ဟာလန်းကို သရော်ဖို့ နေမာက ကြိုတင်စီစဉ်ခဲ့တာလို့ ပီအက်စ်ဂျီအသင်းဖော်မာကွင်ဟို့စ်ဖွင့်ဟ

0
305

photo-social media

photo-sport bible

နေမာဟာ ဒေ့ါမန်နဲ့ချန်ပီယံလိဂ်ဒုတိယအကျော့မတိုင်ခင်ကတည်းက ပြိုင်ဘက်တိုက်စစ်မှုးဟာလန်းကို သရော်ဖို့ ကြိုတင်စီစဉ်ခဲ့တာဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းဖော်မာကွင်ဟို့စ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒေါ့မန်က ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပထမအကျော့မှာကတည်းက ၂ ဂိုးသွင်းခဲ့တဲ့ဟာလန်းဟာ တရားထိုင်တဲ့ပုံစံနဲ့အောင်ပွဲခံမှုပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒါဟာ သူမကြာခဏပြုလုပ်လေ့ရှိတဲ့ အောင်ပွဲခံပုံစံလည်း ဖြစ်ပါတယ်။

photo-the sun

ဒါပေမဲ့ ပဲရစ်ဟာ သူ့မြို့ပါဆိုတဲ့ ဟာလန်းရဲ့ဓာတ်ပုံတစ်ပုံ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာပြီးနောက် နေမာဟာ ပဲရစ်က ဒုတိယအကျော့မှာ လက်စားချေဖို့ စီစဉ်ခဲ့ပါတယ်။ တကယ်လည်း အဲဒီပွဲမှာ သူဂိုးသွင်းနိုင်ခဲ့ပြီးနောက် နေမာဟာ ကင်မရာရှေ့သွားပြီး ဟာလန်းလိုပုံစံအောင်ပွဲခံခဲ့ပါတယ်။ ပွဲအပြီးနှစ်ကျော့ပေါင်းရလဒ်နဲ့ ဒေါ့မန်ကို အနိုင်ရပြီးနောက်မှာလည်း ကွင်းထဲပရိသတ်မရှိပေမယ့် အဲဒီပြင်သစ်ချန်ပီယံဟာ အလွန်အကျူးအောင်ပွဲခံခဲ့ပြီး ဟာလန်းလိုအောင်ပွဲခံမှုကို အသင်းလိုက်ပြုလုပ်တော့ နေမာကပဲ ဦးဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဘရာဇီးကြယ်ပွင့်ဟာ ပွဲပြီးတော့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ “ပဲရစ်ဟာ ငါတို့မြို့ မင်းရဲ့မြို့မဟုတ်ဘူး”ဆိုတဲ့ စာသားနဲ့ ပုံတင်ကာ ဟာလန်းကို ထပ်မံသရော်ခဲ့ပြန်ပါတယ်။

photo-psgtalk

”နေမာက အဲဒါမျိုးကိုကြိုက်ပါတယ်။ သူဟာ ရန်စလာမှုတွေကို အမြဲတမ်းတုံ့ပြန်တတ်ပြီး ကြောက်ရွံ့မှုမရှိပါဘူး။ သူဂိုးသွင်းပြီးနောက် ကျွန်တော်က မင်းအားလုံးစီစဉ်ပြီးသွားပြီလား ပွဲပြီးတဲ့အထိ စောင့်ဦးလို့ပြောခဲ့ပေမယ့် သူကတော့ ထားလိုက်တော့၊ မတားနဲ့တော့လို့ ကျွန်တော်ကို ပြန်ပြောခဲ့ပါတယ်”လို့ မာကွင်ဟို့စ်က အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။ ဟာလန်းကို ပွဲအပြီး အသင်းလိုက်သရော်မှုနဲ့ပတ်သက်လို့ ယူအီးအက်ဖ်အေက အားကစားသမားမပီသတဲ့ အပြုအမူအဖြစ် ပီအက်စ်ဂျီကို သတိပေးစာထုတ်ခဲ့ပေမယ့် ဒဏ်ငွေချမှတ်ခြင်းတော့ မရှိခဲ့ပါဘူး။

[Zawgyi]

