ကစားသမားေတြျဖစ္တဲ့ ကြင္းလယ္လူ ပယန္နစ္နဲ႔ တုိက္စစ္မွဴး ေပၚလိုဒီဘားလားတို႔က ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာနဲ႔ ကစားသမားအလဲအထပ္လုပ္ဖို႔ စိတ္၀င္စားျခင္းမရွိဘူးလုိ႔ အခုိင္အမာေျပာၾကားထားေၾကာင္း သိရပါတယ္။
ူႏိုက္တက္ဟာ ေပါ့ဂ္ဘာအတြက္ ကမ္းလွမ္းမႈေတြကို ေစာင့္ၾကည့္ေနၿပီး ဂ်ဴဗင္တပ္စ္က ျပင္သစ္လက္ေရြစင္ကို ျပန္လည္ေခၚယူဖုိ႔ ကာလၾကာရွည္ကတည္းက စိတ္၀င္စားေနတာျဖစ္ပါတယ္။
ေပါ့ဂ္ဘာဟာ ယူႏုိက္တက္ကေန ထြက္ခြာလုိတဲ့သူ႕ရဲ႕ဆႏၵကို လူသိရွင္ၾကားဖြင့္ဟထားၿပီး အခုဆုိရင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ကလည္း ၁ႏွစ္ေက်ာ္ပဲ က်န္ပါေတာ့တယ္။ ယူႏိုက္တက္က ေပါ့ဂ္ဘာကို ေရာင္းခ်ဖြယ္ရွိေနၿပီး ဂ်ဴဗင္တပ္စ္ရဲ႕ခ်ဥ္းကပ္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ ကစားသမားအလဲအထပ္ လုပ္ဖို႔ ေတာင္းဆိုခဲ့တယ္လုိ႔ သိရပါတယ္။
Rai Sport ရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ အလဲအထပ္လုပ္ဖို႔အတြက္ ကစားသမားအမ်ားအျပားနဲ႔ေဆြးေႏြးခဲ့ၿပီး ကြင္းလယ္လူ ရာဘီေယာ့၊ တုိက္စစ္မွဴး ေဒါက္ဂလပ္စ္ေကာ္စတာနဲ႔ အာဆင္နယ္ကြင္းလယ္လူေဟာင္း ရမ္ေဆးတို႔ကို စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ အဲဒီမွာ ကစားသမား ၂ဦးကေတာ့ အလဲအထပ္ျပဳလုပ္မယ့္စာရင္းထဲမွာ မပါ၀င္ဘဲ ဒီဘားလားနဲ႔ ပယန္နစ္တို႔က ယူႏုိက္တက္ရဲ႕ဆက္သြယ္မႈကို ျငင္းဆန္ခဲ့တယ္လုိ႔ သိရပါတယ္။
ဒီဘားလားနဲ႔ ပယန္နစ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ၿပီး ယူႏိုက္တက္ဆုိရင္ ၿပီးခဲ့တဲ့ေႏြရာသီက အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားကို ေခၚယူေရး ႀကိဳးစားမႈ အဆင္မေျပျဖစ္ခဲ့ရပါတယ္။ ေပါ့ဂ္ဘာကလည္း ဇန္န၀ါရီလက စပို႔တင္းလစၥဘြန္းကေန ေရာက္လာတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔အတူ တြဲကစားႏိုင္ေရးအတြက္ အသင္းမွာ ဆက္ရွိဖို႔ မ်ားေနတယ္လုိ႔လည္း သတင္းေတြက ေရးသားေနပါတယ္။