ကော်တင်ညိုအတွက် ငှားရမ်းခအဖြစ် ပေါင် ၉သန်းပဲ ယူမယ့် ဘာစီလိုနာ

0
160

Photo Credit

Photo Credit

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်နွေရာသီအတွင်း ကွင်းလယ်လူ ကော်တင်ညိုအတွက် ငှားရမ်းခပေါင် ၉သန်းရရင်ပဲ လက်သင့်ခံဖွယ်ရှိနေကြောင်း သိရပါတယ်။ လီဗာပူးကြယ်ပွင့်ဟောင်း ကော်တင်ညိုဟာ နူးကမ့်အခြေစိုက်အသင်းမှာ ရုန်းကန်နေရပြီးနောက် လာမယ့်နွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။

Photo Credit

အသက် ၂၇ နှစ်အရွယ်ရှိ ကော်တင်ညိုဟာ ယခုရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းသားအဖြစ် အငှားကစားနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်က ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ထက် အခြေအနေပိုကောင်းနေတယ်လို့ သိရပါတယ်။ Mundo Deportivo ရဲ့ဖော်ပြချက်အရ ကော်တင်ညိုအတွက် ဘာစီလိုနာအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၁သန်းပေးချေမယ့်အသင်းမရှိနိုင်တာကြောင့် နူးကမ့်အခြေစိုက်အသင်းလည်း ကော်တင်ညိုကို နောက်ထပ်တစ်ကြိမ် အငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo Credit

ကော်တင်ညိုဟာ ၂၀၁၈ ဇန်နဝါရီက ဘောလုံးသမိုင်းတစ်လျှောက် တတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် လီဗာပူးကနေ ဘာစီလိုနာကို ပေါင် ၁၄၂သန်းနဲ့ ရောက်လာခဲ့ပေမယ့် ယမန်နှစ်ရာသီက ဘာစီလိုနာအတွက် ၃၄ပွဲမှာ ၅ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်ကို တစ်ရာသီအငှားနဲ့ ရောက်လာခဲ့ပေမယ့် မြူးနစ်အခြေစိုက်အသင်းက သူ့ကို ပေါင် ၁၀၇သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကို မရယူခဲ့ပါဘူး။

Photo Credit

ဘာစီလိုနာဟာ ကော်တင်ညိုအတွက် သူတို့ပေးချေခဲ့ရတဲ့ ပေါင် ၁၄၂ သန်းထဲကနေ အနည်းဆုံး တစ်ဝက်လောက် ပြန်လိုချင်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းတိုင်းက ဘဏ္ဍာရေးအကျပ်ရိုက်နေရာ ဘာစီလိုနာအသင်းက ကော်တင်ညိုအတွက် ငှားရမ်းခ ပေါင် ၈.၉၇ သန်းရရင်ပဲ တစ်ရာသီအငှားနဲ့ လက်လွှတ်ခံဖွယ်ရှိနေပါတယ်။

Photo Credit

Zawgyi

ေကာ္တင္ညိဳအတြက္ ငွားရမ္းခအျဖစ္ ေပါင္ ၉သန္းပဲ ယူမယ့္ ဘာစီလုိနာ

ဘာစီလုိနာအသင္းအေနနဲ႔ လာမယ့္ေႏြရာသီအတြင္း ကြင္းလယ္လူ ေကာ္တင္ညိဳအတြက္ ငွားရမ္းခေပါင္ ၉သန္းရရင္ပဲ လက္သင့္ခံဖြယ္ရွိေနေၾကာင္း သိရပါတယ္။ လီဗာပူးၾကယ္ပြင့္ေဟာင္း ေကာ္တင္ညိဳဟာ ႏူးကမ့္အေျခစုိက္အသင္းမွာ ႐ုန္းကန္ေနရၿပီးေနာက္ လာမယ့္ေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ရွိ ေကာ္တင္ညိဳဟာ ယခုရာသီမွာ ဘုိင္ယန္ျမဴးနစ္အသင္းသားအျဖစ္ အငွားကစားေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႕ကို ေခၚယူဖို႔ အာဆင္နယ္က ယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ထက္ အေျခအေနပိုေကာင္းေနတယ္လုိ႔ သိရပါတယ္။ Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရ ေကာ္တင္ညိဳအတြက္ ဘာစီလုိနာအသင္း သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၁သန္းေပးေခ်မယ့္အသင္းမရွိႏိုင္တာေၾကာင့္ ႏူးကမ့္အေျခစုိက္အသင္းလည္း ေကာ္တင္ညိဳကို ေနာက္ထပ္တစ္ႀကိမ္ အငွားနဲ႔ ထြက္ခြာခြင့္ျပဳဖုိ႔ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။
ေကာ္တင္ညိဳဟာ ၂၀၁၈ ဇန္န၀ါရီက ေဘာလုံးသမုိင္းတစ္ေလွ်ာက္ တတိယေျမာက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ လီဗာပူးကေန ဘာစီလုိနာကို ေပါင္ ၁၄၂သန္းနဲ႔ ေရာက္လာခဲ့ေပမယ့္ ယမန္ႏွစ္ရာသီက ဘာစီလုိနာအတြက္ ၃၄ပဲြမွာ ၅ဂိုးပဲ သြင္းယူႏုိင္ခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘုိင္ယန္ျမဴးနစ္ကို တစ္ရာသီအငွားနဲ႔ ေရာက္လာခဲ့ေပမယ့္ ျမဴးနစ္အေျခစိုက္အသင္းက သူ႕ကို ေပါင္ ၁၀၇သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ကို မရယူခဲ့ပါဘူး။
ဘာစီလုိနာဟာ ေကာ္တင္ညိဳအတြက္ သူတုိ႔ေပးေခ်ခဲ့ရတဲ့ ေပါင္ ၁၄၂ သန္းထဲကေန အနည္းဆုံး တစ္၀က္ေလာက္ ျပန္လုိခ်င္ေနေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အသင္းတိုင္းက ဘ႑ာေရးအက်ပ္႐ိုက္ေနရာ ဘာစီလုိနာအသင္းက ေကာ္တင္ညိဳအတြက္ ငွားရမ္းခ ေပါင္ ၈.၉၇ သန္းရရင္ပဲ တစ္ရာသီအငွားနဲ႔ လက္လႊတ္ခံဖြယ္ရွိေနပါတယ္။