ဟာလန္းကို သေရာ္ဖို႔ ေနမာက ႀကိဳတင္စီစဥ္ခဲ့တာလို႔ ပီအက္စ္ဂ်ီအသင္းေဖာ္မာကြင္ဟို႔စ္ဖြင့္ဟ

ေနမာဟာ ေဒ့ါမန္နဲ႔ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့မတိုင္ခင္ကတည္းက ၿပိဳင္ဘက္တိုက္စစ္မႈးဟာလန္းကို သေရာ္ဖုိ႔ ႀကိဳတင္စီစဥ္ခဲ့တာျဖစ္ေၾကာင္း ပီအက္စ္ဂ်ီအသင္းေဖာ္မာကြင္ဟို႔စ္က ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ ေဒါ့မန္က ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပထမအေက်ာ့မွာကတည္းက ၂ ဂိုးသြင္းခဲ့တဲ့ဟာလန္းဟာ တရားထုိင္တဲ့ပုံစံနဲ႔ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒါဟာ သူမၾကာခဏျပဳလုပ္ေလ့ရွိတဲ့ ေအာင္ပြဲခံပုံစံလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ပဲရစ္ဟာ သူ႔ၿမိဳ႕ပါဆိုတဲ့ ဟာလန္းရဲ႕ဓာတ္ပုံတစ္ပုံ ဆိုရွယ္မီဒီယာမွာ ထြက္ေပၚလာၿပီးေနာက္ ေနမာဟာ ပဲရစ္က ဒုတိယအေက်ာ့မွာ လက္စားေခ်ဖုိ႔ စီစဥ္ခဲ့ပါတယ္။ တကယ္လည္း အဲဒီပြဲမွာ သူဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ ေနမာဟာ ကင္မရာေရွ႕သြားၿပီး ဟာလန္းလုိပုံစံေအာင္ပြဲခံခဲ့ပါတယ္။ ပြဲအၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္နဲ႔ ေဒါ့မန္ကို အႏိုင္ရၿပီးေနာက္မွာလည္း ကြင္းထဲပရိသတ္မရွိေပမယ့္ အဲဒီျပင္သစ္ခ်န္ပီယံဟာ အလြန္အက်ဴးေအာင္ပြဲခံခဲ့ၿပီး ဟာလန္းလုိေအာင္ပြဲခံမႈကို အသင္းလုိက္ျပဳလုပ္ေတာ့ ေနမာကပဲ ဦးေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီဘရာဇီးၾကယ္ပြင့္ဟာ ပြဲၿပီးေတာ့ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ “ပဲရစ္ဟာ ငါတို႔ၿမိဳ႕ မင္းရဲ႕ၿမိဳ႕မဟုတ္ဘူး”ဆိုတဲ့ စာသားနဲ႔ ပုံတင္ကာ ဟာလန္းကို ထပ္မံသေရာ္ခဲ့ျပန္ပါတယ္။

”ေနမာက အဲဒါမ်ိဳးကိုႀကိဳက္ပါတယ္။ သူဟာ ရန္စလာမႈေတြကို အၿမဲတမ္းတု႔ံျပန္တတ္ၿပီး ေၾကာက္ရြံ႕မႈမရွိပါဘူး။ သူဂိုးသြင္းၿပီးေနာက္ ကၽြန္ေတာ္က မင္းအားလုံးစီစဥ္ၿပီးသြားၿပီလား ပြဲၿပီးတဲ့အထိ ေစာင့္ဦးလို႔ေျပာခဲ့ေပမယ့္ သူကေတာ့ ထားလုိက္ေတာ့၊ မတားနဲ႔ေတာ့လုိ႔ ကၽြန္ေတာ္ကို ျပန္ေျပာခဲ့ပါတယ္”လို႔ မာကြင္ဟို႔စ္က အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့တာပါ။ ဟာလန္းကို ပြဲအၿပီး အသင္းလိုက္သေရာ္မႈနဲ႔ပတ္သက္လုိ႔ ယူအီးအက္ဖ္ေအက အားကစားသမားမပီသတဲ့ အျပဳအမူအျဖစ္ ပီအက္စ္ဂ်ီကို သတိေပးစာထုတ္ခဲ့ေပမယ့္ ဒဏ္ေငြခ်မွတ္ျခင္းေတာ့ မရွိခဲ့ပါဘူး။